ဒီလိုမိန်းခလေးကို အနာဂတ် ဇနီးလောင်းအဖြစ် ရွေးပါ..
ယခုခေတ်မှာ လူတွေက ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ လက်တွဲဖော်တွေ ရှာနေကြပါတယ်။ ဒီလိုချစ်သူ မိန်းကလေးမျိုးကို ပိုင်ဆိုင် ထားရင်တော့ အမြန်ဆုံးသာ လက်ထပ်လိုက်ပါတော့လို့ အကြံပေးပါရစေ။
1) မင်းအပေါ်မှာ ယုံကြည်မှု ရှိရင် ။
ယုံကြည်မှု ဆိုတဲ့ အရာဟာ အလွယ်တကူနဲ့ ပျက်စီးလွယ်တတ်ပါတယ်။ ယုံကြည်မှု ဆိုတဲ့ အရာက လှပတဲ့ အရာတစ်ခုဖြစ်ပြီး ချစ်သူနှစ်ဦးကြားမှာ အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ မင်း ချစ်သူရဲ့ ယုံကြည်မှုကို ရရှိထားရင်တော့ မင်းဟာ ကံကောင်းလှတဲ့သူ တစ်ယောက်ပါ။
2) သူမက မင်းကို ယုံကြည်အားကိုးရင် ။
အချစ် ဆိုတဲ့ အရာက လူတွေကိုတောင် ရူးသွပ်စေ တတ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အချစ်ကို ရရှိထားတာဟာ အလွန်ကို ကောင်းမွန်တဲ့ အရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မင်းက မင်းကို ချစ်နေတဲ့ ချစ်သူ ရထားရင် ကံကောင်းနေပြီ လို့ ထင်ပါလိမ့်မယ်။
အချစ် ဆိုတာဟာ အစွန်းနှစ်ဖက်ကို ရောက်တတ်ပါတယ်။ ဒါကြောင့် မင်းရဲ့ ဘဝလက်တွဲဖော်ကို အချစ် တစ်ခုတည်းနဲ့ ဆုံးဖြတ်ပြီး မရွေးချယ်လိုက်ပါနဲ့။ သူမက မင်းကို ယုံကြည် အားကိုးပြီး မင်းရဲ့ အရည်အချင်းတွေကို ယုံကြည်ပြီး အမြဲ စိတ်ဓာတ်ခွန်အား ပေးတတ်တဲ့ ကောင်မလေးမျိုး ရထားရင်တော့ လက်မလွှတ်ပါနဲ့တော့။
3) မင်းရဲ့ ကိုယ်ပိုင် အချိန်တွေကို တန်ဖိုးထားပေးရင် ။
ကောင်မလေးတွေ တော်တော်များများက သူတို့ ချစ်သူတွေကို အမြဲတမ်း သူတို့နဲ့ပဲ အချိန်ဖြုန်း စေချင်ကြပါတယ်။ လူတွေမှာလည်း သူတို့အတွက် ကိုယ်ပိုင် အချိန်တွေ လိုအပ်ပါတယ်။
4) သူမက မင်းရဲ့ ဒေါသကို ဖြေလျော့ပေးနိုင်ရင် ။
လူတိုင်း ဒေါသထွက် တတ်ပါတယ်။ ကျွန်တော်တို့ အားလုံးမှာ သည်းခံနိုင်စွမ်းတွေ မတူညီကြပါဘူး။ မင်းရဲ့ ချစ်သူက မင်းရဲ့ ဒေါသကို ဘယ်လို ထိန်းချုပ်ပေး ဖြေလျော့ပေးနိုင်လဲ ဆိုတာလဲ အရေးပါတဲ့ အရာတစ်ခုပါ။ မင်းရဲ့ ချစ်သူလေးက စိတ်အနှောင့်အယှက် မပေးဘဲ မင်းဒေါသကို ဖြေလျော့ပေးနိုင်ရင် သူမက မင်းအတွက် သင့်တော်တဲ့သူ တစ်ယောက်ပါပဲ။
5) သူမက မင်းရဲ့ မိသားစုကို လေးစား တန်ဖိုးထားရင် ။
မင်းရဲ့ မိသားစုနဲ့ မင်းရဲ့ ချစ်သူကို အတူတူ ညစာစားတာမျိုး တွေ့ဆုံပေးတာ ကောင်းပါတယ်။ မင်းရဲ့ ချစ်သူဟာ မင်းမိသားစုနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ပြီး လေးစား တန်ဖိုးထားတယ် ဆိုရင် သူမက မင်းအတွက် သင့်တော်တဲ့သူ တစ်ယောက်ပါ။
6) မင်းရဲ့ ဝါသနာတွေကို မျှဝေ ခံစားပေးနိုင်ရင် ။
မင်း ကြိုက်နှစ်သက်တဲ့ သီချင်းတွေ နားထောင်ရတာ ဇာတ်လမ်းတွေ ကြည့်ရတာ အလွန်ပဲ ကောင်းပြီး စိတ်အပန်း ပြေစေပါတယ်။ ( ကိုယ်ဝါသနာပါတဲ့ အားကစားပွဲတွေ ကြည့်ရတာ ဥပမာ ဘောလုံးပွဲ စသည်ဖြင့်) ဒါတွေကို မင်းရဲ့ ချစ်သူနဲ့ အတူ လုပ်ရရင်တော့ ပိုပြီး ကောင်းတာပေါ့ဗျာ။
7) မင်းရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အထောက်အပံ့ ပေးနေရင် ။
ကျွန်တော်တို့ ဘဝမှာ အောင်မြင်ဖို့အတွက် ကိုယ်တိုင်တင် သာမက တစ်ခြား သူတွေရဲ့ အကူအညီ အထောက်အပံ့တွေ လိုအပ်ပါတယ်။ စိတ်ဓာတ် ခွန်အားတွေ ပေးနိုင်တဲ့ ချစ်သူမျိုး ရထားရင်တော့ မင်း ကံကောင်းပါတယ်။ တကယ်လို့ မင်းရဲ့ ချစ်သူ ကောင်မလေးက မင်းရဲ့ အောင်မြင်မှုအတွက် အမြဲ လိုလားပြီး အကူအညီ အထောက်အပံ့ ပေးနိုင်တယ် ဆိုရင် လက်မလွှတ် လိုက်ပါနဲ့တော့။
Credit Christine

Post a Comment