Header Ads

အမှတ်မရှိသူ..


လောကကြီးက ဆန်းကျယ်လွန်းပါတယ် ။ မာယာလည်း များတယ် ။ ကိုယ် ထင်ထားသလိုမျိုး မဖြစ်နိုင်ဘူး ။ ကိုယ် ရချင်သလောက် မပေးဘူး ။ ဒါဟာ လောကကြီးရဲ့ နိယာမ ဆိုတဲ့ သဘာဝတရား ဆိုတာ လက်ခံနိုင် ခဲ့ပါပီ  ။

ဘာကြောင့်လဲ ။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကောင်းအောင် ဆက်ဆံပေး ခဲ့ပါတယ် ။ ဒါပေမဲ့လည်း ကိုယ့်အပေါ် ပြန်မကောင်းတဲ့ သူက ခပ်များများ ။ ကိုယ့်ဘက်က ရိုးသား ဖြူစင်ခဲ့ သလောက် ကိုယ့်အပေါ်ကျ အသုံးချ ကောက်ကျစ်ချင်တဲ့ သူတွေက ခပ်များများ ။

ကိုယ်ကတော့ သူတို့ လိုအပ်တဲ့ အချိန်တိုင်း တတ်နိုင်သလောက် ကူညီပေး ခဲ့တယ် ။ ကိုယ့် အလှည့်ကျတော့ မျက်နှာလွှဲ သွားသူက ခပ်များများ ။ ကိုယ့်မှာတော့ စေတနာ မေတ္တာအမှန်တွေ ပေးပြီး ဖေးကူပေး ခဲ့တယ် ။ အချိန်တန်တော့ ကိုယ့်ကို တက်နင်း သွားတဲ့သူက ခပ်များများ ။

ကိုယ်ကတော့ ထားလိုက်ရတဲ့ သံယောဇဉ် အရူးကြီး ကြလို့ အချိန်တန်တော့လည်း ကိုယ့်ထက် သာတဲ့ သူကို ရွေးချယ် သွားကြ တာပဲ ။ ကြိုက်သလို တုန့် ပြန်ကြပါ ။ စိတ်ရှိသလို ဆက်ဆံကြ ။ ဘယ်သူ့ကိုမှ အပြစ် မတင်ဖူး သလို အပြစ်လည်း မမြင်တော့ဘူး ။

အားနာ စိတ်ကြောင့် တခါတခါ ပြန်အစော်ကား ခံရတယ် ။

စာနာစိတ်ကြောင့် တခါ တခါ ကိုယ့်ကိုယ်ကို နောင်တတွေလည်း ရခဲ့ဖူးတယ် ။

သနားစိတ်က တခါတခါ ကိုယ့်အပေါ် ဝန်ထုတ်ဝန်ပိုးတွေဖြစ်စေခဲ့တယ် ။

လိုက်လျောတတ်တဲ့ စိတ်ကြောင့် ကိုယ့်ဒုက္ခကိုယ် ရှာမိသလိုလည်း ကြုံးဖူးခဲ့ ပါတယ် ။

ပြန်တွေးကြည့်လိုက်ပါ ။ ဘယ်သူမပြု မိမိမှု တွေ ချည်းဘဲ ။  ဘယ်သူ့ကို အပြစ် သွားတင်နေ ဦးမှာလဲ ။ ဘယ်သူ့ကို ရန်သွားရှာ သင့်လဲ ။ ကိုယ်ပြုသမျှ ကံအကြောင်းတရားတွေ ဖြစ်နေတယ်လေ ။ လူတွေ ပြောသလိုပေါ့ ... လက်ခုပ်ဆိုတာ နှစ်ဖက် တီးမှ မြည်တာ ။

ဘယ်လို ပြဿနာ တွေ ဘယ်လို အခက် အခဲ ဒုက္ခ ဖြစ်ဖြစ် ကိုယ့်ပယောဂ မပါရင်တောင် ကိုယ်က သွားပတ်သက် မိလို့ လာငြိတာပဲ ။ ဘယ်သူ့ကို အပြစ် တင်သင့်လဲ ။ ကိုယ်သာလျှင် အပြစ်ရှိသူလို့ ခံယူလိုက် ပါတယ် ။

ခြောက်ပြစ်ကင်း သဲလဲစင် နေတဲ့သူ ဘယ်မှာ ရှိလဲ ။ အနည်းနဲ့ အများပဲ ကွာခြားကြတာပါ ။ ဒါကြောင့် အခက်ခဲ ဒုက္ခတွေ ကြုံလာတိုင်း ကိုယ့်ကိုယ်ကို ဘယ်တော့မှ အပြစ် မတင်တော့ဘူး ။ နောင်တလည်း မရတော့ဘူး ။ အပြုံးမပျက် မေတ္တာရဲ့ အလွန် ဥပက္ခာစီ ရောက်အောင် သွားခဲ့ပါတယ် ။

လူတွေရဲ့ အမြင်မှာ စိတ်နာအောင် လုပ်ထားသူကို စကားပြန်ပြောလို့ ၊ ကောက်ကျစ်တဲ့ သူကို ပြန်ဆက်ဆံ ပေါင်းသင်းလို့ ဆိုပြီး ဒီလို လူတွေကို စိတ်မနာတတ်တဲ့သူ လို့ မြင်လိမ့်မယ် ။ နောင်တ မရှိသူလို့ ထင်ကြလိမ့်မယ်။

မှားပါတယ် သူတို့လည်း စိတ်နာတတ်တယ် နောင်တလည်း ရတတ် ပါတယ် ။ တကယ်တော့ အမှတ်သည်းခြေ မရှိတဲ့ သူတွေ မို့ပါ ။

MayNoe

No comments

Powered by Blogger.