ကိုယ့်ကို မလိုအပ်တဲ့သူဟာ ကိုယ့်အတွက်လည်း အသုံးမဝင်ပါ
ကိုယ့်ကို မလိုအပ် တော့လို့ လက်တွဲ ဖြုတ်ချခဲ့သူ အတွက် ဘာလို့ မျက်ရည် ကျနေမှာလဲ ။
မင်းရဲ့ မျက်ရည် ဆိုတာ သစ္စာ မရှိသူတွေ အတွက် ထိုက်တန် လို့လား ။
ကိုယ်နဲ့ မတော်တဲ့ ဖိနပ်စုပ် တရံ ကမှ ကိုယ့်ခြေ ဖဝါး ဆူး မစူးအောင် ကာကွယ်ပေးနိုင် သေးတယ် ။
ကိုယ် ယုံကြည်ပေးခဲ့တဲ့ သူက ရက်ရက် စက်စက် ပြစ်ခွာ သွားတာ လွမ်းပေးနေဦးမယ် ဆိုရင် မင်းကိုယ်မင်း မေးလိုက်ပါ ။ သူ့ ငါအတွက် ဖိနပ်တရံ စာမျှ ကာကွယ်ပေး ဖူးလား ၊ နားလည် ပေးဖူးလား ။
ကိုယ့်ကို မလိုအပ်တော့လို့ အမှိုက်လို စွန့်ပစ်သွားသူကို နေရာတွေ ပေးမိနေရအောင် ကိုယ်က အပေါ စားလား ၊ တန်ဖိုးမဲ့ ပစ္စည်း တခုလား ။
လိုချင်တာ ယူဖို့ ရစ်ဝဲတဲ့ ပျားပိတုန်း ကို ဝတ်ရည်ချိုချို ချတိုက် ရလောက်အောင် ဘယ်ပန်း ကမှ ဈေးမပေါဘူး ။
အချစ် ဆိုတာ လုပ်ယူလို့ မရသလို ဖျက်ဆီးလို့ မရဘူးတဲ့ ။ ချစ်ပါတယ် ဆိုပြီး အသစ်ရှာသူကို လွမ်းနေသင့် သလား ။ ကိုယ့်ကိုယ်ကို မေးပါ ။
သစ္စာမဲ့သူ အယောက် တရာ ထွက်သွားပါစေ ။ ဝမ်းမနည်းမိ စေနဲ့ ။ ကိုယ့်အပေါ် ပုခုံးငှါးပေးမယ့်သူ တဝက် အကြောင်းကြောင်းကြောင့် ထွက်သွားရင်သာ ဝမ်းနည်း လိုက်ပါ ။
မျက်ရည် ဆိုတာ သံယောဇဉ်တွေ ပါနေတတ် တာမို့ ကိုယ့်အပေါ်အမှိုက်လို ဆက်ဆံသူတွေ အတွက် မျက်ရည်ကျတာ ကိုယ်တန်ဖိုး မဲ့ကြောင်း ဖော်ပြတာပဲလေ ။
ကျန်နေခဲ့ပြီလား ပြုံးလိုက်တော့ ။
ကိုယ်အပေါ် မကောင်းတဲ့လူ တရာ ထွက်သွားတာ ကိုယ်အပေါ် နားလည်မယ့်သူ တယောက်လာဖို့ တံတားခင်း ပေးလိုက်သလို မို့ မလိုအပ်သူတွေကို မေ့လိုက်တော့ ။
ဘဝမှာ အချစ်က အများကြီး အရေးပါတယ် ။ အချစ် ဆိုတာ ဘဝ မဟုတ်ဘူး ဆိုပေမဲ့ ဘဝက အချစ်ရှိမှ ပြည့်စုံတယ် ။
သွေးသား မဟုတ်ဘူး နှလုံးသား ။
ကိုယ့်ကိုယ်ကို ချစ်ပါ ။ မိဘကို ချစ်ပါ ။ သဘာဝရဲ့ အလှအပကို ချစ်ပါ ။
ချစ်တတ်တဲ့ နှလုံးသားဟာ လိမ်ညာခြင်းများစွာ ခံရလိမ့်မယ် မပူပါနဲ့ ။
နာကျင်လည်း ခဏပါ ။ တချိန် လမ်းကြုံ ရင်တောင် ယုတ်မာခဲ့သူတွေ ခေါင်းငုံပေးမှာပါ ။
အနိုင်မယူပါနဲ့ ။ မေတ္တာ ထားပါ ကိုယ့်ရဲ့ ဖြူစင်မှုကြောင့် အမှားကျုးလွန်သူ အားလုံး ရှက်သွား လိမ့်မယ် ။
ခဏ ကြိမ်ဖန်များစွာ နာကျင်ပါ ။ ဒါဟာ လှေကားထစ် တွေပါ ။
ကိုယ်ချင်းစာစိတ် နဲ့ လူပီသမှု ဆိုတာ ငွေကြေး စည်းစိမ်ဥစ္စာ ရှိရုံနဲ့ မရဘူး ။ ချစ်တတ်တဲ့ နှလုံးသား ရှိသူတွေမှာပဲ ရှိတယ် ။
ခု နာကျင်နေသေးလား ။ အကြိမ်ကြိမ် တွန်းလှန်ပါ ။ မေ့ဖို့ မကြိုးစားနဲ့ ။ အလိုလို ပျောက်ကွယ်သွား မှာပါ ။
နာကျင်စေသော အရာကို ဖန်တီးပေးသူတွေ မင်းရှေ့မှာ ခေါင်းငုံနေ ပါလိမ့်မယ် ။
မင်း ကရုဏာ တွေ ပြန်ပေး လိုက်ပါ ။ အမွန်မြတ်ဆုံး လူသားတွေဟာ ပေးဆပ်ခြင်းမှာ ပျော်မွှေ့ သွားကြတယ် ။
စာဖတ်သူ အားလုံး ကျေးဇူးပါ။
Kurneair Ziom (Kz)
Post a Comment