ချစ်သူကို အနိုင်ကျင့် ဆဲဆို အော်ငေါက်နေသူများ ဖတ်ပါ
" Omm ဘာမှ မကြည့်ပါဘူးကွာ "
" ကဲ လိမ်ပြန်ပီ
ပြ Messenger သုံးနေတာကိုး "
" ဟာ မင်း ကိုယ်ဘာသာ ထမင်းကုန်အောင် စားပါ
စကားမများနဲ့ နောက်မှ ကြည့် "
" ဟာ အခု ကြည့်ချင်တာကိုး မရဘူးကွာ ခုပြ "
" ဘာဖြစ်နေတာလဲ
စောက်ပြသနာ တက်ချင်နေတာလား ထမင်း အေးဆေး စားစမ်းပါ "
" တော်ပီ ချစ် မစားချင်တော့ဘူး ကျောင်း ခန်းထဲ ဝင်ကြရအောင်
ချစ် အရင် ပြန်ပီ "
" ဟဲ့ ထိုင် ခု ချက်ချင်း ပြန်ထိုင် လို့ ပြောနေတယ် "
အော်လိုက်တဲ့ ကိုကို့ အသံကြောင့်
ကန်တင်း က ထမင်း စားနေတဲ့ လူတိုင်း ကျမတို့ကို ဝိုင်းကြည့် နေကြတယ်
မိန်းခလေး ဆိုတော့ ထပ်ပီး စကားများရင် ကျမ ထပ် အရှက်ကွဲတော့မှာ သိနေလို့ လျော်ပေးလိုက်ရပြန်တယ် ။
ကျမ ကိုကို့ ကို သိပ်ချစ်တယ် ။
ဒါပေမယ့် ကိုကိုက သိပ်အတ္တ ဆန်တယ် ။ သူ့ဒေါသ ကို ဘယ်တော့မှ မထိန်းခဲ့ ပါဘူး ။
----------------------------------
" ကိုကို ရယ် ချစ်တောင်းပန်ပါတယ် လူကြား သူကြားထဲမှာ မအော်ပါနဲ့နော် ချစ်ရှက်လို့ပါ "
" အင်းပါ ချစ်ရယ် ကိုကိုက အရမ်းဒေါသ ထွက်သွားလို့ပါ "
" ကတိပေး ပါနော် နောက်ဆို ဒေါသကို ထိန်းပါ ချစ်ကို ထက်ပီး မအော်ပါနဲ့နော် "
" ဟုတ် ကတိပေးပါတယ်ဗျ "
---------------------------------
ကျောင်းခန်းထဲ တွင်
" ကိုကို ဘာဖြစ်လို ဆဲနေတာလဲ ဒါကျောင်းခန်းထဲ မှာလေ "
" အေး ငါဘာသာ အဲကောင်ကို မကျေနပ်လို ဆဲနေတာ
အဲကောင်က ငါ့ကို အသပ်လွတ်ကြီး ရန်စနေတာ လေ "
" ကိုကိုရယ် သည်းခံလိုက်ပါနော် ခနနေ...ဆရာမ..ဝင်လာတော့မှာလေ....မဆဲပါနဲ့တော့...ရန်မဖစ်ပါနဲ့တော့နော်"
" ဟာ မင်းကအသားလွတ်ကြီး အဲကောင်ဘက်က နာနေရအောင် အဲကောင်က နင့်လင် မို့လို့လား
ငါလေ နင် ချစ်သူက "
" ရှင် ကိုကို ဘယ်လိုပြောလိုက်တာလဲ ကိုကိုရယ် "
" အေး ဒါဆို မင်းနေရာ မင်းပြန်ထိုင်နေ ငါကိစ္စမင်းဝင်မပါနဲ့ "
ပတ်ဝန်းကျင်က ကြည့်နေကြပီ သူငယ်ချင်း အချင်းချင်းလည်း ပြောနေကြတယ်
" အလကားပါ တွေ့လား မသိရင် သူတို့အတွဲက သိပ်ချစ်သလိုလို ဘာလိုလို နဲ့ ကောင်လေးက အရမ်းနိုင်တာ မတွေ့ဘူးလား "
ဆိုတဲ့ တိုးတိုး တိုးတိုး ပြောနေကြတ့အသံတွေ ကျမ ခံနိင်ရည် မရှိတော့ဘူး
--------------------------------
" ကိုကို တောင်းပန်ပါတယ် ချစ်ရယ်
မနေ့က ဟိုအကောင်ကို ဒေါသထွက်နေလို့ ချစ်ကို ပြောမိတာ ပါ
ကိုကို ဒီတခါ တကယ် ကတိပေးပါတယ် နောင်ဆို မအော်တော့ ပါဘူးကွာ "
" ကိုကို ဒီတခါ တကယ် ကတိပေးတာပါနော် မညာပါနဲ့ "
" တကယ်ပါ တကယ် ကတိပေးပါတယ် "
တခါတလေ ကျ မိန်းကလေးတွေက သိပ်တုံး ကြတယ် ။
ကတိတွေကို အယုံလွယ်ကြတယ် ။ ချစ်တာကိုး ။
ဘယ်နှစ်ခါ ဖြစ်ဖြစ် အမှတ် မထားတတ် ကြဘူး ။
သူချော့လိုက်တော့လည်း သူရင်ခွင်ထဲ ခေါင်းလေးမှီပီး စိတ်ကောက်ပြေ သွား ပြန်တယ် ။
နောက် မလုပ်တော့ပါဘူး ဆိုတဲ့ ကတိကို ထပ်ပီး ယုံပြန်တယ် ။
သိပ်ချစ်တာကိုး .....
------------------------
" ဟယ် ကြယ်စင် ဘာလို ငိုနေတာလဲ "
" ငါ့ ငါ့... ရှက်တယ်ဟာ "
" ဘာလို့လဲ ပြောပါဦးဟယ် "
" ဒီနေ့ ညနေ ကျူရှင်မှာ ဟာ
ဆရာမ ရောတခြား ကျောင်းသူ ကျောင်းသား တွေရှေ့မှာ သူ သူငါ့ကို ဆဲတယ်ဟ "
" ဟယ် "
" ဘာမှ မဟုတ်တဲ့ ကိစ္စလေးပါ ဟာ
ငါက ဖောက်ပြန်လို့ သူကငါ့ကို လူရှေ့ သူရှေ့ ဆဲတယ်ဆို ငါ ခံသာ ပါသေးတယ်
ခုဟာကဟာ ငါကစိတ်ကောက်လို့ ဆိုပီ .... အီး ဟီး ဟီး "
" တော် ပါ မငိုပါနဲ့တော့ဟာ "
" ငါ ငါ ရှက်လာပီ ဟ သူငါ့ကို ချစ်တယ်ဆိုတာ မယုံတော့ဘူး
ငါ့ဘက်ကို သူတခါမှ မတွေးပေးဖူးဘူး
ငါ့ကို သူ အော်လိုက်လို့ ဆဲလိုက်လို့ ငါရှက်သွားမလား သူ မတွေးဖူးဘူးဟာ "
" အိပ်လိုက်ပါလား ကြယ်စင်ရယ်
ငိုမနေပါနဲ့တော့ ငိုနေလည်း အဆင်ပြေသွားမှာ မှ မဟုတ်တာ "
" ငါတို့ တွဲလာတာ ၂ နှစ်ရှိပီ
ငါ့ဘက်က သူ့ကို လက်ထပ်ဖို့ အထိ တွေးပီ ချစ်ခဲ့တာ
ဒါပေ့မယ့် သူက ငါ့ကို မချစ်ဘူး
သေချာတယ် သူ ငါ့ကို ခနခန အရှက် ခွဲတယ်
လူရှေ့ သူရှေ့ ရောက်တိုင်း တခုခုဆို အော်တယ် ဆဲတယ်
ခုဟာက ငါတကယ် သည်းမခံနိုင်တော့ တာပါ "
---------------------------------
" ဟလို ချစ် ကိုကို တောင်းပန်ပါတယ်နော်
မနေ့က အရမ်း ဒေါသ ထွက်လာလို့ပါ "
" ကိုကို မနေ့က ညတည်းက ph ဆက်နေတာ ချစ်က စိတ်ကောက်ပီး စက်ပိတ်ထား လို့လေ "
" ကိုကို ကတိပေးတယ်နော် နောက်ဆို မဖြစ်စေရဘူး "
" ချစ် စကားပြန်ပြောလေ ကိုကိုပဲ ပြောနေရတာ ခုထိ စိတ်ဆိုးနေတုန်း ပဲလား "
" ရဲ့ရင့် ကြယ်စင်တို့ လမ်းခွဲကြရအောင် "
" ဟင် ချစ် ဘာ ပြော လိုက် တယ် "
" ကျမကို ရှင် ချစ်ရင် ၊ မဟုတ်ဘူး တွဲခဲ့တဲ့ တလျောက် သံယောဇဉ် ဆိုတာလေး ရှင့်မှာ ရှိရင် ၊ သနားတယ်ဆိုရင် ကျမနဲ့ လမ်းခွဲ ပေးပါ ကင်းကင်း ရှင်းရှင်း နေပေးပါ ကျမ ph ချလိုက်ပီ Bye "
------------------------------
ဘာပြောရမှန်း မသိအောင် ဆွံအ နေ မိတယ် ။
သူမ တခါမှ လမ်းခွဲမယ် ဆိုတဲ့ စကားကို စ နောက် ပီးတောင်မပြောတဲ့ လူပါ ။
အဲ့လို မိန်းကလေးက ခု လမ်းခွဲကြရအောင်တဲ့ ။
ဆုံးရှူံး သွားပီ အချစ်စစ် တွေကို ပြန်ပြင် လို့ မရတော့ဘူး ။
နောင်တတွေ နောင်မှ ရနေတယ် ။
အနိုင်ယူလို့ ရမှန်း သိလို့ အနိုင်ယူ မိတယ် ။
ချော့လိုက်ရင် ပြန်ပြေပါတယ်ကွာ လို့ အလွယ်တွေပီး ဒဏ်ရာတွေ ပေးမိတယ် ။
ခုတော့ သူကို အရှက်ခွဲ မိပြီ ။
သူ သိပ်မုန်းသွား ပါပီ ။
ခုချိန်မှာ သိပ်နောက်ကျသွားပါပီ ။
သိပ်ချစ်တတ်တဲ့ မိန်းမ တယောက် နာကျဉ်းသွားတဲ့ အခါမှာလည်း သူများတွေ ထက် ပိုပီး ပြတ်သားတတ်သွားတယ် ။
ကိုယ်ချစ်သူ ကောင်မလေးကို မဆဲပါနဲ့ ။ မအော်ပါနဲ့ ။ အထူးသဖြင့် လူကြားထဲမှာပေါ့ ။
ပတ်ဝန်းကျင် ဆိုတာ မကောင်းပြောချင်နေ ကြတာပါ ။ မိန်းခလေး ဆိုတာ ရှက်တတ်ကြ ပါတယ် ။
ဟုတ်ပါတယ် ။ ချော့ရင် ပြန်ပြေသွားတယ် ဆိုပေမယ့် ဒဏ်ရာတွေ ကျန်နေခဲ့မှာပါပဲ ။ ခံစားချက် တွေ များလာတဲ့အခါ နာကျဉ်းချက်တွေ ဖြစ်သွားတတ်တယ် ။
အဲဒီအခါ သိပ်ချစ်ကြပေမယ့် လမ်းခွဲသွားရ တတ်တယ် ။
မင်းအပေါ် သူ့ဝဋ်ကြွေးတွေ ကုန်လို့ မင်းဘေးနားက သူမ ထွက်သွားပြီ ဆိုရင်တော့ မင်း ဝဋ် ကြွေးတွေ ပြန်ဆပ်ရမဲ့ အချိန် ရောက်လာလိမ့်မယ် ။
ကိုယ့်ချစ်သူကို ဂရုစိုက်ပါ ။
ဒေါသ တခု အတွက်နဲ့ ကိုယ့်ချစ်သူကို မအော်ပါနဲ့ ။ မဆဲပါနဲ့ ။
ဒဏ်ရာတွေ များလာလို့ သူမ မင်းဘေးက ထွက်သွားရင် အချစ်စစ်တွေကို မင်း ဆုံးရှူံး ရ လိမ့်မယ် ။
ဂရုစိုက်တတ်ပါစေ ။
မိန်းခလေးတွေ အတွက် ချစ်သူ ဆီက ဂရုစိုက်မှု ကြင်နာမှု ဆိုတာ တန်ဖိုး မဖြတ်နိုင်တဲ့ ကံကောင်းခြင်း တခုပါ ။
Credit
Post a Comment