ဒီလိုချစ်သူတွေကို ဂုဏ်ယူပါတယ်..
ဘဲကို ကြည့်လိုက်တော့ မွဲနေတယ် ၊ စော်ကို ကြည့်လိုက်တော့လည်း တပြားမှ မရှိ ။ ဒါပေမယ့်လည်း တယောက်ကို တယောက် ကျတော့ သေလောက်အောင် ချစ်ကြတယ် ။
အဲ့ဒီလို အတွဲတွေကို မြင်ဖူး၊ ကြုံဖူး၊ သိကျွမ်း ဖူးတာ သုံးလေး ငါးခါ မကတော့ပါဘူး ။ ကြက်ဥလေးတောင် မထည့်နိုင်တဲ့ ယမ်ယမ် ချဉ်စပ် ခေါက်ဆွဲ တပွဲကို နှစ်ယောက် အတူ ပျော်ပျော်ကြီး စားတယ် ။
နှစ်ယောက်သား လိုင်းကား စီးဖို့ ပိုက်ဆံကိုတောင် မရှိတော့လို့ မိုးရေထဲမှာ ထီးတစ်ချောင်းကို နှစ်ယောက်အတူ ပူးကပ် ဆောင်းတယ် ။
ရုပ်ရှင်လေး တခါ ကြည့်ဖို့ အရေး အိတ်ထဲမှာ ပါတဲ့ ပိုက်ဆံတွေကို နှစ်ယောက် အတူ ဖြဲရဲ ရှာပြီး ရှေ့ဆုံးတန်းက လက်မှတ် ဝယ်တယ် ။
သူ့မှာ ပိုက်ဆံ မရှိတဲ့အခါ ကိုယ့်မှာ ရှိတဲ့ မစို့ မပို့လေးကို ချေးပေးပြီး၊ ကိုယ့်မှာ မရှိတဲ့ အခါ ကျတော့ သူ့ဆီက မရှိ ရှိတာကို သွားချေးတယ် ။
သူတို့ကို အားတော့ မကျပေမယ့် အဲ့ဒီလို အတွဲတွေကို သဘောတော့ ကျတယ် ။ ဟုတ်တယ်လေ ချစ်မယ် ဆိုကတည်းက ဘာမှ စဉ်းစား မနေတော့ဘူး ။ ချစ်ထည့်လိုက် တာပဲ ။ ဖြစ်ချင်တာ ဖြစ် ၊ မွဲချင်မွဲ ၊ တေချင်တေ ။ မရှိအတူ ရှိအတူ ပေါ့ ။
ဒါပေမယ့် မွဲတယ် ဆိုတာကြီးက အမြဲတမ်း အတွက်တော့ မကောင်းဘူး ပေါ့နော် ။ တို့တတွေ မွဲခဲ့တယ် ၊ တေခဲ့တယ် ၊ ကုန်းကောက်စရာ မရှိခဲ့ဘူး ဆိုတာလေးကို တေး မှတ်ထားပြီးတော့ နှစ်ယောက် အတူ ရုန်းကန်ရမှာပေါ့ ။ ကြိုးစားရမှာပေါ့လေ ။ တစ်ချိန်ချိန်မှာ မမွဲတော့အောင် ၊ ရှိလာအောင် .... ။
ဒါပေမယ့်လည်း ပကာသနတွေ၊ ဂုဏ်ဒြပ်တွေ၊ စပရိုက်တွေ၊ နင်ဘာကောင်လဲ၊ ငါဘာကောင်မလဲ တွေ များနေကြတဲ့ ခေတ်ထဲမှာ " မွဲလည်း ချစ်မယ် " ဆိုတဲ့ စိတ်ပိုင်းဖြတ်မှု ကတော့ တော်တော် ကြွေဖို့ ကောင်းပါတယ် ။
အဲ့ဒါကိုမှ တဖက် ကလည်း မွဲလည်း ချစ်နေတာပဲ ဆိုပြီး မွဲတာကြီးကို ဘာမှ မဖြစ်သလို လုပ်နေလို့တော့ မရဘူးပေါ့ ။
ချစ်သူ ရည်းစားဘဝ ငယ်တုန်း ရွယ်တုန်း ပဲ မွဲချင်မွဲ ၊ ယူခါနီးရင် ဒါမှမဟုတ် ယူပြီးရင်တော့ မမွဲကြနဲ့တော့ပေါ့ ။ တကယ်တော့လည်း မွဲတယ် ဆိုတာကြီးက ကာလ တိုလေ ကောင်းလေ မဟုတ်လား ။ အများဆုံး မယူခင် အထိလောက်ပဲ ကောင်းတာ ။
ဘာလိုပဲဖြစ်ဖြစ်ပါ ။ ကိုယ့်ရှေ့မှာ တွေ့နေရတဲ့ အတွဲတွေထဲ ကိုယ့်ချစ်သူရဲ့ မွဲတေခြင်းကို အားနည်းချက်လို့ မမြင်ပေးပဲ ချစ်နေနိုင်တာ ကိုက လွန်လှပြီ ။ ဂုဏ်ယူတယ်ဗျာ တကယ်ပါ ..... ။
Wai Phyo Maung
Post a Comment