အလန်းစားချစ်သူလေးကို လက်တွဲထားနိုင်သူတွေရဲ့ နည်းလမ်းများ
လှပချောမောပီး ထူးချွန် ထက်မြက်တဲ့ မိန်းကလေးတွေကို ကံကောင်းတဲ့လူ တစ်ချို့ကပဲ ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ထင်ပါသလား ။ သင့်အနေနဲ့လည်း အိပ်မက် နတ်သမီးလို မိန်းကလေးကို လက်တွဲခွင့် ရှိပါတယ်။
ဒါကြောင့် အမှန်တကယ် ထူးခြား ပြည့်စုံတဲ့ မိန်းကလေးတွေကို လက်တွဲ ထားကြရသူတွေရဲ့ နည်းလမ်းလေးတွေကို အတုယူနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။
1) ဇွဲကောင်းကောင်းနဲ့ ကြိုးစားပါ။
သူမကို ကျွန်တော် အွန်လိုင်းကနေ တဆင့် တွေ့ဆုံခဲ့ပါတယ်။ သူမက ကျွန်တော့် အတွက်တော့ အမြင့်ပန်းပါ။ ဒါပေမယ့် ကျွန်တော် မရမက ကြိုးစားခဲ့ပြီး ပထမဆုံးအကြိမ် ကောင်းကောင်း ချိန်းတွေ့နိုင်ခဲ့တယ်။ အဲ့ဒိအချိန် ကတည်းက အခုထိ တွဲဖြစ်ခဲ့ကြတာပါ။
2) နောက်တကြိမ် ချိန်းတွေ့ဖို့ တခါထဲ ပြောပါ
ကျနော့် ကောင်မလေးက ကျနော့်ထက် အသက် (၁၃) နှစ်လောက် ပိုငယ်တဲ့ မော်ဒယ် တယောက် ဖြစ်ပါတယ် ။ သူမနဲ့ ပထမအကြိမ် ချိန်းတွေ့ပြီး ကတည်းက နောက်ထပ် တွေ့ကြဖို့ အမြဲ ခွင့်တောင်းပါတယ် ။ ဒီလိုနဲ့ တွဲဖြစ်ခဲ့ကြတာ အခုချိန်ထိပါပဲ ။
3) သနားစရာ ဖြစ်အောင် လုပ်ပြပါ။
ကျနော် သူမကို စကားစပြောဖို့အတွက် အရမ်းကိုခက်ခဲပြီး စိုးရွံ့နေခဲ့ရပါတယ်။ သူမက သနားသွားပြီး တွဲဖြစ်ခဲ့ကြတာ အခုထိပါပဲ။
4) စိတ်ဓာတ် စိတ်ထား ကောင်းပါစေ
ကျနော့် ကောင်မလေးကို သဘောကျတဲ့ လူတွေ အများကြီးထဲ ကမှ ကျနော့် ရုပ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်ထားတွေကြောင့် သူမအချစ်ကို ရရှိခဲ့တာပါ။
5) ရယ်မောပျော်ရွှင် နေပါစေ။
ကျနော် ကတော့ ထူးထူးခြားခြား သိပ်မလုပ်ဖြစ်ပါဘူး။ သူမကို ရယ်မောပျော်ရွှင်စေတယ်။ အမြဲတမ်းလောက်နီးပါး ဘုရင်မတစ်ပါးလို ဆက်ဆံတယ်။ ဒါပါပဲ၊
6) နှုတ်ရေးစွမ်းရည် ထူးချွန်ဖို့လိုပါတယ်
စကားပြောကောင်းဖို့ လိုသလို အတူနေတဲ့ အခါမှာလည်း နှုတ်ရေးကောင်းဖို့ လိုပါတယ်။
7) စိတ်ဝင်စားမှု ရအောင် ဆွဲဆောင်ပါ
ကျနော် ကတော့ အပေါ်အကျီင်္ ချွတ်ပြီး သူမမြင်သာအောင် ကားရေဆေးလေ့ ရှိပါတယ်။ ဒါက ကျွန်တော်က သူမ သဘောကျတဲ့ ပုံစံမျိုးဖြစ်တယ် ဆိုတာကို ဖော်ပြလိုက်တာပါ။
8) သူမက အထူးခြားဆုံးပဲလို့ ခံစားရပါစေ
ကျနော့် လျို့ဝှက်ချက် ကတော့ တကယ်ကို ရိုးရိုးသားသားနဲ့ သူမက လွဲပြီး တခြား မိန်းကလေး မရှိဘူး ဆိုတဲ့ ပုံစံနဲ့ ဦးစားပေး ဆက်ဆံတာပါပဲ။
9) ထူးခြား လှပတဲ့ နေရာကို အလည်ခေါ်သွားပါ
ကျနော် ကတော့ သူမကို ပဲရစ်ကို အလည် လိုက်ဖို့ ဖိတ်ခေါ်လိုက်တာ ပါပဲ ။ မိန်းခလေးတွေက ထူးခြားလှပတဲ့ နေရာတွေကို စိတ်ဝင်စား ကြတယ်လေ။
10) လိုရင်း ရောက်ပါစေ
ကျနော် ကတော့ သူမမှာ ရည်းစားမရှိဘူး ဆိုတာနဲ့ ဖွင့်ပြောလိုက်တာ ပါပဲ။
11) အထူး ဂရုစိုက်ဖို့ လိုပါတယ်
သူမက ကျနော့် ရဲ့ အထူး ပြုစု ဂရုစိုက်မှု တွေကို သဘောကျတယ်လေ။
12) မလှည့်စား ပါနဲ့
ကျနော့် ကောင်မလေးက ငယ်ရွယ်ပြီး လန်းတဲ့ အထဲမှာ ပါပါတယ်။ ကျနော်က တည်တည်ငြိမ်ငြိမ်နဲ့ သူမအတွက် အမြဲ ဦးစားပေး ဖြစ်နေရပါတယ် ။ ရိုးသားပါ။ ဂရုစိုက်ပါ ။ သူမဘက်က ဆက်သွယ်လာရင် ဘယ်တော့မှ နှောင့်နှေးမနေပဲ ပြန်ဆက်သွယ်ပါ ။ ဘုရင်မ တစ်ပါးလို ဆက်ဆံပါ။
Credit

Post a Comment