စောင် အောက်က.. ခြေထောက် နှစ်စုံ..
အမျိုးသမီး တဦးသည် အလုပ်တွင် ည အိုဘာတိုင် ဆင်းပြီးနောက် သန်းခေါင်ကျော်မှ သူမ အိမ်သို့ ပြန်ရောက်လာ လေသည် ... ။
အိမ်ရောက်သော် အသံ မကြားရအောင် တံခါးကို ဖွင့်လျက် အိပ်ခန်း ဆီသို့ တန်းသွား လေသည် ။
အခန်းထဲ ရောက်သော အခါ ခုတင်ပေါ်က စောင် အောက်ဘက်တွင် သူမ ခင်ပွန်းသည်၏ ခြေထောက်နှစ်ချောင်းသာ ထွက်နေရမည့် အစား ခြေထောက်လေးချောင်း ထွက်နေသည်ကို မြင်လိုက်ရ လေသည်။
ခြေထောက်များသည် မိန်းမခြေထောက် နှစ်ချောင်း ၊ ယောက်ျား ခြေထောက် နှစ်ချောင်းဟု မြင်သာနေသည့် အတွက် ....
ညကြီးအလုပ်က အပြန် ဒေါသ ထွက်သွားသော သူမသည် ဘေ့စ်ဘော ရိုက်သော တုတ်တံကို ယူလိုက်ပြီး
စောင်ခြုံ ထားသော စုံတွဲကို အားရ ပါးရ စိတ်ရှိသလောက် ရိုက်နှက် ပစ်လိုက်လေသည်။
ဒေါသ အလျောက် ရိုက်နှက်ပြီးနောက် မောမောနှင့် ရေသောက်ရန် မီးဖိုထဲသို့ ၀င်လာသောအခါ ...
မီးဖိုထဲတွင် မဂ္ဂဇင်း တစောင် ထိုင်ဖတ်နေသော သူမရဲ့ ယောက်ျားကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
သူမ ဘာမှ မပြောရသေးခင် သူမခင်ပွန်းက ..
" မိန်းမရေ ....
မင်းအဖေနဲ့ အမေ ရောက်လာတယ်ကွ
ကိုယ်လည်း သူတို့ကို တလေးတစားနဲ့
ကိုယ့်တို့ ခုတင်ပေါ် မှာပဲ အိပ်ခိုင်းထားလိုက် တယ်ကွာ ...
သွားပြီး နှုတ်ဆက်လိုက်ပါဦး " ဟု ဆိုလေသည်။
-------------------------------
မှတ်သားရန် သင်ခန်းစာမှာ ...
ဒေါသဖြင့် အလောတကြီး ဆုံးဖြတ်လိုက်သော တချို့ ကိစ္စများသည် အမှားမှန်း သိလိုက်ရသော အချိန်တွင် ပြုပြင်ရ အလွန် ခက်သွား တတ်သည်။
TR

Post a Comment