ပျော်ရွှင်စရာ ညလေးတည
မိန်းမ နှစ်ယောက် ရုံးခန်းထဲမှာ စကားပြောနေ ကြတယ် .....
ပထမ မိန်းမ က ။ ။ မနေ့ညကလေ တော်တော် စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ ..... နင်ကော ဘယ်လိုလဲ ..... "
ဒုတိယ မိန်းမ ။ ။ ငါ့အတွက်တော့ စိတ်ပျက်စရာကြီး ပါဟာ ..... ငါ့ယောက်ျား အိမ်ပြန်လာတယ် ..... ညစာကို ၃ မိနစ်နဲ့ အပြီး စားပြီး ၂ မိနစ် အတွင်း အိပ်သွားတာပဲ ..... ဒါနဲ့ နင်က ဘယ်လို စိတ်ချမ်းသာဖို့ ကောင်းတာလဲ ..... "
ပထမ မိန်းမ ။ ။ တကယ် ပျော်စရာကြီးဟ ..... ငါ့ယောက်ျား အိမ်ပြန်ရောက်တာနဲ့ ငါ့ကို အပြင်ခေါ်ထွက်ပြီး ညစာ ကျွေးတယ် ..... အရမ်း ကြည်နူးဖို့ ကောင်းတယ် ..... ညစာ စားပြီးတော့ တနာရီလောက် လမ်းတူတူ လျှောက်ကြ သေးတယ် .....
အိမ်ကို ပြန်ရောက်တော့လည်း သူက တအိမ်လုံး ဖယောင်းတိုင်တွေ လိုက်ထွန်းတယ် ....
တကယ့်ကို စိတ်ကူးယဉ် ပုံပြင်တွေ ထဲက အတိုင်းပဲ .....
---------------------------
အဲ့ဒီ အချိန်မှာပဲ သူတို့ရဲ့ ယောက်ျားတွေဟာ အလုပ်ထဲမှာ စကားပြောနေ ကြတယ် .....
ပထမ အမျိုးသား ။ ။ မနေ့ညက ဘယ်လိုလဲ ....
ဒုတိယ အမျိုးသား ။ ။ အေးဆေး ပါပဲ ..... အိမ်ပြန်ရောက်တော့ မိန်းမက ထမင်းပွဲ ပြင်ပြီးသားပဲ ..... ငါလည်း စားပြီးတာနဲ့ အိပ်ပစ် လိုက်တာပဲ ..... မင်းကော ဘယ်လိုလဲ .....
ပထမ အမျိုးသား ။ ။ တကယ် စိတ်ဓာတ် ကျပါတယ်ကွာ ..... ငါ အိမ်ပြန်ရောက်တော့ ညစာလည်း မချက်ရသေးဘူး ..... မီတာခ ဆောင်ဖို့ မေ့နေတာနဲ့ မီးကလည်း အဖြတ် ခံထားရတယ် .....
ဒါနဲ့ ငါ့မိန်းမကို ခေါ်ပြီး အပြင်မှာ ညစာ လိုက်ကျွေးတယ် .....
ဈေးကလည်း ကြီးလိုက်တာကွာ ..... အပြန် ကား ငှားဖို့တောင် ပိုက်ဆံ မလောက်တော့ဘူး .....
အဲ့ဒါနဲ့ ငါတို့ နှစ်ယောက် အိမ်ကို လမ်းလျှောက် ပြန်လာတာ တစ်နာရီလောက် ကြာတယ် .....
အိမ်ပြန်ရောက်မှ မီးပြတ်နေတာ သတိရတယ် .....
ဒါနဲ့ ငါလည်း တအိမ်လုံး ဖယောင်းတိုင် လိုက်ထွန်းရတော့ တာပေါ့ ...
MeeMee
Post a Comment