Header Ads

Bank ၀န်ထမ်းလေးတွေကို ချစ်သူအဖြစ် ရွေးသင့်တဲ့ အချက် (9) ချက်


Bank ဝန်ထမ်းများကို ချစ်သူဖြစ်ခွင့် ရချင်သော သူများ သိရှိမှတ်သားရန်..

(1) ရုပ်ရည်ဆိုးမှာ မပူပါနဲ့

မပူပါနဲ့.. Bank ဝန်ထမ်း ဆိုကတည်းက သန့်ရှင်းသပ်ရပ် အမြဲ SMART ကျနေသူတွေပါ

(2) မချစ်မှာ မပူပါနဲ့

ဟောင်းနွမ်း စုတ်ပျက်နေတဲ့ ငွေစက္ကူတွေတောင် မပစ်ရက်နိုင်ဘဲ သိမ်းဆည်း ချစ်နေကြသူများ အဖို့ ကိုယ့်ချစ်သူကိုသာ ဆိုရင်ဖြင့် ပစ်မုန်းမခွာ ချစ်အုံးမှာပါ

(3) ဂရုမစိုက်မှာ မပူပါနဲ့

Customer တွေတောင် ကိုယ့်သွေး အရင်းအချာတွေလို ဂရုစိုက်ကြ ချစ်ခင်ကြနဲ့ ကိုယ့်ချစ်သူ ဆိုရင်ဖြင့် တုနှိုင်း၍ မမှီပေါ့

(4) အသစ်ရှာမှာ မပူပါနဲ့

နေထွက်နေဝင် အလုပ်တွေ များလွန်းလို့ ကိုယ့်ချစ်သူကလွဲပီး အခြားကို မရှိနိုင်ပါ

(5) ငြိုငြင်မှုရမှာ မပူပါနဲ့

ထောင်ပေါင်းများစွာ လူတွေကိုတောင် အပြုံးလေးတစ်ပွင့်နဲ့ သည်းခံမှု ရင်ဝယ်ပိုက် ထားနေကြမို့ ကိုယ့်ချစ်သူ ဆိုရင်ဖြင့် ထာဝရ မငြိုငြင်ရက်ပါ

(6) ပြသနာရှာမှာ မပူပါနဲ့

အလုပ်က လူတွေ ပြသနာရှာတာ မြင်နေတွေ့နေ ရတာမို့ ပြသနာရှာခြင်း အလုပ်တွေကို ကိုယ့်ချစ်သူ အတွက် အပူပေး မရှာနိုင်ကြပါ

(7) မပျော်မှာ မပူပါနဲ့

တနေကုန် သောကမီးတွေ ဘယ်ရွေ့ရှိရှိ ပြုံးပြီး ပျော်နေတတ်ကြတဲ့ သူတွေ ကိုယ့်ချစ်သူ အတွက်တော့ဖြင့်လူရွှင်တော်တွေ ထက်တောင် ဟဒယဆေး တိုက်ကျွေးနိုင် ကြသေးတာပါ


(8) မရင့်ကျက်မှာ မပူပါနဲ့

ဝန်ထမ်းကောင်း တွေမို့ အသက်ရွယ် ငယ်ပင်ငြားလည်း ဘဝအတွေ့အကြုံ အဖုံဖုံ တွေကြောင့် တည်ငြိမ်ရင့်ကျက် နေကြသူများပါ

(9) သစ္စာမရှိမှာ မပူပါနဲ့

အချိန်ကို တိကျ ကတိတခုကို ဘဝတခုလို သတ်မှတ်ထား ကြသူများမို့ သစ္စာဆိုတာ နေ့စဉ် ဝတ်နေကျ ယူနီဖောင်းလေး တစ်စုံလို အမြဲ ဂရုစိုက်ပီး အမြတ်တနိုး ရှိနေတတ်ကြ သူတွေပါ


ကဲ...  ဒါဆိုရင် Bank ဝန်ထမ်းတွေကို ချစ်သူဖြစ်ဖို့အတွက် ရွေးချယ်သင့်တယ် ဆိုတာ ငြင်းလို့ မရဘူး မဟုတ်ပါလားးးး

ပုံများကို လေးစားစွား ခရက်ဒစ် ပေးပါသည်..
Credit

No comments

Powered by Blogger.