အခုလက်ရှိ တွဲနေတဲ့ ချစ်သူလေး နဲ့ လက်တွဲသွားချင်တယ် ဆိုရင်တော့ ဒီ (7) ချက်ကို လိုက်နာပါ
1) ချစ်သူကို သဘောထားကြီးကြီးနဲ့ ချစ်ပါ
အရာရာ ပြီးပြည့်စုံတဲ့သူ ဆိုတာ ဒီလောကကြီးထဲမှာ မရှိပါဘူး ။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ ပတ်သက်ရင် အကောင်း ၊ အဆိုး မှန်သမျှကို နားလည်မှုလေးနဲ့ လက်ခံပေးပါ ။ မတော်တဆ သူ အမှားတွေ လုပ်မိရင်လည်း သဘောထားကြီးစွာ ခွင့်လွှတ် ပေးပါ ။
2) သစ္စာ ရှိရှိနဲ့ ချစ်ပါ
ကိုယ်က သူ့ကို နှလုံးသားနဲ့ ရွေးချယ်ခဲ့တာ ဖြစ်လို့ သစ္စာရှိရှိ ချစ်သွားပါ ။ ကိုယ်က တခုခု ဖောက်ပြန်ဖို့ စိတ်ကူး မိတိုင်း ကိုယ့်စိတ်ကိုယ် ပြန်ထိန်းဖို့ လိုပါတယ် ။ သစ္စာတရား မရှိတဲ့ အချစ်ရေးက ဘယ်တော့မှ မခိုင်မြဲနိုင် ပါဘူး။
3) ကြင်ကြင်နာနာ ချစ်ပါ
တယောက်ကို တယောက် ကြင်ကြင်နာနာ နဲ့ ချစ်ပေးပါ ။ ဒါဆိုရင်တော့ နှလုံးသားချင်း နီးစပ်သွားပါလိမ့်မယ် ။ ချစ်သူတွေကြား ကြင်နာမှု မရှိဘူး ဆိုရင် သင်တို့ အချစ်ရေးက ပျော်ရွှင်စရာ မကောင်းတော့ ပါဘူး ။
4) ချစ်တယ်ဆို အချိန်ပေးပါ
ကိုယ်ချစ်ရတဲ့ ချစ်သူ အတွက် အချိန်ပေးနိုင်အောင် ကြိုးစားပါ ။ ကိုယ် တကယ် ချစ်တယ် ဆိုရင် အချိန်ပေးဖို့တော့ လိုပါလိမ့်မယ် ။
5) နားလည်မှုလေးနဲ့ ချစ်ပါ
အကြောင်း တခုခုရှိရင် ချစ်သူကို သေချာ မေးမြန်းပြီး သူရှင်းပြတာကို သေချာ နားထောင်ပါ ။ စိတ်ထဲမှာ ထင်တဲ့ အတိုင်း မသတ်မှတ် လိုက်ပါနဲ့ ။ ချစ်သူ အပေါ်ကို ကြိုးစားပြီး နားလည်ပေးပါ ။
ပြသနာ တခုခု ဖြစ်လာတိုင်း အလျင်စလို မဖြေရှင်းပါနဲ့ ။ အချိန်တခု စောင့်ဆိုင်း ပြီးမှ ဆုံးဖြတ်ချက်ကို ချပါ ။ လူကြီးဆန်ဆန် တွေးခေါ်တတ်အောင် ကြိုးစားပါ ။
7) အမှန်တရား ကို ချစ်ပါ
ကိုယ်အရမ်း ချစ်ရတဲ့ ချစ်သူ ကို ဘယ်တော့မှ မလှည့်စားမိ ပါစေနဲ့ ။ လိမ်ညာမှုတွေကို ဖက်တွယ်နေမယ်ဆိုရင် ချစ်သူနဲ့ ဝေးရဖို့ သေချာနေပါပြီ ။ တယောက်ကို တယောက် ဖိအား မပေးမိအောင် နှစ်ယောက်အတူ မှန်ကန်တဲ့ လမ်းကြောင်းကိုပဲ ရွေးချယ် လိုက်ပါ ။
Post a Comment