Header Ads

သင် မစဉ်းစားမိတဲ့ မိန်းခလေးတွေ ကြွေတဲ့အချက် (11) ချက်


ယောက်ျားလေး တော်တော် များများဟာ မိန်းခလေးတွေကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတာ သိတယ်လို့ ထင်ကြမှာပါ ။ ဒါပေမယ့် မိန်းခလေးတွေကို တကယ် ဆွဲဆောင်တဲ့ အရာတွေက ယောက်ျားတွေ အထင်နဲ့ လွဲနိုင် ပါတယ် ။

ရုပ်ရှင် VDO နဲ့ မဂ္ဂဇင်း တော်တော် များများဟာ ဗလ တောင့်တောင့် ယောက်ျား ပီသတဲ့သူ တွေကို မိန်းခလေးတွေ ကြွေတယ် ပြောကြ ပါတယ် ။

ဒါပေမယ့် တကယ်တမ်း မိန်းခလေးတွေကို စစ်တမ်း ကောက်ကြည့်တော့ သူတို့ကို တကယ်ကြွေစေ တာက ကျနော်တို့ မထင်ထားတဲ့ ထူးခြားတဲ့ အချက်လေးတွေ ပါနေတာကို တွေ့ရပါတယ် ။

ကျနော်တို့ မစဉ်းစားမိတဲ့ မိန်းခလေးတွေ ကြွေတဲ့ အချက် ၁၁ ချက်ကို အောက်မှာ ရေးပြထား ပါတယ် ။

1) အနံ့ အသက် ကောင်းခြင်း

ကောင်လေး တော်တော် များများ သတိ မထားမိတတ် ကြပါဘူး ။ ကိုယ်နံ့ မရှိရုံနဲ့ မရပါဘူး ။ ကိုယ်နံ့ ကောင်းနေဖို့လဲ လိုပါ သေးတယ် ။ ယောက်ျားလေးသုံး ရေမွှေး တခုခု ဝယ်သုံးပြီး မိန်းခလေးတွေ သတိထားမိ လာမှာကို စောင့်ကြည့် လိုက်ပါ ။

2) အဝတ်အစားကို ဂရုစိုက်တတ်ခြင်း

ယောက်ျားလေးတွေက အဝတ်အစားကို အရမ်း ဂရုမစိုက်တတ် ကြပါဘူး။ ညစ်ပတ် မနေရင် ရပြီ ထင်ကြပေမယ့် မိန်းခလေးတွေ ကတော့ အဝတ်အစား ဂရုစိုက်တဲ့ ကောင်လေး တွေကို ကြွေတတ်ကြ ပါတယ် ။ ဘောင်းဘီတိုတွေ ၊ ဂျင်းဘောင်းဘီ အကျပ်တွေကို စတိုင်ကျကျ ဝတ်တတ်တဲ့ ယောက်ျားလေး တွေကို မိန်းခလေးတွေ ကြွေကြဖို့ ရာနှုန်းပြည့် သေချာပါတယ် ။

3) တိရိစ္ဆာန် ချစ်တတ်ခြင်း

ကြောင်လေး ၊ ခွေးလေး တွေကို စကားပြော ကြည့်ပါ ။ ရယ်စရာကောင်းတဲ့ အသံနဲ့ပေါ့။ အဲဒါမျိုးကို မိန်းခလေးတွေ ကြိုက်တယ် ဆိုတာ တော်တော် ထူးဆန်း ပါတယ် ။ တိရစ္ဆာန်လေး တွေကို ချစ်တတ်ပြီး သူတို့နဲ့ ကစားတတ်တဲ့ ကောင်လေးတွေက ဆွဲဆောင်မှု အရမ်း ရှိပါတယ် ... တဲ့ ။

4) ဆံနွယ်လေးတွေကို ကစားပေးခြင်း

ဒါကတော့ အထွေအထူး ပြောစရာ မလိုပါဘူး။ ချစ်သူရဲ့ ရင်ခွင်ထဲမှာ လှဲနေရပြီး သူ့ရဲ့ ဆံပင်လေးတွေကို သပ်ပေးတာ ခံနေရတာ မိန်းခလေးတွေအတွက် နိဗ္ဗာန် ပါပဲ ။ ချစ်သူလေးရဲ့ ခေါင်းလေးကို နှိပ်ပေး ကြည့်ပါ ။ သူတို့လေးတွေ အရမ်းကြွေတဲ့ အပြုအမူလေးပေါ့ ။

5) စိတ်ရှည်ရှည် ပြေပြေ လည်လည် စကားပြော ပေးခြင်း

အငြင်းမသန်ပဲ ပြေပြေ လည်လည် စကားပြော တတ်တဲ့ သူတွေကို လူတိုင်း သဘောကျ ပါတယ် ။ မိန်းခလေးတွေ အတွက် အမှန်ကို လက်မခံပဲ အတင်း ကတ်တီး ကတ်ဖဲ့ စကားပြောတတ်တဲ့ သူတွေက အမြင်ကပ်ဖို့ အကောင်းဆုံးပါ ။ စကား ကောင်းကောင်း ပြောတတ်တဲ့ သူတွေ ကိုတော့ ကြွေမှာ မလွဲပါဘူး ။

6) သူတို့ကို နားထောင်ပေးတဲ့ အခါ

မိန်းခလေးတွေက သူတို့ စကားကို နားထောင်ပေးတာ ကြိုက်ပါတယ် ။ မိန်းခလေးတွေ သဘောကျဖို့ ဆို အဓိက အရေးအကြီး ဆုံးက သူတို့ ပြောနေတာကို စိတ်ပါ လက်ပါ နားထောင် ပေးပါ ။ အင်းအဲ ချည်း မလုပ်ပါနဲ့ ။ ပြန်ပြီးတော့ သေချာ ဆွေးနွေး စကားလိုက်ပြော ပေးပါ ။ အဲဒါက အားလုံး ထဲမှာ အရေးအကြီးဆုံး အချက် ပါပဲ ။

7) ကတဲ့ အခါ

ယောက်ျားလေး တော်တော် များများက မကချင် ကြပါဘူး ။ ဒါပေမယ့် ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေတတ်ရင် မိန်းကလေးတွေရှေ့မှာ အမှတ်ပိုရမှာပါ။ ကဖို့ အရမ်းမရှက်ပါနဲ့။ မီးဖိုချောင်ထဲမှာဖြစ်ဖြစ် ကကြည့်လိုက်ပါ။

8) စာအုပ်ဖတ်တဲ့အခါ

တခြားသူတွေရဲ့ ဘဝကို စိတ်ဝင်စားပြီး စာဖတ် ဝါသနာပါတာကို မိန်းခလေးတွေ ကြိုက်ကြ ပါတယ် ။

9) မီးဖိုချောင် ဝင်ခြင်း

အစား အသောက် ကောင်းကောင်း မကြိုက်တဲ့သူ မရှိပါဘူး ။ ဟင်းကောင်းကောင်း တခွက်လောက် ချက်ပြလိုက်နိုင်ရင် ကောင်မလေးတွေ သဘောကျတတ် ကြပါတယ် ။ အိမ်ထောင်သည် ဆိုရင် မနက် စောစော ချစ်သူ မနိုးခင် အရင်ထပြီး မနက်စာ ပြင်ပေးထားတာ မျိုးဆို ကြွေသွားမှာ အသေအချာပါ ။ ကော်ဖီလေး တခွက် ဖြစ်ဖြစ်ပေါ့ ။

10) တခြား ဖြောင့်တဲ့ ကောင်လေးတွေကို လက်ခံပေးခြင်း

ဒါကတော့ နည်းနည်း ထူးခြားပါတယ်။ တခြား ဖြောင့်တဲ့ကောင်လေးတွေကို အပြစ် မပြောပဲ လက်ခံပေးနိုင်တဲ့ ကောင်လေးတွေကို မိန်းခလေးတွေ သဘောကျတတ် ကြပါတယ် ။ တခြားဖြောင့်တဲ့ ကောင်တွေ တွေ့တိုင်း " ဂေးပါကွာ " ပဲ ပြောနေရင် မနာလိုစိတ် အရမ်း ကြီးတယ် ထင်သွားပါ လိမ့်မယ် ။

11) သင့်အတွက် အလုပ်လုပ်ပေးတဲ့ သူတွေကို လေးစားခြင်း

သနား ကြင်နာတတ်တဲ့ ကောင်လေးတွေကို ကောင်မလေးတွေ သဘောကျပါတယ် ။ စားသောက်ဆိုင် တူတူ သွားရင်တောင် စားပွဲထိုးကို လေးလေး စားစား ကြင်ကြင် နာနာ ဆက်ဆံပါ ။ သင့်ချစ်သူ ကြွေသွား ပါလိမ့်မယ် ။

MenFashion

No comments

Powered by Blogger.