Header Ads

RS တွေကြားထဲ ၀င်ပီး စောက်ကျင့်မယုတ်ပါနဲ့


Relationship တခုမှာ တကယ်တမ်း လက်တွဲနေ ကြတဲ့ ချစ်သူ နှစ်ယောက်က အေးဆေး ။ တယောက် အကြောင်း တယောက် ဂ ဂ ဏ ဏ သိကြသလို အချင်းချင်းလည်း နားလည်မှုတွေ ရှိကြတယ် ။

မနေနိုင် မထိုင်နိုင် ဖြစ်နေတာက ကြားထဲက လူတွေ ။ အတွဲ တတွဲ Rs ချိတ်ပြီ ဆိုတာနဲ့ Facebook Acc တွေ လိုက် Add ၊ နောက်က လိုက် ၊ Stalk  Activities တွေ လိုက်ကြည့် ၊ လိုက်စပ်စုပီး စောက်တင်းတုပ် ။ ပီးရင် ကောင်မလေးက ကောင်လေးကို စိတ်ပျက်အောင် ကောင်လေးက ကောင်မလေးကို စိတ်ကုန်အောင် ရှေ့တမျိုး၊ ကွယ်ရာတမျိုး၊ ပေါ်တင်တမျိုး မရိုးနိုင်အောင် ပြောပါ လိမ့်မယ်။

သန္ဓေယုတ် ၊ စောက်ကျင့် ယုတ်တတ်တဲ့ သူမျိုးတွေ ကတော့ အရင် Of ၊ Ex ကိစ္စတွေ ဘာညာ ပြန်အစ ဖော်ပြီး ဟုတ်တာရော မဟုတ်တာတွေရော အကုန် စုံအောင် ဂျင်းထည့်ပီး မပြတ် ပြတ်အောင် သွေးထိုးပါလိမ့်မယ် ။

နောက်ပြီး ရှိသေးတယ် ။ နင့်ဘဲက ပုံမလာပါဘူးဟာ ။ မင်းဆော်က ဘာရုပ်ကြီးလဲ ဘာကြည့် ကြိုက်တာလဲ ... စသဖြင့်ပေါ့လေ ။ လူမိုက်အားပေး နှိမ်သလို ချိုးသလို အကွက်တွေ ။

တချို့ဘော်ဒါ အယောင်ဆောင် အတွင်းစောက်ကျင့်ပုတ်တွေ ကျတော့လည်း အဆင်မပြေရင် ကြားက ညှိပေးရမဲ့ အစား

" မင်းစော်က မင်းကို နိုင်တယ်နော် အာရုံကို နောက်နေတာဘဲ "

" haha မင်းက စော်ကြောက်ကြီး ပါကွာ "

" ဟျောင် ... ငါတို့က မင်းဘော်ဒါတွေနော် .... စော် က ငါတို့ ထက် အရေးကြီးလား ၊ ရှော်ပလိုက်စမ်းကွာ "

စသည်ဖြင့် ပြောမဆုံး နိုင်သော စကားလုံး များနဲ့ အောက်လေ တိုက်ကြတာ မျိုးတွေ ။ သူတို့ ပြောသလို မလုပ်ရင်လည်း ဝိုင်းပယ်ကြတာမျိုး ။ ကာယကံရှင်တွေ ကိုယ်တိုင်ကိုက သူကျေနပ်လို့ တွဲနေတာပဲ ။ ကြားထဲက ဝင်နာနေစရာ မလိုပါဘူးလေ ။ သူတို့ ယူရမှာ ကြနေတာဘဲ ။

အဲ့လိုမျိုးတွေကြောင့် Rs တခု ပြတ်ပီ ဆိုရင် သူတို့ အချင်းချင်း ပြဿနာ တက်တာကြောင့်ထက် ဘေးက အာချောင် သွေးထိုး စကားတွေကြောင့် ပြတ်ကြတာ များတယ် ။

အခု နောက်ပိုင်း Social Media တွေ အသုံး များလာကြတော့ ပိုဆိုးတယ် ။ " Idol Couple" " အားကျလိုက်တာ " ဆိုတဲ့ စကားလုံးတွေ နောက်မှာ … မနာလိုမှုတွေ ရန်လိုမှုတွေ စိတ်ပုတ် စိတ်ယုတ်တွေ အများကြီး ရှိနေတတ်တယ် ။ မယုံမရှိနဲ့နော် ။ ကိုယ်တွေ့ကို ကြုံဖူးတာ ။

Relationship တခုကို အပြင်ပန်း ကြည့်ပီး ဆုံးဖြတ်လို့ မရဘူး ဆိုတာ အဲ့ဒီ စောက်ကျင့် ပုတ်လေးတွေ သိရင် သိပ်ကောင်းမယ် ။ ကာယကံရှင် နှစ်ယောက် ကြားမှာ ဖော်ပြလို့ မရတဲ့ သံယောဇဉ်တွေ ၊ နားလည်မှုတွေ၊ ချစ်ခြင်းတွေ အမှတ်တရတွေ မှ အများကြီး ။ တွဲတဲ့ ချစ်သူ သက်တမ်း ကြာရင် ကြာသလို ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေ တစ်ပုံကြီး ။ ဒါတွေကို အားနေရင် အပုပ်ချ ချင်နေတဲ့ သူတို့လေးတွေ နားလည်အောင် ရှင်းမပြ တတ်ဘူး ။

အပြင်ပန်း ကြည့်ပြီး Poppin အထာနဲ့ အာမချောင်ပါနဲ့ ။ Rs တခုကို အပြင်ပန်းက ကြည့်ပြီး ဆုံးဖြတ်ရင် " ဒီအတွဲ အလွန်ဆုံးခံ 1 နှစ်ပေါ့ "  Lol ....  တကယ့် Rs တွေ ကတော့ တယောက်ကို တယောက် ကြင်နာမှု ဂရုစိုက်မှု နားလည်မှု တွေနဲ့ ရှေ့ဆက်နေ ကြတာကို သူတို့ ဘယ်မြင်နိုင်မလဲ ။

အဲ့ဒါကြောင့် ပြောချင်တာက … ကြားထဲ ကနေ စောက်ကျင့် ယုတ်နေတာတွေ ၊ စကားနာ ထိုးနေတာတွေ ရပ်ပါတော့ ။ အချိန်တန်ရင် မင်းတို့ ယူရမဲ့ သူတွေ မဟုတ်ပါဘူး ။ မကောင်းတဲ့ အပုတ်စိတ်တွေ ဖျောက်ပြီး အကောင်းမြင်စိတ် နဲ့ ကြည့်တတ်ရင် လောကကြီးက သာယာပါတယ် ။

ကဲ RS လေးတွေ ဘေး လေ မသွေးအောင် Share ထားလိုက်တော့နော် ...

EeCk

No comments

Powered by Blogger.