Header Ads

ဒီလို ချစ်သူမျိုး မလိုချင်ဘူးလား ....


ကောင်မလေးရေ ....

နင်သာ ငါ့ချစ်သူ ဖြစ်ပြီ ဆိုရင် ....

ထမင်း ဟင်း မချက်တတ်ဘူး .... ဟုတ်လား ... ဘေးဖယ်နေ ငါကိုယ်တိုင် ချက်ကျွေးမယ်

သုံးစရာ မုန့်ဖိုးမရှိဘူး .... ဟုတ်လား  ဘာလို့ စောစောမပြောတာလဲ .... ရော့ .... ယူသွားလိုက်

ဘာ .... ဗိုက်ဆာတယ် ... ဟုတ်လား  ဘာစားချင်လဲ ... အခု ဝယ်လာခဲ့ပေးမယ်

ဖုန်းဘေ ကုန်နေပြီ .... ဟုတ်လား  ထည့်ပေးလိုက်မယ် .... ချွေတာသုံး

ဒီနေ့ အလုပ် နားတယ် .... ဟုတ်လား အလှပြင် ထားလိုက် .... လျှောက်လည်ဖို့ လာခေါ်မယ်

နေမကောင်းဘူး .... ဟုတ်လား ဆေးထိုးပြီးပြီလား ... ဆေးသောက်ပြီးပြီလား ... ဆေးခန်းလိုက်ပို့ရ မလား

မီးယပ် နာ၊ မမှန် ဖြစ်နေတယ် .... ဟုတ်လား ... ခါတိုင်း ဘာဆေးသောက်လဲ ... ငါကိုယ်တိုင် သွားဝယ်ပေးမယ်

တခြားကောင်တွေ နင့်ကို နှောက်ယှက်နေတယ် .... ဟုတ်လား ... နေဦး ... ဒီကောင်တွေကို .... ပညာပေးလိုက် ဦးမယ်

ငါ့ကို ... သတိရနေတယ် .... ဟုတ်လား ခု ဘယ်မှာလဲ ... ငါ အခု ချက်ခြင်း လာခဲ့မယ်

ယောက်ျား ယူတော့မယ် ... ဟုတ်လား အိမ်မှာစောင့်နေ ငါလာတင်တောင်း ပါ့မယ်

ဒီမယ် ကောင်မလေး နင်ဟာ ငါ့ကောင်မလေး ဆိုမှတော့ ငါပေးတာ ယူ ၊ ငါကျွေးတာ စား  ၊ငါဆင်တာ ဝတ် ၊ အားနာတာတွေ ၊ တရားတာတွေ ၊ မတရားတာတွေ မတွေးနဲ့ ။ နင့်ကို လိုက်ခဲ့တဲ့ ကောင်တွေ အများကြီးထဲ မှာမှ ငါ့ကို ရွေးခြယ်တာ ငါ့အတွက် ကံကောင်းနေပါပြီ ။

ဒီမှာ ကောင်မလေးရေ ... တနေ့ ငါ့ရဲ့ အိမ်ထောင်စု စာရင်းထဲမှာ နင့် နာမည် ပါစေရမယ် ။ တနေ့ ငါ့ကလေးတွေရဲ့ အမေဟာ နင်ပဲ ဖြစ်စေရမယ် ။ တနေ့ ဆံဖြူ သွားကျိုးလို့ ခါးကိုင်း နေရင်တောင် ငါ့နဲ့ မြေးလေးတွေ ထိန်းနေတာ နင်ပဲ ဖြစ်စေရမယ် ။

ဒီမှာ ကောင်မလေးရေ .....  တသက်တာဆိုတဲ့ အချိန်က ရှည်ပါတယ် ။ နင့်ကို ဘယ်နှနှစ်ပဲ စောင့်ရ စောင့်ရ ငါစောင့်နိုင် ပါတယ် ။ ကိုယ့်ကိုယ်ကို ကောင်းကောင်း ဂရုစိုက်ပါ ။ မဟုတ်ရင် ငါလာ ဂရုစိုက် ပေးရလိမ့်မယ် ။ ပျော်ရွှင်မှုတွေကို ငါ့လက်တစုံနဲ့ ကိုယ်တိုင် နင့်ကို ပေးမယ် ။ အခြားကောင်တွေ နင့်ကို ပေးတာ ငါစိတ်မချလို့ပါ ။ ငါ နင့်ကို အလို လိုက်မယ်ဆိုရင် ဘယ်သူမှ တားမြစ်လို့ မရဘူး ။

ဒီမှာ ကောင်မလေးရေ .... ငါ နင့်ကို အရမ်း ချစ်တယ် ဆိုတာ သေသေချာချာ မှတ်ထားပါ ။ ငါနင့်ကို ချစ်တယ် ဘာဖြစ်လဲ မကျေနပ်ဘူးလား  မကျေနပ်ရင် .... ပြန်ချစ်လိုက်ပေါ့ ။

ဒီမှာ ကောင်မလေးရေ ....  နင်ဟာ ငါ့ရဲ့ မူပိုင်ပဲ ။ ဘယ်သူမှ ယူပိုင် လို့မရဘူး ။ ခုတလော မင်္ဂလာဆောင်တာ discount ချတယ် ဈေးမကြီးဘူး လို့ ကြားတယ် ။ လာပါ .... သွားဆောင်ကြ ရအောင် ။ ငါ ပိုက်ဆံ စိုက်မှာပါ ။

Credit...

No comments

Powered by Blogger.