တကယ်ချစ်တဲ့ ချစ်သူကို ရထားပီလား
တကယ် မချစ်ကြတဲ့ ချစ်သူ နှစ်ယောက်ဟာ
တယောက်ရဲ့ အပြစ်ကို တယောက်က ဖော်ကြတယ် ။
တယောက်ရဲ့ အားနည်းချက်ကို တယောက်က နင်းခြေ ကြတယ် ။
တယောက်ရဲ့ အတိတ်ကို တယောက် တူးဆွပီး ပြသနာ တတ် ကြတယ် ။
သူ့အတွက်ကို မကြည့်ပဲ ကိုယ့်အတွက်ပဲ ကြည့်တတ် ကြတယ် ။
နှစ်ယောက်စလုံးရဲ့ အနာဂါတ် ကင်းမဲ့နေတယ် ။
တွေ့ရင်လည်း ၅ မိနစ်လောက်ပဲ အဆင်ပြေပီး ကြာရင် မတည့်တော့ဘူး ။
တကယ် ချစ်ကြတဲ့ ချစ်သူ နှစ်ယောက် ကတော့
တယောက်ရဲ့ အပြစ်ကို တယောက်က ခွင့်လွှတ်တတ် ကြတယ် ။
တယောက်ရဲ့ အားနည်းချက်ကို တယောက် လစ်လျှူရှု ပီး ဖြည့်ဆည်းပေး တတ် ကြတယ် ။
အတိတ် အစား အနာဂါတ် ကိုသာ အတူတူ ပုံဖော်ကြတယ် ။
နောက်ဆုံး ဘယ်လောက်ထိ နက်ရှိုင်း ပြင်းထန်တဲ့ ဒါဏ်ရာပဲ ဖြစ်ဖြစ် ချစ်တဲ့စိတ်နဲ့ ကြိုးစားမေ့ ဖျောက်ပြီး ကိုယ်ချစ်တဲ့သူရဲ့ လက်ကို လွှတ်ချလေ့ မရှိကြဘူး ။
တကယ်တော့ ချစ်ခြင်း မေတ္တာဆိုတာ သာခြင်း နာခြင်းကင်းပြီး တယောက်ရဲ့ ကွက်လပ်ကို တယောက် က ဖြည့်ဆည်းပြီး ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းမှုကို ဖန်တီးခြင်းပါပဲ ။
Credit
LoveShortNotes
Post a Comment