ရှယ်ချွေးထုတ်ခန်း
တရက်မှာ လူငယ်လေး တယောက် မြို့သို့ ရောက်ရှိလာကာ လျှောက်ပါတ် လည်နေသည် ။
ထိုသို့ လည်ပါတ်နေစဉ် " ချွေးထုတ်ခန်း " လို ရေးသား ထားသော ဆိုင်းဘုတ်ကြီး ကို တွေ့၍ မော့ကြည့် လိုက်သည်။
ဝင်ရောက် စပ်စုလို သောကြောင့် ထိုချွေးထုတ်ခန်းထဲ ဝင်ရန် အရှေ့တွင် ထိုင်နေသော လူကြီးကို မေးလိုက်သည် ။
" ချွေးတခါ ထုတ် တဆက်ရှင် ဘယ်လောက်လဲဗျ "
" ရိုးရိုး ချွေးထုတ်ခန်းက 1500 ... ရှယ် ချွေးထုတ်ခန်းက 3000 ပါ ညီလေး "
" အင်း ဒါဆို ကျနော် ရိုးရိုးခန်း ဝင်ကြည့် မယ်ဗျာ ...
အချိန်က ဘယ်လောက် ရမလဲ "
" ရိုးရိုးခန်းက 15 မိနစ် ... ရှယ်ခန်း ဆိုရင် မိနစ် 30 "
" ဟုတ်ကဲ့ဗျ ရိုးရိုးခန်းပဲ ရော့ 1500 "
လူကြီးက အခန်း တခန်းကို ဖွင့်ပေးပီး ပြန်ပိတ် သွားသည် ။
အခန်းသည် 15 ပေခန့် ကျယ်ဝန်းပြီး ကုတင် တလုံးက ကန့်လန့် ဖြတ် ချထားသည် ။
အခန်းထဲတွင် အဝတ်အစား မလုံ့တလုံနှင့် ကောင်မလေး တယောက်က သူ့ ကို ပြုံးပြပြီး ...
" လာခဲ့ တို့ကို မိအောင် လိုက်ဖမ်းကြည့်
မိရင် ကြိုက်တာလုပ်
ကုတင်ပေါ်တော့ ဖြတ်မပြေးရဘူးနော်
ကဲ စပြီ လိုက်တော့ "
စကားဆုံးသည်နှင့် ကောင်မလေး ရှေ့ကပြေး သူက နောက်ကလိုက် နှင့် ချက်ခြင်း ဖမ်းမမိနိုင်ဘဲ
ပြေးကာ လိုက်ကာဖြင့် ချွေးတွေ ထွက်လာသည် ။
ထိုစဉ် ဒုန်းခနဲ အခန်း တံခါး ပွင့်သွားပီး လူကြီးက အခန်းထဲ ဝင်လာသည်။
" အချိန်စေ့သွားပီ ညီလေး "
ကောင်လေးက သူ့နာရီကို ကြည့်လိုက်တော့ ဟုတ်နေသည် ။ အချိန်က ဘာမှ မရှိလိုက်သလို ။
ကောင်မလေးကို မိလု မိခင် အနေအထားမှာ အချိန်ပြည့် သွားသည်ကိုး ။
နောက်ထပ် သုံး လေး မိနစ်လောက် ဆိုရင် ဒီကောင်မလေး မိပီ ။ ကိုယ့် စိတ်တိုင်းကျ ဖြစ်ပြီလေ ။
သူ မကျေနပ်ဘူး ။
ပီးတော့ စဉ်းစားတယ် ရိုးရိုးခန်း ၁၅၀၀ တန်တောင် ဒီလောက်ကောင်းနေတာ ... ရှယ်ခန်း ဆိုရင်တော့ ..... အဟီဟိ .... ။
ဒါနဲ့ .. နောက်တခါ ဆို အဆင်သင့် ဖြစ်နေအောင် အကျီ င်္ကိုပါ ချွတ်ချလိုက်ပီး
" ရော့ ... ဦးလေး ၃၀၀၀
ဒီတခါတော့ ရှယ်ခန်းဝင် မယ် "
" လာ ... ညီလေး လာ "
လူကြီးက ပြောပြော ဆိုဆိုနှင့် အခန်း တခုကို ဖွင့်ပေး လိုက်သည် ။
ကောင်လေး အခန်းထဲ ၀င်သွားတော့ လူကြီးက အခန်းတခါးကို ပြန်ပိတ်သွားသည် ။
အခန်းအတွင်းမှာတော့ မီးမှိန်မှိန်လေး ထွန်းထားသည်။
ကောင်လေးက မျက်စိ ကျင့်သား ရသွားတဲ့ အချိန်ရောက် တော့ နှုတ်ခမ်းမွေး စစနဲ့ ဗလတောင့်တောင့် လူကြီးတစ်ယောက် ။ ခါးတောင်းကို မြောင်နေအောင် ကျိုက်ထားသည်။
သူ့ကို ပြုံးပြ လိုက်ပြီး ...
" ကဲ ... ညီလေးရေ လွတ်အောင်ပြေး
မိရင်တော့ နာပီသာမှတ် စပီဟေ့
မိနစ် ၃၀"
" တိန် "
Credit
Post a Comment