Header Ads

သြော် မိန်းမ မိန်းမ


ဆေးရုံ တရုံတွင် ဖြစ်သည် ။

အရေးပေါ် အထူး ကြပ်မတ်ဆောင်တွင် ဆရာဝန် နှင့် အမျိုးသား တဦး စကားပြောနေ ကြသည် ။ ဘေးက ကုတင်ပေါ်မှာတော့ လူနာအမျိုးသမီး တဦး လဲလျောင်း နေသည် ။
 ‍‍‍‍‍‍ ‍‍
အမျိုးသား က
" ဆရာရယ် ကျနော့ မိန်းမရဲ့ အသက်ကို ကယ်ပေးပါ ...
သူ့အသက်က ငယ်ငယ်လေးပဲ ရှိပါသေးတယ် ...
အခုလို ကိုမာရောဂါနဲ့ အိပ်ယာပေါ်မှာ တသက်လုံး လှဲမနေသင့်သေး ပါဘူးဗျာ " ....
 ‍‍‍‍‍‍ ‍‍
ထိုအခါ ဆရာဝန်က
" ခင်ဗျား မိန်းမရဲ့ အသက်က ဘယ်လောက် ရှိပြီလဲ "
 ‍‍‍‍‍‍ ‍‍
အမျိုးသား က
" သူ့အသက်က အခုမှ ၃၀ ပါ ဆရာရယ် "
 ‍‍‍‍‍‍ ‍‍
ထိုစဉ် အထူးကြပ်မတ်ဆောင် အတွင်း ရုတ်တရက် အချက်ပေးစက်သံများ မြည်လာသည် ။
ကြိုးတွေ ရှုတ်ရှက် ခပ်အောင် တပ်ထားတဲ့ လူနာအမျိုးသမီး၏ လက်တဖက်မှ လက်ညိုးလေး တချောင်း လှုပ်လာသည် ။
ထို့နောက် လူနာ အမျိုးသမီး၏ တိုးညှင်းတဲ့ အသံတခု ထွက်ပေါ်လာသည် ....
 ‍‍‍‍‍‍ ‍‍
အမျိုးသမီး
" ကျယ်မ ... အသက် .... ၂၉ ပါ ရှင့်.... "

KoMinn

No comments

Powered by Blogger.