Header Ads

ရည်းစား ထားရင်ကောင်းလား မကောင်းဘူးလား ...


တခါတလေမှာ ချွဲချွဲနွဲ့နွဲ့လေးတွေ ပြောကြမယ် ။ တခါတခါ မကျေနပ် ဒေါသထွက်မှုတွေ နဲ့ ဘုဘောက်ဘောက် စကားတွေ ပြောမယ် ။ ပြီးတော့ စိတ်ကောက်မယ် ။ ရန်ဖြစ်ကြမယ် ၊ပြန်ချစ်မယ် ၊ ပြတ်သလိုလို ကွဲသလိုလိုနဲ့ နောက်တော့ ပြန်ဆက်မယ်။ စိတ်ကောက်မယ် ။ပြန်ချော့မယ် ။

ကိုယ်ချစ်တဲ့သူနဲ့ အချိန်ကုန်လို့ ကုန်မှန်း မသိ ။ bill ကုန်လို့ ကုန်မှန်း မသိဘဲ အချိန်အကြာကြီး  ဖုန်းတွေ ပြောကြမယ်။ ပိုက်ဆံ မလောက် တလောက်နဲ့ ချစ်သူနဲ့ နှစ်ယောက်အတူတူ မုန့်တွေ ထွက်စားကြမယ် ။

အခါကြီး ရက်ကြီးတွေမှာ ဘုရားအတူတူသွားမယ်။ ဖုန်း screen မှာ wallpaper လေးတွေ ဆင်တူထားမယ်။ ဒါမှ မဟုတ် တယောက်ရဲ့ ဓာတ်ပုံလေးတွေ တယောက် ထားမယ် ။

ဗယ်လင်တိုင်းနေ့မှာ တယောက်နဲ့ တယောက် couple အကျီ င်္ လေးတွေ ဆင်တူ ဝတ်ပြီး လက်ဆောင်လေးတွေ  အပြန်အလှန်ပေးမယ်။

'' ကိုကို '' နဲ့ '' ချစ် ''  ၊ '' မ '' နဲ့ ''မောင် '' အဲ့လို အခေါ်အဝေါ်လေးတွေနဲ့ အသည်းယားအောင် လုပ်မယ်။ ရုပ်ရှင်ရုံမှာ Couple ခုံထိုင်ကြည့်မယ်။ ကိုယ် ခံစားရသမျှကို အနားလည်ဆုံး သူ့ဆီကို ရင်ဖွင့်မယ်။ anni  year ဘာညာ နဲ့  သူများတွေ အားကျအောင် ro ဆန်ကြမယ်။

ပြီးတော့  စဉ်းစားကြည့်အုံး ။ တက္ကသိုလ်ကြီးထဲ မှာ  ကိုယ့်ချစ်သူ လက်ကိုခပ်ရဲရဲ မလွတ်တမိး တွဲပြီး   လမ်းလျှောက်နေတဲ့   ချစ်သူတွေ ကို ကြည့်လိုက်စမ်း   ဘယ်လောင်တောင်  အားကျဖို့ ကောင်းသလဲ ။ စဉ်းစားနော်။

ဒါတွေဟာ  ရည်းစားရှိမှ  အဲ့လို အဲ့လိုလေးတွေ romatic  ဆန်လို့ရတာ။

------------------------------

အိမ်း .....
အပေါ်ကလိုမျိုး ရည်းစားထား လိုက်ရင် အဲ့လို  အဲ့လို တွေ ဖြစ်နိုင်ပေမဲ့ တဖက်က ကြည့်ပြန်ရင်လည်း ရည်းစားထားတယ် ဆိုတာ ချီးပါ သေးပေါက် သလောက် လွယ်တဲ့ အရာ မဟုတ်ပြန်ဘူးဗျ။

ပထမ ဦးဆုံး ချစ်သူဖြစ် စ , ချစ်ကြတဲ့ အချိန်ကတော့  သိပ်ကို Ro  ဆန်လို့ ကောင်းတာပေါ့။ ချစ်ခွန်းဖွဲ့ စကားလေးတွေ  ပြောပြီး  တစ်ယောက်နဲ့ တစ်ယောက်  ရှက်တက်တက်လေးတွေ ဖြစ် ၊ သိပ်ကို  အူယားစရာပေါ့။

ဒါပေမဲ့  နောက်ဆုံးကျတော့လည်း ....

'' သောက်ကမြင်းမ ၊ ဖှားသျယ်မ ၊ ဖက်လုံးမ ''

'' ဟဲ့ သေနာ ၊ စောင်သူတောင်းစား ၊ ချပပျဲ မတား ''

အဲ့လို  အဲ့လိုလေးတွေ ယဉ်ယဉ်ကျေးကျေးလေး ပြောကုန်ကြတာပါပဲ ။

စိတ်ကောက်တယ် ။ ပြန်ချော့တယ် ။ရန်ဖြစ်တယ် ။ ပြန်ချစ်တယ် ။ ဒါတွေ ဆိုတာ  အချိန်တိုင်းကြီး  လုပ်နေလို့လည်း ကောင်းတဲ့ အရာ မဟုတ်ပြန်ဘူး။ ချစ်လို့  ချစ်သူ ရည်းစား ထားပါတယ် ဆိုနေ  အချိန်တိုင်ကြီး  သတ်နေတော့လည်း မကောင်းပြန်ဘူး။

ဒီကြားထဲ ရန်ဖြစ်ရင်   တစ်ကယ်တွယ် တဲ့ စုံတွဲ တစ်တွဲတွေ ကိုလည်း မြင်ဖူးထားသေးတယ် ။

အတွဲတတွဲဆို အစ်မကြီး က အစ်ကိုကြီး  ချက်ကောင်းကို ဒူးနဲ့ ပြေးစောင့်တာ ။ အစ်ကိုကြီး ဆို  မျက်လုံးကြီးပြူး ပြီး  လဲ ကျသွားတာ  ကျွန်တော် ဒက်ထိ မြင်ဖူးထားတယ်။

နောက်ထပ် အတွဲ တတွဲကျတော့ အစ်ကိုကြီးက အစ်မကြီး လည်ပင်း ကို ညှစ်တာ။ အစ်မကြီးကလည်း  ဘယ်ရမလဲ သူနဲ့ လက်လှမ်းမှီရာ အစ်ကိုကြီး main point ကို ပြန်ညှစ်တာ အဲ့ဒီ့  အစ်ကိုကြီး မျက်ဆန်ကြီးလန်ပြီး တက် သွားတာလည်း  မြင်ဖူးသေး ။

( မတော်လို့ ချစ်သူအချင်းချင်း ရန်ဖြစ်ရင်း ကိုယ့်ကို ဓားနဲ့ဖြစ်ဖြစ် ၊ ကတ်ကြေးနဲ့ ထိုးရင် ဒုက္ခ)

ပြီးတော့  ro  ဆန်တဲ့  ကိစ္စ ။ ro ဆန်တယ် ဆိုတာ  ဆန်ချင်တိုင်း ဆန်မရဘူး။ '' ကိုယ့် အိတ်ဖောင်း မှ  ro ဆန် လို့ကောင်းတာ မျိုးဗျ''

couple အကျီ င်္ စုံတွဲ တစ်ထည်  ဘယ်လောက် ပေးရလဲ  သိလား။ အနည်းဆုံး က   နှစ်သောင်းခွဲ ကျော်တယ် ။ ကျန်တာဆိုပြောမနေနဲ့တော့ ။

ရုပ်ရှင်  couple ခုံ ထိုင်မယ် ။ ၈၀၀၀ ကျမယ် ။ ဒီကြားထဲ  ပေါက်ပေါက်ဘူးနဲ့  ရေသန့်ဘူး။ အအေး ၊ အချဉ်ပေါင်း နေကြာစေ့ ဘာညာနဲံ မလွယ်ဘူး။

အပြင်လျှောက်သွားအုံးမယ် ဗျာ ။ ဆိုင်ကယ်နဲ့ သွားမယ် ။ တစ်ချို့ က ဘတ်စ်ကား။ ဆိုင်ကယ်နဲ့ သွားရင်  ဆီဖိုး က  ကုန်အုံးမယ် ။ အနည်းဆုံး  ၂၀၀၀လောက်ကတော့  ဘို်င်သေ ကျတယ် ။ ကား ခ ဆိုလည်း   တက္ကစီ ၊ YBS  ဘာညာသာရကာ သူ့ဟာနဲ့ သူ  ပိုက်ဆံ ကုန်မယ်။

ချစ်သူနှစ်ယောက်  မုန့်သွားစားကြမယ် ။ ဟုတ်ပြီ ။ ဘယ်သူမှ  လမ်းဘေးဆိုင်က  အသုတ်လေး ဝင် စားကြမယ် ဆို  ဘယ်သူမှ ဝင်မစားဘူး။ ဆိုင်ကြီး ကနားကြီးပဲ သွားမှာ ။ အာ့ကျရင်  အနည်းဆုံး  သုံးသောင်း လောက်က ကျမယ် ။ anni တစ်ခါ လုပ်ပေးတယ် ဆိုတာကလည်း လွယ်တဲ့ အရာ မဟုတ်ဘူး။ စဉ်းစား ။ ဘယ်လောက်ထိ ကုန်တယ် ဆိုတာ လုပ်ပေးတဲ့ သူတိုင်း  မျက်ရည်တွေတောက်တောက်ကျတယ်။

တစ်ယောက်နဲ့ တစ်ယောက်  ဖုန်းတွေ အကြာကြီး ဆက်ပြီး   ဖုန်းပြောကြမယ်ပေါ့။ အာ့လောက်ကြီး  bill  ပေါနေတာလည်း မဟုတ်ဘူး။

အဓိကကတော့ ဗျာ  ရည်းစားထားတယ် ဆိုတာ  လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်  အပြန်အလှန် အပေးအယူ မျှနေမှ   ok မှာ ။ တစ်ယောက်ကို  တစ်ယောက်  အပြန်အလှန် အလျော့ပေးနေမှ  အဆင်ပြေနေမှာ ။ တစ်ယောက်အချိန် ကို တစ်ယောက် ပေးနိုင်မှ  အဆင်ပြေနေမှာ ။

ဒီကြားထဲ  ကိုယ့်ရည်းစားကို  အူတိုနေရတာရော   သူ့ အတွက် စိတ်ပူပေးနေရတရော  အားလုးက ဒုက္ခတွေ ကြည့်ပဲ ။

ဘယ်လောက် anni တွေ  ရောက်ခဲ့ ရောက်ခဲ့ ကိုယ့်ရှေ့ က  အတွဲတွေ ကိုကြည့်ကြည့် အကုန်ပြတ်ကြတာပဲ ။

သစ္စာဖောက်တဲ့ သူနဲ့ ၊ခြံခုန်တဲ့ သူနဲ့ ၊ စနှိုက်ကြော်တဲ့ သူနဲ့ ၊ ဂုဏ်အရှိန်အဝါနဲ့ ပိုက်ဆံ မရှိလို့   နောက်ဆုံး  ချန်ထားခဲ့ ခံရတဲ့ သူနဲ့။

ဟူး .... အဲ့တော့ ဗျာ . . . ရည်းစား ထားမလား ? မထားဘူးလား? စဉ်းစားပေါ့ဗျာ

ခဲတံ

No comments

Powered by Blogger.