ဒီလိုလူမျိုးတွေကို ခေါင်းဆောင်ကောင်းနေရာ မတင်သင့်ပါ ...
1) ဂဏန်း
2) ပုတ်သင်
3) ကိုင်းပင်
4) နွားသိုး
5) လိပ်မျိုး
6) ခွေးအ
ဤခြောက်ဝ နာယက မတင်ထိုက် ။
1) ဂဏန်း = လက်မ ထောင်ခြင်း ။
2) ပုတ်သင် = ပြောသမျှကို ခေါင်းငြိမ့်ခြင်း ။
3) ကိုင်းပင် = လေသင့်ရာကို ယိမ်းတတ်ခြင်း ။
4) နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း ။
5) လိပ်မျိုး = မိမိဘက်ကိုပဲ ယတ်တတ်ခြင်း ။
6) ခွေးအ = ကောက်ကျစ်ခြင်း ။
ဤခြောက်ဝ မှတ်ပါ အနာယက ။
1) ဂဏန်း
ဂဏန်းလို လူစားမျိုးပါ ။ ဂဏန်းဆိုတဲ့ အမျိုးဟာ အမြဲတမ်း လက်မ တထောင်ထောင် နဲ့ ရှိနေတတ်ပါတယ် ။ ငါမှ တတ်တာ၊ မင်းတို့က ဘာမှ သိတာ မဟုတ်ဘူး ။ ငါ့ကို ဆရာလာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ ဒီလိုမျိုးကို ဆရာ မတင်ထိုက်ဘူး ။
2) ပုတ်သင်
ပုတ်သင်နဲ့ တူတဲ့ လူစားမျိုးပါ ။ ဒီလူကတော့ ကိုယ်ပိုင် အရည်အချင်း ဘာတခုမှ မရှိပါဘူး။ သူများတွေ ပြောတိုင်း ခေါင်းငြိမ့်တယ်၊ ဘယ်သူက ပြောပြော " အေး လုပ်လိုက်လေ ဆိုတာချည်းပဲ " ။ ဒီလို လူမျိုးကို ဆရာ တင်မိပြန်ရင်လည်း ငါးပါး မကဘူး နှစ်ဆယ့်ငါးပါးလောက် မှောက်ရော ။
3) ကိုင်းပင်
ကိုင်းပင်နဲ့ တူတဲ့ လူစားမျိုးတဲ့ ။ ဒီလိုလူ ကတော့ ခပ်ညံ့ညံ့ လူစားမျိုး ။ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဆိုတာ မရှိဘူး။ ကိုယ်ပိုင်ရပ်တည်မှုလည်း မရှိဘူး ။ နေရတကာ ရေလိုက် ငါးလိုက် ဆိုတဲ့ လူစားမျိုး ။ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ ၊ ကောင်းတာဆို အစွယ်ကောင်းရင် လုပ်တယ် ၊ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင် လုပ်တယ် ။ ပျော့ညံ့တဲ့ လူစားမျိုး ။ ဒီလို လူမျိုးကိုလည်း ဆရာ တယောက် အနေနဲ့ အားမကိုးမိစေနဲ့
4) နွားသိုး
နွားသိုးလို လူစားမျိုးပေါ့ ။ ဒီကောင် ကတော့ အမှား အမှန် မဝေခွဲတတ်ဘူး ။ ဘာမဆို ရှူးရှူး ဒိုင်းဒိုင်း ဇွတ်လုပ်တတ်တယ် ။ နှလုံးရည် နည်းပြီး လက်ရုံးရည် အားကိုးတဲ့ လူမျိုးပါ ။ ဒီလို လူမျိုး ဆရာ အဖြစ် တင်မိရင်လည်း အကုန်လုံး ပျက်စီးဖို့  များပြီ ။
5) လိပ်မျိုး
လိပ်နဲ့ တူတဲ့ လူစားမျိုး ။ ဒီကောင် ကတော့ အတ္တကြီးတဲ့ လူစားပေါ့ ။ ဘယ်ဟာမဆို သူ့ အတွက်ပဲ သူသိတယ်။ `ငါဆရာ ၊ ငါပေးမှ မင်းတို့ ရမယ် ၊ ငါပြီးမှ ပြီးမယ်´ဆိုတဲ့ လူစားမျိုး ၊ ကိုယ့်ကျိုး စီးပွားပဲ သိတယ် ။ အများအတွက် ထည့်မတွတ်တတ်တဲ့ လူစားမျိုးပါ ။ ( ပရဟိတ စိတ်မဝင်စားတဲ့ လူစားမျိုး )
6) ခွေးအ
ခွေးအ နဲ့ တူတဲ့ လူစားမျိုး ။ ဒီလို လူမျိုး ကတော့ ကောက်ကျစ်တယ် ။ ဘယ်နေရာမဆို နည်းမှန် လမ်းမှန်နဲ့ မသွားတတ်ဘူး ။ ဘယ်သူ့ ကို မဆို လှည့်စားလိုက် ရမှ စားဝင် အိပ်ပျော်တဲ့ လူမျိုး ။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုပ်ထဲက ရေလို ကိုယ်လိုရာမှာ အသုံးချ တတ်တဲ့ လူမျိုး ။
Credit
Post a Comment