အနားမှာရှိနေတုန်း ဂရုစိုက်ပါ
မိန်းခလေး တစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူး ဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင် မပါးပါနဲ့ " အနားမှာ ရှိနေတုန်း ဂရုစိုက်ပါ ”
ယောက်ျားလေး တစ်ယောက်က ညာရင် မိန်းကလေး တစ်ယောက်က ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေး တတ်ကြတယ်။ မိန်းကလေး တစ်ယောက်က ညာခဲ့ရင် ယောက်ျားတစ်ယောက်က အလွယ်တကူ စွန့်လွှတ်တတ်ကြတယ်။
မိန်းကလေးတွေက ချစ်တယ်လို့ ပြောပြီးရင် အဆုံးစွန်ထိ နားလည်ပေးဖို့ ပြင်ဆင်ထားကြ သူတွေပါ။ ရည်းစားများတယ် ဆိုတဲ့ ဂုဏ်ပုဒ် ဘယ် မိန်းကလေးကမှ မနှစ်သက်ပါဘူး။
ကိုယ့်ရဲ့ ချစ်သူက ကိုယ့်တစ်ယောက် ထဲကိုသာ သစ္စာရှိရှိနဲ့ ဂရုတစိုက် ချစ်ရင် အရာရာကို ပေးဆပ်ဖို့ ဝန်မလေးတတ်တာ မိန်းကလေးတွေပါ။ မိန်းကလေးတွေ လိုချင်တာ ငွေကြေး ချမ်းသာမှု မဟုတ်ပါ.... သူတို့ဘဝကို နားလည်ပေးနိုင်သူရယ် လုံခြုံမှု ပေးနိုင်သူရယ်ပါ။
မိန်းကလေး ဆိုတာ အလိုလိုနေရင်း အားငယ်တတ်သူပါ။ အဆင်မပြေချိန် စိတ်အားငယ် ရချိန်တွေမှာ သူတို့ ရင်ဖွင့်ချင်တာ သူတို့ ငိုကြွေးချင်တာ ချစ်သူရင်ခွင် မှာပါ။
ဒါပေမယ့် ယောက်ျားလေး အများစုက ချစ်တယ်လို့ ပြောပြီးရင် ပြီးသွားပြီ တော်ရုံ ဂရုမစိုက် တတ်ကြဘူး။ စိတ်မရှည် တတ်ကြဘူး မအားဘူးဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ်ပါပဲ။ ဂရုစိုက်မှု မရှိရင် အချစ်က အလားကားပဲလေ။
ချစ်တယ်လို့ ပြောပြီး ပြစ်ထားတတ်တာ ယောက်ျားလေးတွေ အကျင့် ဆိုရင် သွေးအေးအေးနဲ့ တိတ်ဆိတ်စွာ လမ်းခွဲတတ်တာ မိန်းကလေးတွေ အကျင့်ဆိုတာ မမေ့ပါနဲ့။ ပေါက်ကွဲလွယ်တဲ့ မိန်းကလေးတွေ အေးစက်ပြီး တည်ငြိမ်သွားရင် သတိထား...
အဲ့လို မိန်းကလေးတွေက လူမသတ်ဘူး။ သူတို့စိတ်ကိုပဲ အသေသတ်ကြတာ။ မိန်းကလေး တစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူး ဆိုတဲ့ စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့။ အနားမှာ ရှိနေတုန်း ဂရုစိုက်ပါ...။
credit မူရင်း
Post a Comment