ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတခု ဖြစ်အောင်...
အိမ်ထောင်ရေး ဆိုတာမျိုးက ဘောလုံး အသင်း တသင်းလိုပါပဲ ။ တယောက်ထဲ ကွင်းထဲပတ် ကစားလို့ မရပါဘူး ။
လင်နဲ့ မယား အပေးအယူ အချိတ်အဆက် မိမှ သာယာတဲ့ အိမ်ထောင်ရေး ဖြစ်လာမှာပါ ။ ယောက်ျားက ငွေကြေး ရှာဖွေပေးရုံနဲ့ မလုံလောက်သလို မိန်းမ ကလည်း အိမ်မှုကိစ္စ လုပ်နိုင်ရုံနဲ့ မပြည့်စုံပါဘူး။
အိမ်ထောင်ဦးစီး တယောက် ပြုလုပ်သင့်တဲ့ တာဝန်များမှာ ...
1) ကိုယ့် မိသားစု အတွက် တတ်နိုင်သမျှ အချိန်ပေးပါ
2) အလုပ် တခုကို အတည်တကျ လုပ်ပါ
3) အသုံးနဲ့ အဖြုန်းကို နားလည်တတ် ပါစေ
4) ဇနီးသည်ကို လေးစား တန်ဖိုးထားပါ
5) မိန်းမကို ရိုက်နှက်ခြင်း နှင့် ကြမ်းတမ်းသော စကား ပြောဆိုခြင်း မပြုလုပ်သင့်ပါ
6) သားသမီးများကို အချိန်ရရင် ရသလို နွေးထွေးမှု ပေးပြီး ဆုံးမပါ
7) အရက်သေစာ ၊ လောင်းကစား ၊ အပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ
8) ဘုရား တရား သံဃာ မိဘ ဆရာကို ရိုသေစွာ ကိုးကွယ်ပါ
9) ကိုယ်ကျင့် တရား ကို အတတ်နိုင်ဆုံး လုံခြုံအောင်ထိမ်းပါ
11) အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ လိုပါတယ်
12) အမြင်ကျယ်ပြီး စိတ်သဘောထား မြင့်မားဖို့ လိုပါတယ်
13) အလုပ်ရဲ့ ဖိအားကို အိမ်မှာ မပေါက်ကွဲမိ ပါစေနဲ့နော်
14) တည်ကြည်သော စကား ၊ နွေးထွေးသော အပြုအမူနဲ့ အိမ်ရှင်မရဲ့ ချွေးကိုသုတ်ပေးပါ
အိမ်ထောင်ဦးစီး ဆိုတာ ဇနီးမယား၏ အားကိုးရာ ဖြစ်သလို သားသမီးများ အတွက် စံနမူနာ ပုဂ္ဂိုလ် ဖြစ်သောကြောင့် " ကိုယ်ကျင့်တရား " လုံခြုံဖို့ လိုတယ် ။ အိမ်ရှင်မ ဆိုတာ အိမ်ကို ရှင်သန်အောင် " မစ " သူဖြစ်သလို သားသမီးများ၏ ဘဝကို တည့်မတ်အောင် " မစ " ပေးနိုင်သော အနွေးထွေးဆုံး ရင်ခွင်တခုပါ။
အိမ်ရှင်မ တယောက် ပြုလုပ်သင့်တဲ့ တာဝန်များမှာ ....
1) စည်းကမ်းရှိပါ
2) ဝင်ငွေထွက်ငွေကို အသုံးချတတ်ပါစေ
3) မယ်တစ်ရွက် မရွက်နိုင်ရင်တောင်မှ ပလိုင်းပေါက်မဖြစ်ဖို့အရေးကြီးပါတယ်
4) နှစ်ဖက်ဆွေမျိုးတွေအပေါ် အတတ်နိုင်ဆုံး ကြည့်ရူပေးကမ်းပါ
5) ဖြစ်သလို မနေသင့်သလို အလွန်အကျွံ အလှအပမမက်မောသင့်ပါ
6) ကိုယ်လင်သားကို လေးစားပါ ( ကိုယ်လေးစားမှ သားသမီးနှင့် ပတ်ဝန်းကျင်က လေးစားမှာပါ )
7) အနေအထိုင် အပြောအဆိုသတိထားပါ
8) ဘေးလူပြောစကားထက် ကိုယ့်လင်သားကို ယုံကြည်မှူထားပါ
9) သစ္စာ တရားကို လက်ကိုင်ထားပါ
10) ဘုရားတရားသံဃာ မိဘ ဆရာ ကိုကိုးကွယ်ယုံကြည်ပါ
11) အိမ်လည်ခြင်း ၊ ချဲထီစသောလောင်းကစားများကို ရှောင်ကြဉ်ပါ
12) လင်ယောက်ျားအလုပ် အဆင်ပြေသည် ဖြစ်စေ ၊ မပြေသည်ဖြစ်စေ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံပါ
13) လင်ယောက်ျားစိတ်ရူပ်နေတဲ့အခါ စကားကို သတိထားပြောပါ
14) ချိုသာသော စကား ၊ နှစ်လိုဖွယ် အပြုံးနဲ့ လင်ယောက်ျားရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပါ
အိမ်ထောင်ရေးတခု မှာ အရေးအကြီး ဆုံး ကတော့ " အတ္တ " တွေကို လျော့ချပြီး ချစ်ခြင်းထက် ယုံကြည်မှု ၊ နားလည်မှုကို ခိုင်မာအောင် တည်ဆောက်ရတာ မျိုးပါ ။
အတ္တတွေ လျော့ချပြီး သူ့ဘက် ကိုယ့်ဘက် မျှတအောင် ကြည့်ရူခံစား ပေးခဲ့ရင် " သစ္စာ " တရား ခိုင်မာလာပြီး မေတ္တာတရား လေးနက် လာပါလိမ့်မယ် ။
ပျော်ရွှင်စရာကောင်းတဲ့ စံပြအိမ်ထောင်ရေး လေးတခု ဖြစ်လာဖို့က နှစ်ဦး စလုံးနဲ့ သက်ဆိုင်ပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးမှသာ ပျော်စရာဘဝ တခု ဖြစ်လာ ပါလိမ့်မယ်။
Zenith ( Magway )

Post a Comment