Header Ads

ဝင်ငွေကောင်းတဲ့ ယောက်ကျားရှိနေပါရက်နဲ့ ကျမ ဘာလို့ ပိုက်ဆံရှာနေလဲဆိုတာ


ကျမလား နဂိုကထဲကလည်း မဆင်းရဲခဲ့ ပါဘူး ။ အိမ်ထောင်ကျတော့လည်း ကိုယ့်ယောက်ျား လုပ်​စာကို ​အေး​အေးဆေးဆေး ထိုင်​စားလို့ ရပါတယ် ။ ယောက်ျားက ရသမျှ ပိုက်ဆံတွေလည်း ကျမကို အကုန် အပ်ပါတယ် ။

ကြိုက်သလို သုံး ၊ ကြိုက်သလောက်သုံး ဘာတခုမှ မမေးဘူး ။ ကိုယ်ကလည်း မဟုတ်တဲ့ နေရာမှာ သုံးထားတာ ဘာတခုမှ မရှိပါဘူး ။

အဲ့ဒါကို ကျမ ပိုက်​ဆံတွေ ဘာလို့ ရှာနေတာလဲ လို့ ​မေးစရာ ရှိ​နေရင်​ ​ပြောပြ ပါ့မယ်​ ။
ကျမ ပိုက်ဆံ ရှာတယ် ဆိုတာက ...

(1)​ ကိုယ့်ကိုယ်​ကို​ ပိုပီး ယုံကြည်​မှု ရှိ​စေတယ်​ ။

(2)​​ ဥာဏ်​စွမ်း ဥာဏ်​စ တက်​လာပါ တယ်​ ။

(3)​ ​ယောက်ျားနဲ့ က​တောက်​ကစ ဖြစ်​မဲ့အချိန်​ နည်းသွား ပါတယ်​ ။

(4)​​ မိဘတွေကိုလည်း စိတ်​ရှိသ​လောက်​ ​ထောက်​ပံ နိုင်​ပါတယ်​ ။

(5)​ ကိုယ်လှူဒါန်းလိုတဲ့ ​နေရာ စိတ်​ဆန္ဒ ရှိသ​လောက်​ လှူလို့ရပါတယ်

(6)​ ​ပိုက်ဆံရှာနေတဲ့အခါ ကိုယ့်ရဲ့စိတ်​ဟာ အားလပ်ချိန် ​မရှိ​တော့ မ​ကောင်းတာ​တွေ မ​တွေးမိ​တော့ဘူး ။

အချိန်​တန်​ရင်​ လူဆိုတာမျိုးက ရှင်​ကွဲ မကွဲရင်​​တောင်​ ​သေကွဲ ကွဲရမှာပဲ ​ယောက်ျားက ​ဖောက်​ပြန်​ရင်​​သော်လည်းကောင်း တခုခုကြောင့်သော် လည်းကောင်း မလုပ်​စားတတ်​တဲ့ မိန်းမ မဖြစ်​​အောင်​ အလုပ် ​လုပ်​ ​ငွေရှာနေရခြင်း ဖြစ်​ပါတယ်​  ။

သားသမီးတွေကိုလည်း လူပုံ အလယ်​မှာ မျက်​နှာ မငယ်​ရ​အောင်​ အခုကတည်းက ရိုးသားစွာနဲ့ ​​ငွေရှာပါတယ် ။

YadanaHtay

No comments

Powered by Blogger.