Header Ads

ဖူးစာနဲ့ ရေစက်


ဖူးစာ ဆိုတာ ပေါင်းဖက်ခြင်း ၊ ရေစက် ဆိုတာ တွေ့ဆုံခြင်း ဖြစ်တယ် ဆိုရင် နှလုံးသား ရင်ခုန်သံ စည်းချက် မညီဘဲနဲ့တော့ ရေစက် မဆုံတာက ပိုကောင်းပါလိမ့်မယ်။

ဖူးစာ ဆိုတဲ့ ပေါင်းဖက်ခြင်း ကံကလည်း အချစ်ဆိုတဲ့ လေးနက် သိမ်မွေ့တဲ့ သံယောဇဉ် မပါဘဲနဲ့တော့ စက်ရုပ် တစ်ရုပ်လို အသက်မဲ့တဲ့ သံပတ်ပေး နှလုံးသားတစ်စုံကို မစတေး ပါရစေနဲ့တော့။

ဆုတောင်း မှားခဲ့တယ် ဆိုရင်လည်း လူ့ဘဝဆိုတာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးနေရပီး လူဖြစ်ရတာ တစ်ခါတလေ တွေးကြည့်မိတယ် မတန်သလို ပါပဲလား။

ဖြစ်သင့်တာကို ဦးစားပေးရင်း ပေးရင်းနဲ့ အသက်မဲ့ပီး ခံစားချက်တွေပါ ပျောက်ဆုံးသွားခဲ့ရတဲ့ နှလုံးသား ပိုင်ရှင်တွေ ရှိနေမယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့်လည်း အချစ်နဲ့ဘဝ တစ်ထပ်တည်း မကျခဲ့ရတဲ့ လူတစ်ချို့ အတွက်တော့ ပေးလာတဲ့ ရေစက်ရယ် သတ်မှတ်ပီးသားဖြစ်တဲ့ ဖူးစာကို လက်ခံနိုင်အောင် ကြိုးစားရင်း ပျော်အောင် မနေခဲ့ရလည်း အဓိပ္ပါယ် ​ပြည့်ဝတဲ့ ဘဝတစ်ခုကို တည်ဆောက်ရမှာက သမိုင်းပေး တာဝန်တစ်ခုလိုပါပဲ။

ခံစားချက်တွေကို မျက်ကွယ်ပြုရင်း လူပီသအောင် သစ္စာစောင့်သိပီး ကိုယ်ချင်းစာစိတ်နဲ့ ဘဝကို အဓိပ္ပါယ်​ရှိရှိ ဖြတ်သန်းနေခြင်းက ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင် လှပအောင် ရေးနိုင်ခြင်းပါပဲ။

လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ်​ မကွေး

No comments

Powered by Blogger.