ဒီဆရာဆိုသူကို လုံးဝကို ရှုတ်ချ ပါတယ် ...
ပြင်ပသင် ကျောင်းဆရာ တဦး ကလေးတွေကို သူ့ထမင်းရှင် ဆိုပီး ကန်တော့နေတဲ့ vedio file တက်လာပါတယ် ။
ဆရာ တပည့် ဆိုတဲ့ ယဉ်ကျေးမှု ၊ အသက်အရွယ် ဆိုတဲ့ ယဉ်ကျေးမှု ၊ မြန်မာ့ ထုံးတမ်း စဉ်လာ ဆိုတဲ့ ယဉ်ကျေးမှု ၊ ပူဇာစ ပူဇနေယျာနံ ဆိုတဲ့ ယဉ်ကျေးမှု တွေကို ဖျက်ဆီးနေတာလား ။
ကလေးတွေကို အတုယူ မှားအောင် လုပ်နေတာလား ။ ဘာဖြစ်လို့များ တမင် ရိုက်ပြီး လိုင်းပေါ် တင်ရပါသလဲ ဗျာ ။
ထမင်းရှင် လို့ ဆိုရင်လည်း ကလေးတွေကို စေတနာ ပြန်ထား ၊ ကျေးဇူးဆပ်ပီး ထပ်ကာ ထပ်ကာ ကြိုးစားသင်ပြ အားထည့် လိုက်ပါလား ဗျာ ။ အခုတော့ ခင်များ လည်း သိက္ခာကျ ဆရာလောက လည်း သိက္ခာကျလို့ လုံးဝကို ကန့်ကွက် ရှုတ်ချပါတယ် ။
Aung Aung ( Education )
Edited
Post a Comment