Header Ads

အရမ်း အစွဲလန်းကြီးတဲ့သူ


အစွဲအလန်းကြီးတဲ့ သူတယောက်ဟာ သူ သည်းခံနိုင် သလောက်တော့ သည်းခံ ပါလိမ့်မယ် ။
ဒါပေမယ့် သူ စိတ်နာသွားရင်တော့ ဘယ်လောက်ကြီးပဲ ချစ်နေ ချစ်နေ လှည့်မကြည့် တတ်ဘူး။

အစွဲအလန်းကြီးတဲ့ သူ တယောက်ဟာ အလျော့ပေးသင့်သလောက် အလျော့ ပေးပါ လိမ့်မယ် ။
ဒါပေမယ့် ခံရပါ များလာလို့ " မာန " ကို ထိခိုက်သွားရင်တော့ ပြတ်သားသွား တတ်တယ် ။

အစွဲအလန်းကြီးတဲ့ သူတယောက်ဟာ အလွန့်အကျွံ ချစ်သင့် သလောက် ချစ်ပါ လိမ့်မယ် ။
ဒါပေမယ့် စိတ်ကုန်သွားအောင် လုပ်မိရင်တော့ ဘယ်လောက်ပဲ ချစ်နေ ချစ်နေ ဥပက္ခာ ပြုသွားတတ် ပါတယ် ။

အစွဲအလန်းကြီးတဲ့ သူတယောက်ဟာ တယောက်တည်း ကြိတ်ပြီး သင့်ကို လွမ်းလို့ ငိုကြွေးနေ ပါလိမ့်မယ်   ။
ဒါပေမယ့် သူချစ်သလောက် ပြန်မချစ်ခဲ့ရင်တော့ သင့်ကို ဘယ်လောက်ပဲ စွဲလန်း စွဲလန်း မေ့ပစ်နိုင်ပြီး စွန့်လွှတ်သွား တတ်တယ် ။

လူတယာက်က အစွဲအလန်း ကြီးလာလေလေ ပြတ်သားဖို့ အဆင်သင့် ဖြစ်နေပြီး ကိုယ့်အပေါ်မကောင်းတဲ့သူကို စွန့်လွှတ် မေ့ပျောက်ဖို့ " မာန " ဆိုတဲ့ စကားလုံးဟာ အစွဲအလန်းကြီးတဲ့ သူ တိုင်းမှာ ရှိတယ် ။

Credit

No comments

Powered by Blogger.