သင် လက်သီးကို ဘယ်လိုပုံစံမျိုး ဆုပ်လဲ
(1) စိတ်ကောင်းစေတနာကောင်းရှိသူ
သင်က စိတ်ကောင်းရှိသူ တယောက် ဖြစ်ပါတယ် ။ ထိခိုက် ရှလွယ်တဲ့ နှလုံးသား ရှိတယ် ။ သင်က လူတွေကို ကူညီ တတ်တယ် ။ ဒါပေမဲ့ တခါတခါ စိတ်မရှည် တတ်ဘူး ။ တစုံတယောက်ကို မှီခိုချင်စိတ် ရှိတယ် ။ ပြီးတော့ ကိုယ့်ကို အလေးထား ဆက်ဆံတာ လိုချင်တယ် ။ လူအများ အပေါ် အနစ်နာခံ တတ်လွန်းလို့ အခွင့်အရေးယူခြင်း ကိုလည်း ခံရတတ်တယ်။ ကိုယ့်ရဲ့ ခံစားချက်ကို ထုတ်ဖော် မပြောတတ်တာကြောင့် သင့်ရဲ့ စိတ်ရင်း အမှန်ကို အပြည့်အဝ မသိနိုင်ကြဘူး ။ ပြီးတော့ သင်ဟာ အသစ်အဆန်းတွေကို လေ့လာဖို့ အမြဲ စိတ်အားထက်သန်နေသူ တယောက်ဖြစ်တယ်။
(2) ပျော်ပျော်ရွှင်ရွှင်နေတတ်သူ
နံပါတ် 2 ပုံစံ လက်သီး ဆုပ်တတ်တဲ့ သင်ဟာ တီထွင်ကြံဆအား ကောင်းပြီး Talent တခုခုကို ပိုင်ဆိုင်သူတယောက် ဖြစ်ပါတယ် ။ လူချစ်လူခင် ပေါပြီး ဘယ်နေရာ ရောက်ရောက် လိုက်လျောညီထွေ မိတ်ဖွဲ့ပေါင်းသင်းတတ်သူ တယောက်ဖြစ်ပါတယ် ။ ထိလွယ် ရှလွယ် တဲ့ စိတ်ကလေး ရှိတယ်။ မျှော်လင့်ချင်တာတွေ ရှိပေမဲ့ ဖြစ်မလာတဲ့ အခါ နာကျင်ရမှာလည်း ကြောက်တတ်တယ် ။ အချစ်ရေး မှာတော့ လိုတာထက် ပိုပြီး တွေးလေ့ ၊ ခံစားလေ့ ရှိတာကြောင့် ပိုပြီး ခံစားရတတ် ပါတယ် ။ ဆုံးရှုံးရမှာ ကြောက်ပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ပြတတ်သူ တယောက်ဖြစ်တယ် ။
(3) နားလည်ခွင့်လွှတ် လွယ်သူ
နံပါတ် 3 ပုံစံ လက်သီး ဆုပ်တတ်တဲ့ သင်က ဟာသ ဉာဏ် ရှိသူ တယောက် ဖြစ်တယ် ။ တီထွင်ကြံဆစိတ်ရှိတယ် ။ စကားပြော ကောင်းတယ် ။ လက်တွေ့ကျကျ တွေးခေါ်တတ်သူဖြစ်ပြီး အလှအပ (သို့) အနုပညာရပ်တွေကို စိတ်ပါဝင်စားသူ တယောက်ဖြစ်တယ် ။ များသောအားဖြင့်တော့ ခပ်အေးအေး နေတတ်သူဖြစ်ပြီး သင့် စိတ်က နားလည်ရ ခက်ပါတယ် ။ အချစ်နဲ့ ပတ်သက်ရင်တော့ စိတ်မနာတတ်သေးတာက သင့်ရဲ့ အားနည်းချက် တခုလို ဖြစ်နေပါတယ်။
ကဲ ဘယ်လိုလဲ မှန်ရဲ့လား
သူငယ်ချင်းတွေ သိအောင်လည်း Share သွားဦးနော်
Credit Original
Post a Comment