ကျမရဲ့ ခံယူချက်
ကျမ အရမ်းကြီး မလှချင် ပါဘူး ။ မိန်ခလေး သိက္ခာ အပြည့် ရှိရင် ကျမ ကျေနပ်တယ် ။
ကျမက တယောက်ထဲ နေရတာကို ပိုပီး နှစ်သက်တဲ့သူမို့ ကြင်ဖော် မရှိလည်း ကျမ ကျေနပ်တယ် ။
ကျမက အရမ်း မချမ်းသာချင်ပါဘူး ။ ကိုယ့်ထက် ချို့တဲ့သူအပေါ် ပေးကမ်း စွန့်ကြဲ နိုင်သူ ဖြစ်ရင် ကျမ ကျေနပ်တယ် ။
စိတ်ကူးတွေယဉ်ပီး ကျမ ရူးမနေပါဘူး ။ ရောက်နေတဲ့ လက်ရှိ နေရာနဲ့ အချိန်ကို အစွမ်းကုန် ကြိုးစားနေရလို့ ကျမ ကျေနပ်တယ် ။
ကျမ ဘယ်သူ့ကိုမှ မှ မချစ် ၊ ဘယ်သူ့မှ မမုန်း ၊ မေတ္တာစိတ်လေး ထားနိုင်အောင် နှလုံးသွင်းထားလို့ ကျမကျေနပ်တယ် ။
ဖြစ်မလာသေးတာတွေကို တွေးကြောက်မနေဘူး ။ ဖြစ်ပြီးသွားတာတွေ အတွက်လည်း တွေဝေမပူပန်ဘူး ။ အကောင်းဆုံး ပြင်ဆင်ထားလို့ ကျမ ကျေနပ်တယ် ။
သူများ လုပ်ပေးမှ ရတာထက် ကျမ ကိုယ်တိုင် လုပ်ယူ လို့ရတာကို ပိုနှစ်သက်တဲ့ ကျမ အတွက် ကတော့ သူဌေး တယောက်ရှာပြီး သူဌေးကတော် ဖြစ်ရတာထက် ကိုယ်တိုင် ကြိုးစားလို့ ကျမပဲ သူဌေးမ ဖြစ်ချင်တာပါ ။
ရှင်ဘုရင်က တော်ကောက် လို့ မိဖုရား ဖြစ်သွားတာထက် ရဲရဲ ဝံ့ဝံ့ စွန့်စွန့် စားစား ကျမ ကိုယ်တိုင်ပဲ ဘုရင်မ ဖြစ်ချင်တာပါ ။
Credit မူရင်း
Post a Comment