ရုပ်ချောခြင်း ရုပ်ဆိုးခြင်းထက် အရေးကြီးတဲ့အရာ
ဒီစာကို ဖတ်ပြီး သင့်ရဲ့ ရုပ်ရည်ဟာ ဆိုးတယ်၊ ချောတယ် ဆိုတာထက် အရေးကြီးတဲ့ အရာကို တွေ့လာပါ လိမ့်မယ်.. သင်ရုပ် လှတယ်၊ မလှဘူး ဆိုတာဟာ သင့်ရဲ့ အတိတ်ကံနဲ့ ဆိုင်ပါတယ် ။
ဒါပေမယ့် သင့်ရဲ့ ရုပ်ရည် ကြည့်ကောင်းတယ်၊ မကောင်းဘူး ဆိုတာကတော့ ယခုဘဝ သင့်ရဲ့ပြုမူ နေထိုင်ပုံနဲ့ သက်ဆိုင်ပါတယ် ။ အတိတ်ကံက 15%ပါ ။ 75%က ယခုဘဝ သင့်ရဲ့ သပ်ရပ်စွာ ဝတ်စားဆင်ယင်မှု၊တည်ကြည်လေးနက်မှု သင့်ကိုသင် ယုံကြည်မှုရှိခြင်းနဲ့ ဆိုင်ပါတယ် ။
သင့်ရဲ့ အတိတ်ကံကြောင့် သင့်ရုပ်ဟာ လှချင်လှမယ် ၊ရုပ်ဆိုးချင်လည်း ဆိုးနေပါ လိမ့်မယ် ။ ဒါပေမယ့် သင်ဟာ ဘယ်လောက်ပဲ လှနေပါစေ သင့်ကိုသင် ယုံကြည်မှု မရှိသရွှေ့ သင်ဟာ ဘယ်တော့မှ ကြည့်ကောင်းပြီး smart ကျတဲ့သူ တစ်ယောက် မဖြစ်နိုင်ပါဘူး ။ (အလှတရား ဆိုတာ ယုံကြည်မှု ရှိသူတိုင်း အတွက် ဆုလာဒ် တစ်ခုပါ)
တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလီယျံနာ သူဌေးကြီး ဂျက်မားကို သင်မြင်ဖူးမှာပါ ။ ရုပ်ဆိုးပါတယ် ။ဒါပေမယ့် ယုံကြည်မှု အပြည့်နဲ့ အရမ်းကို ကြည့်ကောင်းနေပါတယ် ။
ယုံကြည်မှု ရှိခြင်းဟာ သင့်ရဲ့ ရုပ်ရည်တင် မကပါဘူး။ သင့်ရဲ့ အောင်မြင်မှု အတွက်လည်း အရေးပါ ပါတယ် ။ ဒါ့ကြောင့် ယုံကြည်မှု (confidence) = အောင်မြင်မှု (success) = ကြည့်ကောင်းခြင်း (looking good) ပါပဲ ။
ရုပ်ရည်ကြောင့် အောင်မြင်နိုင်တာက ခဏပါ ။ ဒါပေမယ့် အောင်မြင်မှုကြောင့် သင့်ရဲ့ ရုပ်ရည်ဟာ အမြဲကြည့်ကောင်း နေပါလိမ့်မယ် ။
သင့်ရဲ့ အောင်မြင်မှုဟာ သင့်ရဲ့ ရုပ်ရည်ပေါ်မှာ မမှီခိုပါဘူး။ ရုပ်ရည်ကတာ အောင်မြင်မှုပေါ်မှာ မှီခိုနေတာပါ ။ လှတဲ့ သူဖြစ်စေ၊ ရုပ်ဆိုးတဲ့ သူဖြစ်စေ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ သူတွေဟာ သူတို့ရဲ့ အလှကြောင့် မဟုတ်ပဲ သူ့တို့ရဲ့ ကြိုးစားမှု၊ ယုံကြည်မှု ရှိရှိနဲ့ ရှေ့ဆက်သွားမှုတွေကြောင့် အောင်မြင် နေကြတာပါ ။
အောင်မြင်တဲ့သူ လို့ဆိုတဲ့ နေရာမှာ အလှကြောင့် facebookမှာ like ထောင်ကျော် ရနေတဲ့ သူတွေကို ဆိုလိုခြင်း မဟုတ်ပါဘူး ။ ကိုယ့်ပုံကို တင်ပြီး ကိုယ်လှလားလို့ မေးနေရတဲ့ သူတွေဟာ သူတို့အလှတွေ မရှိတော့တဲ့ အချိန်မှာ သူတို့ရဲ့ like တွေလည်း နည်းလာပါလိမ့်မယ်။
သင်ဟာ အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်လာရင် သင်ရဲ့ ပုံကို သင်ကိုယ်တိုင် ပို့စ်တင်နေစရာ မလိုတော့ပါဘူး ။ သတင်းသမားတွေ ၊ မီဒီယာတွေက တင်ပေးကြပါလိမ့်မယ် ။
ဒီစာကို ဖတ်ပြီးရင် သင်တွေးရမှာက အလှအပထက် ယုံကြည်မှုအပြည့်နဲ့ ကြည့်ကောင်းနေတဲ့သူ ဖြစ်အောင် ကြိုးစားရမယ် ဆိုတာ ပါပဲ ။ သင် အမြဲတမ်း တွေးနေရမှာက သင်ဟာ ဘယ်တူနဲ့မှ မတူတဲ့ ထူးရှားတဲ့သူဆိုတာပါပဲ ၊၊
စာဖတ်ခြင်းဖြင့် ဘဝကို တိုးတက်အောင် ကြိုးစားပါ ။စာဖတ်ခြင်းဟာ သင့်ကို ယုံကြည်မှု ရှိစေပြီး ကြည့်ကောင်းတဲ့ သူတစ်ယောက် ဖြစ်စေပါတယ်။
Credit ကိုရဲ
Post a Comment