Header Ads

စိတ်ခံစားချက်ကို အလေးထားတဲ့ သူတွေ ဖြစ်တတ်တဲ့ အရာများ ...


ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အရမ်း အလေးထား ရှေ့တန်းတင်တတ်တဲ့ သူတွေက ဒီလိုမျိုးတွေ ဖြစ်တတ်တယ်

1)  ပြဿနာလေး နည်းနည်း ဖြစ်တာနဲ့ ယုံထင် ကြောင်ထင်တွေ စဉ်းစားနေ တတ်တယ် ။

2) တကယ်တမ်း စိတ်ပါလာတဲ့ အခါ ဘာကိုမှ ဂရုမစိုက်ပဲနဲ့ လုပ်တတ်တယ် ။

3) ကျေနပ်လွယ်ပြီး ၊ ဒဏ်ရာရ လွယ်တယ် ။

4) ကိစ္စတခုကို အကြာကြီး တွေးတတ်ပြီး မဟုတ်တာတွေကို စဉ်းစား တတ်တယ် ။

5) သံသယတွေ များတတ်တယ် ။ ဒါပေမဲ့ အမြဲတမ်း အကောင်းဘက်က တွေးတတ်တယ် ။

6) ဘာမှန်း မသိတဲ့ အထီးကျန်ဆန်မှု ဘယ်လိုမှ မခုခံနိုင်တဲ့ ကြောက်ရွံ့မှုတွေ ရှိတတ်တယ် ။

7) ကိုယ့်ကို ဘယ်သူကမှ စိတ်ထဲမှာ အလေး မထားကြဘူးလို့ အမြဲတမ်း တွေးနေတတ်တယ် ။

8) အပယ်ခံထားရသလိုမျိုးကြီး တချိန်လုံးခံစားနေမိတယ် ။

9) တခါတလေကျ လောကကြီးထဲ တိတ်တိတ်လေး ပျောက်ကွယ် သွားချင်တဲ့ စိတ်ကူးတွေ ရှိတတ်တယ် ။

Credit : Original Writer

No comments

Powered by Blogger.