Header Ads

မမ ဆိုတာ ဒီလိုမျိုးပါ


" မမ " ဆိုတာကို ဖြစ်ချင်ရင် အရင်ဆုံး ကိုယ့်မှတ်ပုံတင်လေးကို အရင် ပြန် ကြည့်ကြည့်ပါ ။ အသက်​ ကလေး 16 ၊17 ​လောက်​က မမ လာမလုပ်နဲ့ ။ မရဘူး ။ 2000 မတိုင်ခင် ​လောက်မှာ ​မွေးစာရင်း တင်ထားပြီး မမ လာမလုပ်ပါနဲ့ ။

မမ ဆိုတာ... အသက် အရွယ်လေးက 24 ကနေ 30 ၀န်းကျင် လေးတွေ ။ သူတို့ကို မြင်လိုက်တာနဲ့ ရင့်ကျက်​​နေ ရမယ် ။

ချောတာ မချောတာ ထက် မျက်နှာလေးကိုက တည်​တည် ​ငြိမ်​ငြိမ်​ ဖြစ်​တဲ့ဘက်ကို သွားရမယ် ။

မိန်းမ ပြီသတဲ့ ပုံစံ ပေါက်တဲ့ မျက်လုံးလေး တွေနဲ့ နှုတ်ခမ်းလေး တစုံ ရှိရမယ်

ကိုယ့်ကို ချွဲတဲ့ အခါကျရင် ​" မဆိုးနဲ့ကွာ " ဆိုပြီး လူကို ​မျောသွား​အောင်​ ရီပြတတ် ​ရမယ် ။

မဟုတ်တာလေး တွေကို ရှာကြံ ရစ်တတ်ပြီး တမင် ပြသနာ မရှာပဲ နားလည်​မှု​ ပေးတတ်​ ရမယ် ။

ကောင်​မ ​တွေ ရှုပ်​ရှုပ် ​ရှက်​ရှက် ​လာလုပ်​နေရင်​ ကမူးရှူးထိုးနဲ့ မိုက်ရူးရဲ ဆန်ဆန် ပြဿနာ မရှာပဲ တည်​ငြိမ်​စွာနဲ့ပဲ ​ဖြေရှင်း တတ်​ရမယ် ။

ဝတ်တာ စားတာကလည်း ထဘီပဲ ဝတ်ဝတ် ၊ ဘောင်းဘီ ပဲ ဝတ်ဝတ် ၊ စကတ်လေး​ပဲ ဝတ်​ဝတ်​ ၊ ဘာပဲ ဝတ်ဝတ် Gorgeous ဖြစ်​ပြီး ကြည့်ကောင်းနေ ရမယ်​ ။ ( supreme 424 ​​တောသား ဝတ်​တွေ မပါဘူး )

ကိုယ့်ရဲ့ အ​မေ လို အစ်​မ လို ချစ်​သူ လို ဆိုဆုံးမတတ်​ ရမယ်​ ။ မမဆီမှာ အကြံဉာဏ်တွေ အားကိုး တကြီး တောင်းတလို့ ရမယ် ။ နှစ်ဦးသား ​ရှေ့​ရေး အတွက်​ အမြဲ အလုပ်​​တွေ ကြိုတွေးနေ ရမယ်​ ။

မမ ​တွေ ရဲ့ အဓိက အားသာချက် တခုက တည်​ငြိမ်​မှုနဲ့ လှပတင့်တယ်မှု နှစ်ခု ပေါင်းစပ် ထားတဲ့ ဖီလင်မျိုးကို ပေးနိုင်တာ ၊ လုပ်ချင်တာ လုပ်ပီးရင်​ ခွင့်လွှတ်အောင် ချွဲလိုက်​ရုံနဲ့ ခွင့်​လွှတ်​​ပေး တတ်​တာ မမတွေ ပါ ။

ကဲ ကိုယ့်ရဲ့ မမကို ဒီ post မှာ mention ခေါ်လိုက်တော့ ။

Credit

No comments

Powered by Blogger.