Header Ads

မိန်းမဆိုတာမျိုးက ဒီလိုမျိုးတွေပါ


မိန်းမ တယောက် ဘယ်​​လောက်ကြီး​ပဲ တည်​တည် ​ငြိမ်​ငြိမ်​ ရှိတယ်​ ​ပြောပြော သူ တ​ကယ် ​ချစ်​တဲ့ ​‌ယောက်ျားကို​တော့ ဆိုးနွဲ့ပီး အနိုင်​ယူချင်တတ်​ ​ကြတယ် ​။

မိန်းမ တယောက်​ ဘယ်​​လောက်ကြီး​ပဲ ရင့်ကျက်​ခြင်း​တွေနဲ့ ပြည့်ဝတယ်​ပဲ ဆိုဆို သူ တကယ်​ ချစ်​တဲ့ ​ယောက်ျားကို​တော့ ကလေးလေး တယောက်​လို ကပ်​ချွဲ​ နေချင်​တတ် ​ကြတယ် ​။

မိန်းမ တယောက်​ ဘယ်​​လောက်‌ကြီးပဲ မာန ကြီးပါတယ် ​​ပြော​ပြော သူ တ​ကယ် ​ချစ်​တဲ့ ​ယောက်ျား ကို​​တော့​ လေးစားလို့ ရိုရို ကျိုးကျိုး နေတတ်​ကြတယ် ​။

မိန်းမ တယောက်​ ဘယ်​​လောက်ကြီး​ပဲ ထက်​မြတ်​မှု​တွေ ရှိတယ်လို့ ​ဆိုဆို သူ တ​ကယ် ​ချစ်​တဲ့ ​ယောက်ျားရဲ့ ဦး​ဆောင်​မှု ​နောက်​မှာ ဘာမှ မတတ်​ သလို​လေး နေပြတတ် ​ကြ​သေးတယ်​ ။

မိန်းမ တယောက်​ ဘယ်​​လောက်ကြီး​ပဲ စိတ်​ဓာတ် ​မာ​ကျောတယ်​ပဲ ​ပြော​ပြော သူ တကယ် ​ချစ်​တဲ့ ​ယောက်ျားနဲ့ ပတ်​သတ်​လာရင်​ စိတ်​နှလုံး ​ပျော့ညံ့ လို့ ဝမ်းနည်း တတ်​ကြ ​သေးတယ် ​။

မိန်းမ တယောက်​  ဘယ်​​လောက်ကြီး​ပဲ ရိုင်းစိုင်​ ကြမ်းတမ်းတယ် ​ပဲ ဆိုဆို သူ တကယ် ​​ချစ်​တဲ့​ ယောက်ျား ​ရှေ့မှာ​တော့ နူးညံ့ သိမ်​​မွေ့ သွားတတ်​ ကြတယ် ​။

မိန်းမ တယောက်​ ဘယ်​​လောက်ကြီး​ပဲ​ အေး​အေး ​နေတတ်တယ် လို့​ပဲ ​ပြော​ပြော သူ ချစ်​တဲ့ ​ယောက်ျားက တ​ခြားသူ တယောက်​ အ​ကြောင်း စကားထဲမှာ​ ယောင်​လို့ ပါလာရင်​​တောင်​ မဟုတ်​မှန်း သိသိကြီးနဲ့ သဝန်​ တိုတတ် ​ကြ​သေးတယ်​။

တကယ်​​တော့  မိန်းမ​တွေ ဟာ​လေ ဘယ်​သူ​တွေ ဘာတွေပဲ ပြော​ပြော သူတို့ တ​ကယ် ​ချစ်​မိ သွားပြီဆို အဲဒီ ​ယောက်ျားကို ဆိုးနွဲ့ဖို့ ၊ စိတ်​​ကောက်​ဖို့ ၊ သိမ်​​မွေ့ဖို့ ၊ သဝန်​ တိုဖို့ ၊ ဝမ်းနည်းဖို့ ၊ ရိုကျိုးဖို့ ၊ ကပ်​ချွဲဖို့ ၊ အချော့ ခံဖို့ ၊ ချုပ်​ချယ်​ ဖို့ရာ သူတို့ အပြင် ​နှစ်​​ယောက်​ မရှိတတ်​ကြ ဘူး​လေ ။

Credit

No comments

Powered by Blogger.