Header Ads

ပျော်ပျော်နေတဲ့ ကောင်လေးတွေကို ချစ်သူတော်သင့်တဲ့ အချက် (10) ချက်


1) ရယ်မော နေရတယ်။

သင်တို့နှစ်ယောက် အတူတူ ရှိနေချိန်မှာ သင့်ချစ်သူရဲ့ ရယ်စရာ ဟာသလေးတွေနဲ့ အမြဲတမ်း ရယ်မောနေရ တာကြောင့် သင့်မှာ ပျင်းချိန်တောင် မရှိပါဘူး။

2) ဆွဲဆောင်မှု ရှိတယ်။

ဟာသ ဉာဏ် ဆိုတာ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး လျှပ်တစ်ပြက် အရွှန်း ဖောက်နိုင်တဲ့ ပင်ကိုယ်ပါရမီ တစ်မျိုးပါ။ သင့်ရဲ့ ချစ်သူ ဘယ်အချိန်မှာ ဘယ်လို အရွှန်းထဖောက်မယ် ဆိုတာ သင်မခန့် မှန်းနိုင်တာကိုက သင့်ချစ်သူရဲ့ ဆွဲဆောင်မှု တစ်ခုပဲ ဖြစ်ပါတယ်။

3) စာနာ တတ်ကြတယ်။

သူတစ်ပါးကို ရယ်မော ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်တဲ့ သူတွေဆိုတာ သူတစ်ပါးရဲ့ ခံစားချက်ကို ဂရုစိုက် တတ်ကြ သူတွေပါ။ ဒါကြောင့် သင်လည်း သင့် ခံစားချက်ကို စာနာတတ်တဲ့ ချစ်သူမျိုးကို ရရှိထားတာ ဖြစ်ပါတယ်။

4) စိတ်လှုပ်ရှားစရာ ကောင်းတယ်။

တစ်ခါတလေမှာ သင့်ကိုယ်သင် သတိမထားမိတဲ့ အပြုအမူတွေကို သင့်ချစ်သူက စစ်စစ်ပေါက် ပေါက်မြင်ပြီး ဟာသလေးတွေနဲ့ ရယ်စရာ ဖြစ်အောင် ပြုလုပ်တတ်တယ်။ ဒါဟာ သင့်အတွက်တော့ စိတ်လှုပ်ရှား ပျော်ရွှင်စရာ ပါ။

5) သင့်ရဲ့ ခက်ခဲတဲ့ အချိန်တွေကို ပေါ့ပါးစေတယ်။

ဟာသဓာတ်ခံ ရှိသူတွေရဲ့ အားသာချက်က အခက်အခဲတွေ ကိုတောင် ပေါ့ပေါ့ပါးပါး ရင်ဆိုင် ဖြေရှင်းတတ်ကြတာပါပဲ။ သင့်မှာ အခက်အခဲတွေ ကြုံလာရင်လည်း သင့်ချစ်သူက သင့်ရဲ့ ပူပန်မှုတွေကို လျော့ပါးအောင် ကူညီဖြေရှင်း ပေးနိုင်မယ့် သူပါ။

6) သင့်ရဲ့ သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေတယ်။

သူငယ်ချင်းတွေနဲ့ အတူ ရှိနေချိန်မှာ သင့်ချစ်သူကြောင့် ရယ်မောပျော်ရွှင် ရတဲ့အတွက် သင့် သူငယ်ချင်း တွေကလည်း သင့် ချစ်သူအပေါ် ခင်မင်ကြတယ်။

7) သင် ငိုနေချိန်မှာ ပြုံးရယ်အောင် လုပ်ပေးတယ်။

တခြား သူတွေကိုတောင် ပျော်ရွှင်အောင် လုပ်ပေးတဲ့ သင့် ချစ်သူဟာ သင်ငိုကြွေးနေချိန်မှာ သင့်ကို ပျော်ရွှင်အောင် လုပ်ပေးလိမ့်မယ် ဆိုတာ သံသယ ဝင်စရာ မလိုပါဘူး။ သင့်ချစ်သူဟာ သင် စိတ်ညစ်နေချိန်မှာ သင့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ့် အကောင်းဆုံး ချစ်သူပါ။

8) ဘဝရဲ့ အမြင်သစ်တွေ တိုးလာတယ်။

ဘဝကို ပျော်ရွှင်အောင် တည်ဆောက်နေတဲ့ သင့်ချစ်သူဆီကနေ ဘဝကို ဘယ်လို ပျော်ရွှင်အောင် တည်ဆောက်ရမယ် ဆိုတဲ့ နည်းလေးတွေ သိမြင်လာတဲ့အတွက် သင့် နေ့ရက်တွေတိုင်းကို ပိုတန်ဖိုးထား တတ်လာတယ်။

9) ပျော်ရွှင်မှုတွေကို ဝေမျှတတ်လာတယ်။

စိတ် အကြည်ဓာတ် ဆိုတာ ကူးစက်တတ်ပါတယ်။ သင့်ကို ပျော်ရွှင်အောင် လုပ်ပေးတဲ့ သင့်ချစ်သူကြောင့် သင့်ပျော်ရွှင်မှု လေးတွေကိုလည်း အခြားသူတွေအပေါ် ပြန်မျှဝေ ပေးတတ်လာတယ်။

10) ရန်ဖြစ်ရချိန် နည်းတယ်။

ပြသနာ တစ်ရပ်ဆီ ဦးတည်နေတဲ့ အခြေအနေမျိုး မှာတောင် သင့်ချစ်သူက ဟာသဉာဏ်နဲ့ ပေါ့ပေါ့ပါးပါး ဖြစ်အောင် ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် ရန်လည်း ခဏခဏ ဖြစ်စရာ မလိုတော့ပါဘူး။

သင့်မှာလည်း သင့်ကို အမြဲတမ်း ပြုံးပျော်စေတဲ့၊ သင့်ရဲ့ နေ့ရက်လေးတွေကို ပျော်ရွှင်အောင် ပြုလုပ် ပေးတတ်တဲ့ ချစ်သူ တစ်ယောက် ရှိနေတယ် ဆိုရင် သင်ဟာ ကံကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပြီဆိုတာ ယုံကြည်လိုက်ပါနော်...

credit original

No comments

Powered by Blogger.