ဒီလိုမိန်းမတွေကို လေးစားတယ်
လောကကြီးမှာ ဘဲက ပစ်သွားလို့ ငိုကြွေးပြီး ဘဝကို မရပ်တည်နိုင် တော့တဲ့ မိန်းမတွေ အစား လင်ယောက်ျားက ဖောက်ပြန်သွားလို့ ကလေးတွေ လက်ဆွဲပီး လောကဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နေတဲ့ မိန်းမတွေကို လေးစားတယ် ။
လောကကြီးမှာ ဘဲနဲ့ ပြတ်လို့ ဘဝခရီး ရှေ့မဆက်နိုင်တဲ့ မိန်းမတွေအစား ယောကျာ်းနဲ့ ကွဲပေမဲ့ တယောက်ထဲ ဘဝခရီး ရှေ့ဆက်နေတဲ့ မိန်းမတွေကို လေးစားတယ် ။
လောကကြီးမှာ ဘဲက ကိုယ့်ကို လမ်းခွဲသွားလို့ ဆိုပီး ကိုယ့်ကိုယ်ကို နှိပ်စက် နေတဲ့ မိန်းမတွေ အစား စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ယောက်ျားနဲ့ လမ်းခွဲပြီး ကိုယ့်ရဲ့ သားသမီး ကောင်းစားရေး အတွက် ဘဝခရီး ရှေ့ဆက် နေတဲ့ မိန်းမတွေကို လေးစားတယ် ။
လောကကြီးမှာ ဘဲတွေ အများကြီး တွဲပြီး ကိုယ်ကိုယ့်ကိုဂုဏ်ယူနေတဲ့မိန်းမတွေအစား ယောက်ျားတစ် ယောက်ျားကို ရိုးမြေကျပေါင်းနေတဲ့ မိန်းမတွေကို လေးစားတယ်
လောကကြီးမှာ ရည်းစားအတွက် ပေးဆပ်နေတဲ့ မိန်းမတွေအစား ကိုယ်သားသမီး ဘဝအတွက် ပေးဆပ်နေတဲ့ မိန်းမတွေကို လေးစားတယ်
လောကကြီးမှာ ရည်းစားနဲ့ပြတ်လို့ အသဲ ကွဲနေတဲ့ မိန်းမတွေ အစား ယောက်ျားနဲ့ ပြတ်လို့ တခုလပ် ဖြစ်သွားပြီး ကိုယ့်ဘဝ ကိုယ် ရပ်တည် နေတဲ့ မိန်းမမျိုးကိုမှ မိန်းမ လို့ ခေါ်ချင်တယ် ။
ယောက်ျား တယောက်နဲ့ ပြတ်လို့ မျက်ရည်ခံ ထိုးပြီး ငိုစား ရယ်စား လုပ်နေတာထက် ပြတ်သားတဲ့ မိန်းမ တွေပဲဖြစ်စေချင် တယ် ။
Credit
Post a Comment