Header Ads

တနင်္ဂနွေ သားသမီးတို့ရဲ့ စိတ်နေစိတ်ထား


တနင်္ဂနွေ သားသမီး များဟာ လူ့ဘဝကို စရောက်ပီ ဆိုကတည်းက စိတ်ကြီးတယ် ။ ငိုလွယ်တယ် ။ ဒေါသဖြစ်လွယ်တယ် ။ ပျော်ပျော်လည်း နေတတ်သလို ဒေါသဖြစ်ရင်လည်း သူမဟုတ်တော့တဲ့ အတိုင်းပါပဲ ။

မိသားစု အပေါ်မှာလည်း သံယောဇဉ် အရမ်း တွယ်တာတတ် သလို ဆွေမျိုးသားချင်းတွေ ကိုလည်း ချစ်တတ်ကြတယ် ။  တနင်္ဂနွေ သားသမီးတွေဟာ မိသားစုအပေါ်ကို အရမ်း သိတတ်တယ် ။

စွန့်စားပီး ပေးဆပ်တတ်တာလည်း တနင်္ဂနွေ သားသမီး တွေပါ ။ တနင်္ဂနွေ သားသမီးများဟာ စိတ်ပြတ်သားသလောက် အစွဲအလန်းလည်း အရမ်းကြီးပါတယ်  ။ တယောက်ဆို တယောက်ပဲ တွယ်တာတတ်တယ် ။

ကိုယ်လိုချင်တဲ့ အရာကို သူများလက်ထဲကို မရောက်စေချင်တာ တနင်္ဂနွေ သားသမီးတွေပါ ။ တခါတလေ တစ်ယူသန်တဲ့ စိတ်တွေလည်း ရှိတတ်ကြတယ် ။ ဒါဆိုရင် ဒါပဲ မပြောင်းလဲ တတ်ဘူး ။ ခေါင်းမာတတ်ကြတာ တနင်္ဂနွေ သားသမီးတွေပါ ။

အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့ နေရာကို ရောက်အောင် သွားတတ်ကြတယ် ။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဖြစ်အောင် လုပ်တယ် ။ ဘယ်တော့မှ လက်မလျော့တာ တနင်္ဂနွေ သားသမီးတွေပါ ။

တနင်္ဂနွေ သားသမီးတွေဟာ အပြင်မှာ ပြတ်သားသလို နေတတ်ကြ ပေမဲ့ ရင်ထဲမှာတော့ အစွဲအလန်းကြီးတတ်တဲ့ သူတွေပဲဖြစ်တယ် ။

ကိုယ့်ရဲ့ အရှေ့မှာ စိတ်မကောင်း စရာတွေ တွေ့ရင် သနားတဲ့ စိတ် ရှိတယ် ။ ကူညီလိုတဲ့ စိတ်တွေလည်း တနင်္ဂနွေမှာ အပြည့် ရှိပါတယ် ။

အလုပ်လုပ်တဲ့ နေရာတွေမှာတော့ နည်းစနစ် ရှိရှိ လုပ်ကိုင်တတ်ကြတာ တနင်္ဂနွေ သားသမီးတွေပါ ။

တနင်္ဂနွေ သားသမီးများဟာ အားနေရင် သီချင်း နားထောင်တာတို့ ၊ သီချင်း ဆိုတာတို့ ဝါသနာပါပြီး စိတ်အေးလက်အေး နေရတာကို နှစ်သက်တတ် ကြတယ် ။

စကားပြောရင် တည်ငြိမ်စွာနဲ့ ပြောဆို တတ်ပြီး စွဲဆောင်မှု ရှိစွာနဲ့ ပြောဆို တတ်တဲ့ အကျင့်လေးကို ပိုင်ဆိုင်ထားကြတာလည်း တနင်္ဂနွေ သားသမီးတွေပါ ။

တနင်္ဂနွေ သားသမီးများရဲ့ အချစ်ရေး ကတော့ ချစ်သူချင်း အရမ်း ချစ်တတ်ကြမဲ့ အနေဝေးနေ ကြတယ် ။

Love Short Notes

No comments

Powered by Blogger.