Header Ads

လွတ်လွတ်လပ်လပ် ချစ်ပါ


ချစ်ပါ
ဒါပေမယ့် ဖြုစင် သန့်ရှင်းနေပါစေ ။
ကိုယ်က ပေးသလောက် ပြန်မရတဲ့ အရာတွေ ထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါပါတယ် ။

ချစ်ပါ
ဒါပေမယ့် အရမ်းကြီး မမျှော်လင့်ပါနဲ့ ။
အသွားအပြန် အချိုး မညီတဲ့ အရာတွေထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါတယ် ။

ချစ်ပါ
ဒါပေမယ့် အရမ်းကြီး အားမကိုးပါနဲ့ ။
တခါတခါ စိတ်ကူးနဲ့ ထပ်တူ မကျတဲ့ အရာတွေ ထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါတယ် ။

ချစ်ပါ
ဒါပေမယ့် အရမ်းကြီး စိတ်ကူး မယဉ်ပါနဲ့ ။
အဆိုး အကောင်း ဒွန်တွဲနေတဲ့ အထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါတယ် ။

ချစ်ပါ
ဒါပေမယ့် အရမ်းကြီး အစွဲအလမ်း မထားပါနဲ့ ။
ပြတ်သားနိုင် သမျှ ပြတ်ပြတ် သားသား ပေးဆပ်လိုက်တာ ကောင်းတဲ့ အရာထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါတယ် ။

ချစ်ပါ
ဒါပေမယ့် အရမ်း အယုံ မလွယ်ပါနဲ့ ။
နေ့စဉ် ပြောင်းလဲနေတဲ့ အရာတွေထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါတယ် ။

ချစ်ပါ
ဒါပေမယ့် မတောင့်တနဲ့ ။
ကိုယ် ထင်ထားသလို ဖြစ်မလာနိုင်တဲ့ အရာတွေ ထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါတယ် ။

ချစ်ပါ
ဒါပေမယ့် အနှောင်အဖွဲ့ မထားပါနဲ့ ။
တခါတရံမှာ လွတ်လပ်စွာ အဝေးကနေသာ ချစ်ဖို့ ထိုက်တန်တဲ့ အရာတွေထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါပါတယ် ။ 

NgeNgeHtinKyaw

No comments

Powered by Blogger.