အပျိုကြီးများအတွက် ကြေငြာချက်များ
အပျိုကြီးများ အတွက် ကြေငြာချက်များ ... ကြေညာချက် အမှတ် ၁ /၂၀၁၈ ( အပျိုကြီးများ သိစေရန် )
သတ်မှတ်ချက် (က)။ အသက် ၂၇ နှစ် ကျော်ပြီး လက်ဆုပ်လက်ကိုင် ရည်းစား မပြသေးနိုင်သူ အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည် ။ ( ရှိပါက ဆုပ်လည်း ဆုပ်ပြရမည် ကိုင်လည်း ကိုင်ပြရမည်.. အော်.. လက်ကို ပြောတာပါ ) ယခင်က experience ဟောင်းများကို ခံစားခွင့်ရမည် မဟုတ်ချေ ။ လက်ရှိ မျက်မှောက် အခြေအနေကိုသာ ဆိုလိုသည် ။ သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ ... လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်း အစား ထိုးခြင်း ပြုလုပ်ပါက ပြင်းပြင်း ထန်ထန် အရေးယူခြင်း ခံရမည်ဖြစ်သည်။
သတ်မှတ်ချက် (ခ)။ လက်ရှိ ရည်းစား ရှိသော်လည်း လစာကို လည်းကောင်း ကုန်ဈေးနှုန်းကို လည်းကောင်း အမျိုးမျိုး အကြောင်းပြပြီး လက်ထပ်ရန် အချိန်ဆွဲနေသူ များသည်လည်း နောက်တိုး စာရင်းဖြင့် အကျုံး ၀င်ကြောင်း ရှင်းလင်းစွာ သိရှိစေရမည် ။
တားမြစ်ချက် (က/၁)။ အမျိုးသားများနှင့် ပါတ်သတ်ပီး ထိုသတ်မှတ်ချက်နှင့် ကိုက်ညီသော အပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော် လည်းကောင်း ငယ်ရွယ်သူ အမျိုးသမီး ငယ်လေးများကိုသော် လည်းကောင်း ယောက်ျားမကောင်းကြောင်း ပြောကြားပါက အပြစ်ကြီးပါက ချက်ခြင်း ကတုံးရိတ်ပြီး သီလရှင် ၀တ်ပေးခံရမည် ဖြစ်သည်။ ( သို့မှသာ ယောက်ျားများနှင့် ကင်းအောင်နေနိုင်မည်ဖြစ်သည်)
တားမြစ်ချက် (က/၂)။ အချစ်ရေးနှင့် ပါတ်သတ်ပြီး အချစ်သည် မကောင်းကြောင်း အထက်ပါအတိုင်း ကျူးလွန်ပါက မြို့လည်ခေါင် လူစည်ကားရာ (ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအ၀ိုင်း၊ အခြားနယ်မြို့များ ဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁ နာရီတိတိ မချစ်ရင် မနေနိုင်တာကလွဲလို့ သီချင်းကို အော်ဆိုရမည်။ (သို့မှသာ အပြစ်ကို အကျိုးဆောင်ပြီး ကျေစေနိုင်မည်ဖြစ်သည်)
တားမြစ်ချက် (က/၃)။ အိမ်ထောင်ရေးနှင့် ပါတ်သတ်ပြီး အထက်ပါ အကျုံးဝင်သူ အပျိုကြီးများသည် အိမ်ထောင်ရေး မကောင်းကြောင်းကို (ဟုတ်သော်ရှိ မဟုတ်သော်ရှိ) မကောင်းကြောင်း ပြောကြားခဲ့သည်ဖြစ်သော် အိမ်ထောင်ရေးကောင်းကြောင်း နှစ်သိမ့်ဆွေးနွေး ပညာပေးသင်တန်းတွင် စာတွေ့လက်တွေ့ကို ကာလအပိုင်း အခြားတခုအထိ သင်တန်းတက် ရောက်ရမည်။
မှတ်ချက် (၁)။ ကာလအပိုင်းအခြား ဆိုသည်မှာ ကျူးလွန်သည့်အပြစ် အလေးအပေါ့ ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်း သိရှိစေရမည်။ တဆက်တည်းတွင် ထိုသင်တန်းအတွက် သင်တန်းနည်းပြ ဆရာများ အလိုရှိနေသည်ဖြစ် ရာ ယောက်ျားတို့ တတ်အပ်သော ပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း အသက်အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ လာရောက် လျောက်ထားနိုင်သည်။ (လူဦးရေ ကန့်သတ်မထားသော်လည်း ဦးရာလူ နေရာကောင်း ရမည်)
မှတ်ချက် (၂)။ အဆိုပါ အပျိုကြီးများ ပြစ်မှု ကျူးလွန်ရာတွင် ပါးစပ်ဖြင့် မပြောသော်လည်း Online မှ chat ခြင်း Fb တွင် ပို့စ်ရေးသားခြင်း Mail ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။
Final တားမြစ်ချက်။ ယောက်ျားများ၏ အချစ်သည် မယုံကြည်ရသောကြောင့် ၄င်းတို့နှင့် အိမ်ထောင်မပြုသင့် ဟု ပြောဆိုခဲ့ပါမူ တားမြစ်ချက် (၁။က/ခ/ဂ)တို့အား တပြိုင်နက် ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃) ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။
နောက်ဆုံးပိတ်ကြေညာချက်။ အကျုံးဝင်သူ အားလုံးတို့သည် ပြစ်မှု မကျူးလွန်ရသေးလင့်ကစား အချိန်မရွေး ပြစ်မှု ကျူးလွန်နိုင်သူများ ဟု သတ်မှတ်ပြီး အပြည်ပြည်ဆိုင်ရာ လူသားမျိုးနွယ် စောင့်ရှောက်ရေး အသင်းကြီးမှ နေ့ည မပြတ်စောင့်ကြည့်ခြင်း ခံရမည်။ အခါအခွင့်သင့်သော လူသားမျိုးနွယ် စောင့်ရှောက်ရေး ဆွေးနွေးပွဲများတွင် ဓါတ်ပုံနှင့်တကွ ရှုံ့ချခြင်း ခံရမည်။ အပျိုကြီးများ ရှင်းလင်းစွာ နားလည် သဘောပေါက်စေလိုသည်မှာ မိမိတို့ ညံ့ဖျင်းသောကြောင့်သာ ဘ၀ကြင်ဖော် ရှာမရသေးသည် ဖြစ်ကြောင်းပင် ဖြစ်သည်။
(ကြေညာချက် ၂/၂၀၁၈ မကြာမီ မျှော် ... ) အပြည်ပြည်ဆိုင်ရာ လူသားမျိုးနွယ် စောင့်ရှောက်ရေး အသင်းကြီး :)
Loveအတိုအစလေးများ ၊မြန်မာပြည်ရုံးခွဲ။
Post a Comment