မမ နဲ့ ခေး ဘာကို ရွေးမလဲ ...
TV channel တခုက Interview လေး တခု ကြည့်လိုက် မိတယ် ။ မေးခွန်းလေး ကတော့ " မမနဲ့ ခေး ဆိုရင် ဘယ်သူ့ကို ချစ်မလဲ " ဆိုတဲ့ မေးခွန်းလေး ဖြစ်ပါတယ် ။ ယောကျာ်းလေး 90% ကတော့ မမကို ချစ်ပါတယ် တဲ့ ။ ဖြေနေလိုက် ကြတာများ တပုံတခဲ ပဲ ။
အဲ့ဒါဆိုရင် မမ တွေကို ဘာကြောင့် ချစ်တာလဲ မေးတော့ ယောကျာ်းတိုင်း ပြောတဲ့ စကားက " ကြီးရင် မှီ ငယ်ရင်ချီ " တဲ့ ။ အဲ့ဒါကိုဗျာ တောင်ကြီးက ကောင်မလေး တယောက်က " ယောကျာ်း ဖြစ်ပြီး ထမိန်နား ခိုစားချင်တဲ့ ဟာတွေ ၊ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ပြောနေ လိုက်တာ စောက်ခေးလေး အသက်တောင် 18 မပြည့် သေးဘူး ။ ပြောနေ လိုက်တာများ ဆရာမကြီး အထာနဲ့ ။ သူပဲတတ် သူပဲသိတဲ့ အတိုင်းဘဲ ။
အဲ့ ခေးမကို ပြောပြမယ် ။ သေချာ နားထောင် ဖတ်ကြည့် ။ လေကြော မရှည်နဲ့ ။ ဒီစာကို ဖတ်ပြီးရင် ဆုံးဖြတ်လိုက်။ စောက်ခေးလေး ။
ယောကျာ်းလေး 90 % က ခလေး တွေကို မချစ်ကြဘူး ။ အဲ့ဒါ ဘာကြောင့်လဲ သိလား .. ။ ပြောလိုက်ရင် ခလေး ခလေး အမြင်ကို ကတ်တယ် ။ အဲ့ ခလေး မြတ်ကျွေးရင် စားမလား ။ ပြီးတော့ ဘာလဲ ... ခလေးက ရစ်ရင် စိတ်ဆိုးရဘူး ။ ဘာလဲ ... ယောကျာ်းတွေကို မရစ်တတ်ဘူး ထင်နေလား ။ မှားသွား လိမ့်မယ်နော် .. ရစ်တတ်တာမှ ဟိုဘက်ကမ်းတောင် ရောက်တယ် ။
ရစ်တာဆိုတာက အရက်သောက်ထားမှ မဟုတ်ဘူး ။ အရက် မသောက်လဲ ရစ်တတ်တယ် ။ မပြောချင်လို့ ကြည့် နေတာ " အရူး စိတ်ချမ်းသာရင် ကမ္ဘာကြီး အေးချမ်း ပါတယ် " လေ ။ ခလေးက ဆိုးချင် နွဲ့ချင်တာ ပါတဲ့ ။ တော်ရုံ တန်ရုံ လုပ်ပါကွာ ။ အဲ့ကြောင့် ခလေးတွေကို စိတ်ပျက်တာ ။
ဒီလို တိုးတတ်နေတဲ့ ခေတ်ကြီးမှာ ၊ အချိန်ကို တန်ဖိုး ထားနေကြတဲ့ ခေတ်မှာ အဲ့ စောက်ပြသနာ တရာ လောက်ကို ဒိုင်ခံပြီး မရှင်းနိုင်ဘူး ။ စိတ်ဆိုးရင်လည်း တော်ရုံ ဆို တော်ပီပေါ့ ။ တလလောက် လာ မလုပ်နဲ့ ။ နောက်တယောက် ဖြစ်သွား မှာ ။
ပြောလိုက်ရင်လည်း အာဒမ်နဲ့ ဧဝ ရဲ့ အချစ်ကို သဘောကျတယ် တဲ့ ။ တောမှာ သွားပြော ။ သဘော ကျမှာပေါ့ ။ မသိရင် ဘောပင် စာအုပ် ယူ မှတ်ထား သောက်ခေးတွေ ။ အဲ့ဒီတုန်းက အာဒမ်မှာ စော် ဆိုလို့ ဧဝ တယောက်ထဲ ရှိတာ ။ အဲ့ဒါကြောင့် ဆိုးဆိုး ကောင်းကောင်း ချစ်နိုင်တယ် ။ ခုက စော်တွေ အများကြီးဘဲ ။
နောက်ပီး မှတ်ထား စိတ်ဆိုတာ လေတိုက်ရင် လွင့်ပြယ်သွားတဲ့ သစ်ရွက် လိုပဲ ဟဲ့ ။ ဟိုရောက် ဒီရောက် ဟ ။ ကြွေတယ် ဆိုတာ သစ်ရွက် ။ ဒါပေမယ့် ပြန်ကောက် ထားတယ် ။ မဟုတ် ဆိုရင် အမှိုက် ဖြစ်တယ်ဟ ။
အဲ့ဒါတွေကြောင့် ခေးတွေကို သိပ် မချစ်ကြတာ ။ မချစ်တတ်လို့ ပြောတာ မဟုတ်ဘူး ။ မပြောတတ်လို့ မချစ်တာ ။
အဲ .... မမ တွေကတော့ တည် ငြိမ်တယ် ။ လောကကြီး အကြောင်းကို ပိုသိတယ် ။ မမတွေက အလိုက် သိတယ် ။ နားလည် ခွင့်လွှတ်တယ် ။ စိတ်သဘောထား ကြီးတယ် ။ အဲ့ဒါတွေ ကြောင့် ယောကျာ်းလေး 90 % က မမ တွေကို ချစ်ကြတယ် ။ ရှင်းပြီလား ။
ဒါပေမယ့်လည်း ကျနော်ကတော့ မမတွေကို NO ပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ မမတွေက ဇီဇာ ကြောင်လွန်းတယ် ဗျာ ။ ရခိုင်လို ပတ်ပတ် စက်စက် ပြောရရင် " ဂျီးဂျွတ်တိ မနားချင့် " တဲ့ ။
မမတွေ မဝုန်းရဘူးနော် .. ။ မောင်လေးက ချစ်လို့ စတာကို ။
Credit
Post a Comment