ငါတို့က သူငယ်ချင်းတွေလေ ....
နင့်ရဲ့ ချစ်သူ ကောင်မလေး နဲ့ အဆင်မပြေလို့ ဝမ်းနည်းနေတဲ့ အခါ ငါ့ရဲ့ ပုခုံးလေးပေါ်မှာ မှီထားပါ ။
ငါ နင့်ရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးပြီး နင့်ကို ဖြေသိမ့် ပေး ပါ့မယ် ။
နင် တယောက်ထဲ အထီးကျန်နေတဲ့ အချိန်တွေမှာလည်း ငါ့ကို ခေါ်ပါ ။
ငါ နင်နဲ့ အတူတူ အရက် သောက်ပေးပြီး ငါ့ အချိန်တွေကို မျှဝေပေး ပါ့မယ် ။
နင် စိတ်ဖိစီးမှုတွေ များနေတဲ့ အခါ ငါ့ကို ခေါ်လိုက်ပါ ။
ငါတို့ နှစ်ယောက် လမ်းဘေး မုန့်ဆိုင်တန်း လေးတွေ ကနေ နိဗ္ဗာန် အထိ အတူတူသွားကြမယ်လေ ။
နင့်ရဲ့ လက်သည်းလေးတွေ ရှည်လာတဲ့ အခါ ငါ့ကို ပြောပါ ။
ငါ နင့်ရဲ့ လက်သည်းလေးတွေ ညှပ်ပေးတဲ့သူ ဖြစ်ချင်လို့ပါ ။
နင် နေမကောင်း ဖြစ်နေတဲ့ အချိန်မှာ ငါ့ကို လှမ်းခေါ်ပါ ။
ငါ နင့် နဖူးလေး ပေါ်မှာ ရေခဲလေးတွေ ကပ်ပေးမယ် ။
နင် ဒုက္ခ ရောက်နေတဲ့ အခါတွေမှာ ငါ့ကို ခေါ်ပါ ။
နင် ဝမ်းနည်းနေတဲ့ အချိန်တွေ မှာ ငါ့ကို ခေါ်ပါ ။
နင် အထီးကျန်နေတဲ့ အချိန်တွေမှာ ငါ့ကို ခေါ်ပါ ။
ငါ ..... နင့်ရဲ့ မိန်းကလေး သူငယ်ချင်း အနေနဲ့ ရှိနေပေး ပါ့မယ် ။
ငါတို့က သူငယ်ချင်းတွေ မဟုတ်လား .....
Credit
Post a Comment