Header Ads

အတူတူရှိနေမှ ပြည့်စုံတဲ့ လင်မယား


လင်နဲ့မယား ဆိုတာက အတူတူ ရှိနေမှ ပြည့်စုံတာပါ ။ ဘယ်အရာတွေ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ ၊  ပိုက်ဆံ ငွေကြေး စည်းစိမ် ဘယ်လောက် ပြည့်စုံ ချမ်းသာနေပါစေ ယောက်ျား မရှိတဲ့ မိန်းမ တယောက်ရဲ့  ဘဝက လုံခြုံမှု မရှိသလို မိန်းမ မရှိတဲ့ ယောက်ျား တယောက်ရဲ့ ဘဝကလည်း မပြည့်စုံ ပါဘူး ။

အိမ်ထောင်ပြုတယ် ဆိုတာ တသက်လုံး အတူတူ လက်တွဲပီး အခက်အခဲတွေကို အတူတူ ရင်ဆိုင်ဖြေရှင်း ကြမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ချစ်သူကို ရွေးချယ် လက်ထပ်ခဲ့ ကြတာပါ ။

တယောက်နဲ့ တယောက် အလိုမကျမှု တွေကို ညှိနှိုင်းပြီး တယောက် မကြိုက်တာ တယောက် မလုပ်ဘဲရှောင် မယ်ဆို အဆင်ပြေလာ မှာပါ ။

နောက် အရေးကြီးဆုံး တခုက ကိုယ်ရဲ့ ရင်သွေးလေးတွေကို မိတကွဲ ဖတကွဲ ဖြစ်အောင် မလုပ်မိဖို့  ပိုအရေးကြီးပါတယ် ။ မိဘနေရာ ရောက်လာပြီ ဆိုရင် ကိုယ့်ရင်သွေးလေး အတွက် ဦးစားပေး စဉ်းစားရမယ် ။ ရင်သွေးလေးကို တန်ဖိုးထားရမယ် ။

သူတို့လေးတွေကို လူလောကကြီးထဲ ရောက်လာချိန်ကစလို့ ရဲဝံ့စွာ လျှောက်လှမ်း နိုင်ဖို့နဲ့ ကိစ္စမှန် သမျှ မှန်ကန်စွာဆုံးဖြတ်နိုင်ဖို့ ဘဝရပ်တည်မှု မှန်ကန်စေဖို့ သင်ပြညွှန်ပြပေးဖို့ လိုပါတယ် ။ လူကောင်း လူတော်လေးတွေ လူရည်ချွန်လေးတွေ ဖြစ်အောင်ပေါ့ ။

ဒါတင် မကသေးဘူး အိမ်ထောင်တခုမှာ အချစ်ဆိုတာလဲ အရေးကြီးတဲ့ဏ္ဍတစ်ခုပါ ။ အချစ်ကိုတန်ဖိုးထားရမယ် ။ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုးဆိုသလို ပြုပြီးသား အိမ်ထောင် တည်ပြီးသား ဘုရား ထိုးပြီးသား မှင်ရည် ပြန်ဖျက်လို့ မရပါ ။

ဒါ့ကြောင့် နှစ်ဖက်မိဘ ဆွေမျိုး ပတ်ဝန်းကျင် ကလဲ ခိုင်မြဲတဲ့  အိမ်ထောင်ရေး ကိုတစ်သက်လုံး တည်မြဲအောင် ထိန်းသိမ်းတတ်ဖို့  မိသားစုဘဝ တည်ထောင်တတ်ဖို့  သင်ပြပေးသင့်ပါတယ် ။

နှစ်ယောက်ပေါင်းမှ တဘဝလို့ ထင်မှတ်ပြီး တယောက်ဘဝ တယောက် ပေါင်းဆပ် လိုက်တာ ပါဘဲ ။ အဲ့ဒါကြောင့် လင်ကွဲ မယားကွဲ မိသားစုပြိုကွဲ ဆိုတာ မကောင်းပါဘူး ။

မိဘတွေကလဲ သားသမီးတွေ နားလည်အောင် ရှင်းပြပေးသင့်တယ် ။ နှစ်ဖက်မိဘလဲ ပြေလည် သားသမီးတွေလဲ ပြေလည် ဆွေမျိုးတွေနဲ့ လဲ ပြေလည်အောင် နေကျမယ်ဆိုရင် နောက်ဖြစ်တည် လာမယ့်ရင်သွေး ငယ်လေးတွေရဲ့  ဘဝတွေဟာလဲ အရာအားလုံး ပြည့်စုံသွားမှာပါ ။

အဲ့ဒါကြောင့် အဖက်ဖက်က တွေးပြီး ပြည့်စုံ အောင်မြင်တဲ့  မိသားစုဘဝလေး တွေသာယာလှပ နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။

Shadow

No comments

Powered by Blogger.