မိန်းခလေးများ ဝေးဝေးက ရှောင်ရှားသင့်တဲ့ ယောက်ျား (12) မျိုး
1) မိန်းမ တကာ နဲ့ အလွယ်တကူ ခင်မင်မှု ရရှိအောင် နေတတ်တဲ့ ယောက်ျား ။
2) ကိုယ်နဲ့ သာမန် ခင်မင်မှုလေး ကို အကြောင်းပြပြီး မသက်ဆိုင်သော စကားများကို Message or Phone နဲ့ ပြော တတ်သော ယောက်ျား ။
3) မိန်းခလေးများရဲ့ အလှအပ ပြင်ဆင်မှု အပေါ် အမြဲ ဝေဖန်လေ့ ရှိသော ယောက်ျား ။
4) ပါးစပ်ရဲ လက်ရဲ ဖြင့် ဂနာမငြိမ်သော ယောက်ျား ။
5) မိန်းခလေးများအား မထိတထိ စကား ပြော၍ စတတ် နောက်တတ်သော ယောက်ျား ။
6) မိမိကိုယ် မိမိ ရည်သွေး၍ မိမိသည် မည်မျှ အဖြူထည် ဖြစ်ကြောင်း ကြွေးကြော်နေသော ယောက်ျား ။
7) မိမိရုပ်ရည် ချောမောမှုအား အာရုံစိုက်၍ အမြဲတမ်း ဖီး ချယ် သ နေသော ယောက်ျား ။
9) မိမိအား စိတ်ဝင်စားနေသော မိန်းခလေး အမြောက်အမြား ရှိကြောင်း ကြွားဝါတတ်သော ယောက်ျား ။
10) မိမိသည် အရေးကြီးကိစ္စများကို လျို့ဝှက်ထားသယောင် ဟန်ဆောင်၍ မိန်းခလေးများရဲ့ စိတ်ကို ကသိကအောက် ဖြစ်စေသော ယောက်ျား ။
11) မိန်းခလေး များ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အမြဲ ဦးစားပေး အကဲခတ် တတ်သော ယောက်ျား ။
12) မိန်းခလေး များ၏ ချွတ်ယွင်းချက်များကို ဟာသသဖွယ် ပြောတတ် ရယ်တတ်သော ယောက်ျား ။
ယောက်ျားလေးတွေ ကတော့ ကျနော့်ကို ဆဲနေလောက် ပါပြီ ။
ယနေ့ တိုးတက်လာတဲ့ ခေတ်ကြီးမှာ အသိပညာ အတက်ပညာတွေ ဘယ်လောက်ပင် သင်ပေး သင်ပေး ယောက်ျားတွေရဲ့ သကာ လူးထားတဲ့ စကားတွေရဲ့ အောက်မှာ ဘဝပျက်ခဲ့ရတဲ့ မိန်းခလေးတွေ ဘယ်လောက်များ ရှိနေမလဲ ဆိုတဲ့ အတွေးကြောင့် ညီမလေးတွေအတွက် ရေးသားပေးလိုက် ရ ပါတယ်။
Credit
Post a Comment