သိက္ခာရှိရှိနဲ့ ချစ်ပါ... သိက္ခာရှိရှိနဲ့ပဲ လမ်းခွဲပါ
ချစ်သူ ထားတယ် ၊ ရည်းစား ထားတယ် ဆိုတာက တကယ်တော့ ကိုယ့်ရဲ့ သိက္ခာနဲ့ အချစ် ဆိုတာကြီးကို အလဲအလှယ် လုပ်လိုက်ရတာ ပါပဲ ။
တကယ်လို့ အကြောင်း အမျိုးမျိုးကြောင့် သဘောထားခြင်း မတိုက်ဆိုင်လို့ လမ်းခွဲလိုက်ရင်လည်း ယောက်ျားလေးပဲ ဖြစ်ဖြစ် ၊ မိန်းခလေးပဲ ဖြစ်ဖြစ် နှစ်ဖက် စလုံး နစ်နာတာ ပါပဲ ။
ကိုယ့်ရဲ့ ဂုဏ်သိက္ခာ ကို ရင်းနှီးပြီး ချစ်ခဲ့ကြတာချင်း အတူတူ အခန့်မသင့်လို့ လမ်းခွဲခဲ့ကြ ရရင် တယောက်ကိုတယောက် အရှက်ကွဲအောင် ထိုးနှက်နေဖို့ထက် သိက္ခာရှိရှိ နေကြဖို့ လိုပါတယ် ။
ကောင်လေးက .... ငါ သူ့ကို ဘယ်အဆင့်အထိ ကျုးလွန်ခဲ့တာ ၊ မိန်းခလေးက အဆင့် မရှိတဲ့ ယောက်ျားလို့ တယောက်ကို တယောက် ပုတ်ခတ်နေကြမယ့် အစား စည်းစောင့် ခဲ့ရင် နှစ်ဖက် စလုံး ဂုဏ်သိက္ခာ ရှိပါတယ်။
အချစ် နဲ့ ဘဝ တထပ်တည်း ကျဖို့ မလွယ်ကူတော့တဲ့ ခေတ်မှာ ပေါင်းစည်းရသည် ဖြစ်စေ ၊ ခွဲခွာခဲ့ ရသည်ဖြစ်စေ မိန်းခလေးတွေရဲ့ အရှက် ၊ ယောက်ျားတို့ရဲ့ ဂုဏ်သိက္ခာကို အပြန်အလှန် တန်ဖိုးထားမှ သိက္ခာ ရှိတဲ့ အချစ် ဖြစ်မှာပါ။
အဲ့ဒါကြောင့် ချစ်သူ နှစ်ယောက်စလုံးက ချစ်မယ်ဆိုရင် သိက္ခာ ရှိရှိ ချစ်ကြပြီး ၊ လမ်းခွဲခဲ့ရမယ် ဆိုရင်လည်း ဂုဏ်သိက္ခာ ရှိရှိ ကျောခိုင်းကြ ပါနော် ။
Zenith
Post a Comment