အချစ်ကံ ခေလွန်းသူ ကြာသာပတေး
အချစ်ကို သိပ် မခံစားတတ်ဘူး။ ဒါပေမဲ့ ခံစားမိပြီ ဆိုရင်လည်း အများတွေနဲ့ မတူပဲ အရမ်း ခံစားတတ်ကြတယ်။ ဒါကြောင့်လဲ ကြာသာပတေး သားသမီး အများစုဟာ ကိုကိုတွေ/ မမတွေရဲ့ ပုံပြင်တွေမှာ နစ်မြောခဲ့ကြဘူးတယ်။
ဘာပဲ လုပ်လုပ် သူတစ်ပါး လက်အောက်ခံ ဘဝမျိုး သဘောမကျဘူး။ ကိုယ်တိုင်သာ အကောင်းဆုံး ဖြစ်အောင် လုပ်ချင်ကြတယ်။
စိတ်မပါပဲ အသေးအဖွဲ အလုပ်လေးကအစ အပျင်းကြီးတယ်၊ တခါတရံကျ အလုပ်အများကြီးကို တစ်ယောက်တည်း မရပ်မနား လုပ်နေတတ်ပြန်ရော။
တစ်ခါတစ်ရံ ဟန်မဆောင်ပဲ ပေါ်တင်ပြောတက်သလို ၊ ဟန်ဆောင် နေရင်လဲ အကယ်ဒမီ ရနိုင်တဲ့အထိ တော်တက်ကြပါတယ်။
ကြာသာပတေး သားသမီးတိုင်းမှာ မာန တစ်ခုမဟုတ် တစ်ခုစီ ရှိနေတက်ကြပါတယ်။ ဘယ်သူ့ သနားတာမှ မခံချင်ပဲ ကိုယ့်ဒူးကိုချွန် ကိုယ့်အားကိုယ်ကိုး ဦးဆောင် တတ်တဲ့ ခေါင်းဆောင်စိတ် ရှိတာကလဲ လေးစားစရာ ကောင်းလောက်တဲ့ ထူးခြားတဲ့ အချက်ပါပဲ။
ချစ်သူအပေါ် သူငယ်ချင်းအပေါ် အလွန် အချစ်ကြီးပြီး ခွင့်လွှတ် နားလည်ပေးတတ်တယ်။ ဒါပေမဲ့ သူ့အပေါ် ချစ်တယ်ဆိုတာ အမြဲ သံသယထားပြီး စိတ်စမ်းလေ့ ရှိတယ်၊ အချစ်ကို မယုံရဲတဲ့ သူမျိုးတွေပေါ့ (ချစ်မိ/ ခင်မိ သူတိုင်းက ပုံပြင် ပြောခဲ့တာကြောင့်လဲ ပါမှာပေါ့😛)
သူတို့စိတ်ကို နားလည်ဖို့ အချိန် ယူရလိမ့်မယ်၊ တခါတရံ အရမ်း သဘောထားကြီးပြပြီး တခါတလေ ကလေးဆိုးလေး လို့ ဘာမဟုတ်တာလေးနဲ့ စိတ်ကောက်တတ်ကြ တယ်။
များသောအားဖြင့် ကြာသာပတေးသမီး အများစုဟာ တစ်ခါတစ်ရံ ဆိုးတာ/ဂျစ်တိုက်တာကလွဲရင် မိခင်စိတ် ရှိသူတွေပါ။ ချစ်သူ အပေါ်ကို မိခင် တစ်ယောက်လို / အမ တစ်ယောက်လို လမ်းပြဆုံးမ ဩဝါဒတွေ ပို့ချပါလိမ့်မယ် (နားမညီးချင်ရင် နားကျပ်လေးသာ ဆောင်ထား😛😛)
အခုနှစ်ထဲမှာ ကြာသာပတေး သားသမီးတွေ အချစ်ရေးမှာ ကံဆိုးနေတက်ပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ခဏခဏ စကားများ ရန်ဖြစ်တာမျိုး ချစ်သူက ကိုယ့်အပေါ် အရင်လို ဂရုမစိုက်တော့တာမျိုး။ အသစ်ရှာ တွဲတာမျိုးတွေ ဖြစ်တက်ပါတယ်။
ဒိဗ္ဗစက္ခု
ဘာကျိနာလဲ..
ချစ်သူမြင်အောင်မန်းရှင်းခေါ်လိုက်လေ
Post a Comment