ကိုယ်မကြိုက်တဲ့သူ တယောက်အတွက် သင့် FB wall ကို မညစ်ပတ်ပါစေနဲ့
လူတယောက်ကို ဒေါသထွက်တဲ့အခါ facebook ပေါ်မှာ အဲ့လူအကြောင်း Post ရေးတယ်။
အကြောင်းအရာ တစ်ခုကို မနှစ်သက်တဲ့အခါ Angry caption နဲ့ share ကြတယ်...။
Wait.. What...? ခဏနေဦး...
သင်သာ အဲ့လူကို မကြိုက်ဘူး မနှစ်သက်ဘူး ဆိုရင် သူ့ကို ဘာလို့ attention တွေ ပေးနေတာလဲ ကိုယ့်လူ?
ကိုယ် မနှစ်သက်တဲ့ အကြောင်းအရာ.. လူတစ်ယောက် အကြောင်းကို Angry post ရေးပြီး တင်လိုက်တဲ့အခါ.. သင်ကိုယ်သင် အနိုင်ရသွားပြီ ထင်သလား..?
သူများကို မုန်းကြောင်း ရေးတဲ့အခါ.. ဒေါသထွက်ကြောင်း ရေးတဲ့အခါ... ကိုယ်မကျေနပ်တဲ့ သူရဲ့ အပြစ်တွေ Public ချရေးပြီး ချဲတဲ့အခါ.... သင့်ရဲ့ personality .. သင့်ရဲ့ စိတ်ထား.. သင်ဘယ်လိုလူလဲဆိုတာ public ချပြလိုက်တာပဲ။
" အဲ့ဒါဟာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေတာပဲ"
ကိုယ်မကြိုက်တဲ့ လူကို Attention ပေးတယ်။ ကိုယ်မကြိုက်တဲ့သူအတွက် Post တွေ တင်ပေးတယ်။ ကိုယ်မကြိုက်တဲ့ သူအတွက် အချိန်တွေ ပေးတယ်..။
" ရယ်စရာ မကောင်းလွန်းဘူးလား ကိုယ့်လူ? "
ညီမ ကိုယ်တိုင်လဲ စိတ်မထိန်းနိုင်တဲ့ အခါ angry post တွေ ရေးမိတဲ့ အချိန်တွေ ရှိတယ်။ but အများစုကို post မလုပ်ခင် ပြန်ဖြတ်လိုက်တယ်။
ဘာလို့လဲဆိုရင်.. ကိုယ်မုန်းတဲ့ လူတစ်ယောက်အတွက် ကိုယ့် အဆင့်အတန်း အကျမခံချင်ဘူး။
ကိုယ်မုန်းတဲ့ သူတစ်ယောက်တွက် ကိုယ့်ရဲ့ fb wall မညစ်ပတ်ချင်ဘူး။
ကိုယ့်မုန်းတဲ့ သူတစ်ယောက်ကို Attention မပေးချင်ဘူးလေ..။
ဒေါသထွက်မယ့် အစား ပျော်ပျော်နေပါ..။ Hate post တွေ တင်မယ့်အစား မုဒိတာ ပွားစရာလေးတွေ share ပါ။
" Just share LOVE"
"ကိုယ်မကြိုက်တဲ့လူကို
Attention ပေးတယ်။
ကိုယ်မကြိုက်တဲ့သူအတွက်
Post တွေတင်ပေးတယ်။
ကိုယ်မကြိုက်တဲ့သူအတွက်
အချိန်တွေပေးတယ်..။
"ရယ်စရာ မကောင်းလွန်းဘူးလား ကိုယ့်လူ?"
ချစ်တဲ့
ခင်စိုးစံ
Post a Comment