ဆရာမလေးရဲ့ ချစ်သူဖြစ်ရတာ အရမ်း ဂုဏ်ယူတယ်
သူငယ်ချင်း အပေါင်းအသင်း နဲ့ ဆွေမျိုးတွေက မေးလာခဲ့ရင်
ဆရာမလေး ပါ လို့ ပြောရတာ အရမ်း ဂုဏ်ယူတယ်
အဖြူ အစိမ်းလေး ဝတ်ပြီး
ရိုးရိုး ရှင်းရှင်း လှပနေတဲ့
ဆရာမလေးရဲ့ ချစ်သူ ဖြစ်ရတာ ဂုဏ်ယူတယ်
မွန်မြတ်လှတဲ့ စိတ်ဓာတ်နဲ့
နောင်တစ်ချိန် တို့တိုင်းပြည်ရဲ့
ခေါင်းဆောင်ကောင်း လေးတွေ ဖြစ်မယ့် ကလေးတွေကို
ဆုံးမ လမ်းညွှန် ပြနေတဲ့
ဆရာမလေးရဲ့ ချစ်သူ ဖြစ်ရတာ ဂုဏ်ယူတယ်
ဖြူစင် ရိုးရှင်းလှတဲ့ ဘဝမှာ
သူမကို အမြဲတမ်း အားအင် ဝေမျှ ပေးရတဲ့
ဆရာမလေး ချစ်သူ ဖြစ်ရတာ ဂုဏ်ယူတယ်
ပီတိကို စားလို့ အားပြည့် နေပြီး
ချစ်သူ အရေးထက် တပည့်တွေကို
ပို သာ အလေးပေး ဂရုစိုက်တတ်တဲ့
ဆရာမလေး ရဲ့ ချစ်သူ ဖြစ်ရတာ ဂုဏ်ယူတယ်
တစ်ခါတစ်ခါ ကလေးလို ဆိုးနွဲ့ပြီး
တစ်ခါတစ်ခါ လူကြီးလို ဆုံးမ တတ်ကာ
အရမ်းကို ဖြူစင် လှပ လွန်းတဲ့
ဆရာမလေးရဲ့ ချစ်သူ ဖြစ်ရတာ ဂုဏ်ယူပါတယ်
ဘယ်လို အကြောင်းတရားတွေကြောင့်ပဲ ဖြစ်ဖြစ်ပါ
သူမရဲ့ ဘေးမှာ ပါရမီ ဖြည့်စည်းခွင့် ရလို့
ကျနော်ချစ်တဲ့ ဆရာမလေး ဆီက ချစ်အဖြေရတာ
ကျေနပ် ဂုဏ်ယူ မိပါတယ် ....
နွယ်ချို
Post a Comment