ကောင်လေးတွေမသိနိုင်တဲ့ ကောင်မလေးတွေရဲ့ အကြောင်း
1) Toilet သွားမယ် ဆိုရင် ဘာလို့ အတူတူ သွားကြတာလဲ
မိန်းခလေးတွေဟာ toilet ကို အတူတူ သွားကြတဲ့ အခါ လောလော လတ်လတ် ဖြစ်နေတဲ့ အရာတွေကို အတင်းပြောခြင်း၊ ဓါတ်ပုံ ရိုက်ခြင်း နဲ့ မိတ်ကပ်ပြင်တာ၊ ဆံပင်ပြင်တာတွေ လုပ်တတ်ကြတဲ့ အတွက် toilet ကို အတူတူ သွားတတ်ကြ ပါတယ် ။
2) အလှတွေ ပြင်ဆင်ချိန်မှာ ဘာကြောင့် ကြာတတ်ကြတာလဲ
မိန်းခလေး တယောက်ဟာ မျက်ခုံးမွှေး ဆွဲတာလေးတောင်မှ မိတ်ကပ်နဲ့ လိုက်ဖက် ညီအောင် သေချာ အချိန်ယူရ ပါတယ်။ ဆံပင်ပုံစံ ၊ အဝတ်အစားနဲ့ အခြား accessories တွေပါ ပေါင်းစပ် လိုက်တဲ့ အခါမှာတော့ မိန်းခလေး တယောက်ရဲ့ အလှအပ ပြင်ဆင်ချိန်ဟာ တော်တော့်ကို ကြာပါတယ်။
3) အဝတ်အစားတွေ ဗီရိုနဲ့ အပြည့် ရှိပေမယ့်လည်း ဝတ်စရာကို မရှိဘူး
မိန်းခလေးတွေရဲ့ မသိစိတ်ထဲက ဖြစ်နေတတ်တဲ့ အရာတခုက ဝတ်စုံ တခု ကို တနေရာမှာ ဝတ်ပြီး အခြား တနေရာမှာ ထပ်ဝတ်ရင် ဘေးလူတွေ မှတ်မိမှာ စိုးတဲ့ စိတ်လေးပါ ။ အထူးသဖြင့် ကောင်လေးတွေနဲ့ အတူသွားတော့မယ် ဆိုရင် တတ်နိုင် သမျှ အဝတ်ကို ထပ်အောင် မဝတ်ချင် ပါဘူး။ တစုံကို ဝတ်ပြီးရင်လည်း တော်တော်ကြာမှ ပြန်ဝတ်တတ် ပါတယ် ။ ဒါတွေကိုလည်း ဂရုစိုက်ရသေး၊ လှအောင်လည်း ဝတ်ရသေး ဆိုတော့ မိန်းခလေး တယောက်အတွက် ဝတ်စရာ ဝတ်စုံ ရှားလာတာ အထူးအဆန်းတော့ မဟုတ်ပါဘူး ။
4) Selfie ဆွဲရင် ဘာလို့ အမူအယာတွေ ပိုပြီး ရိုက်သလဲ
မိန်းခလေးတွေက ဘယ်လောက်ပဲ လှအောင် ပြင်ထား၊ပြင်ထား သူတို့ရဲ့ နဂိုရုပ်ကို ဓါတ်ပုံပေါ်မှာ အနီးကပ်ကြီး ပေါ်နေတာကို မကြိုက်ပါဘူး။ ဒါ့ကြောင့် selfie ရိုက်တဲ့ အခါ ရုပ်ဆိုးနေအောင် တမင် လုပ်တာပဲဖြစ်ဖြစ်၊ ချစ်စရာ ကောင်းအောင် တမင် လုပ်တာဖြစ်ဖြစ်၊ အပို အမူအယာတွေကို လုပ်ပြီးမှ ရိုက်လေ့ ရှိပါတယ်။
5) ဒေါက်ဖိနပ် အမြင့်ကြီးတွေ ဘာလို့ စီးကြတာလဲ
ဒေါက်ဖိနပ် အမြင့်ကြီးတွေ စီးရတာ လမ်းလျှောက်ရ အဆင်မပြေဖူးတို့၊ ခြေထောက် နာတယ်တို့ ။ စသဖြင့် မိန်းခလေးတွေ တော်တော် များများ ငြီးတွားတတ်ကြ ပါတယ် ။ ယောက်ျားတွေ သိထားတဲ့ မိန်းခလေးတွေ ဒေါက်ဖိနပ် အမြင့်ကြီး တွေ စီးရတဲ့ အကြောင်းအရင်း ကတော့ အရပ်ပုလို့၊ အရပ်လေး မြင့်အောင်ပေါ့။ ဒါပေမယ့် ဒီ့ထက် ပိုတဲ့ အကြောင်းအရင်း ရှိပါသေးတယ်။ ဒါကတော့ ဒေါက်ဖိနပ် စီးထားတဲ့ အခါ မိန်းခလေး တွေက သူတို့ ခန္ဓာကိုယ် ကျော့ရှင်းပြီး ပုံမှန်ထက် ပိုပီး ဆွဲဆောင်မှု ရှိတယ်လို့ ခံစားရပါတယ် တဲ့ ။
6) ဘာလို့ အရုပ်တွေကို အိပ်ယာပေါ်မှာ ထားတတ်ကြတာလဲ
မိန်းခလေးတွေရဲ့ ပင်ကိုယ်စိတ်လေး က လှတယ် ၊ ချစ်စရာကောင်းတယ် လို့ အထင် ခံချင်ပါတယ် ။ ဒီတော့ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေကို ကိုယ့် အနီးအနားမှာ ထားတဲ့ အခါ သူတို့ပါ ချစ်စရာ ကောင်းတယ်လို့ သူတို့စိတ်ထဲ ခံစားရ ပါတယ်။ ဒါကြောင့် ချစ်စရာ အရုပ်လေးတွေကို အိပ်ယာပေါ်မှာ ထားပြီး ချစ်စရာ အသုံးအဆောင်လေးတွေ ကိုသာ သုံးစွဲ တတ်တာပါ ။
7) Romantic အရမ်း ဖြစ်တဲ့ ရုပ်ရှင် ဇတ်ကားလေးတွေကို ကြိုက်တယ်
မိန်းခလေး အားလုံး နီးပါးဟာ Romantic ရုပ်ရှင်ကားလေးတွေ၊ ပေါ့ပေါ့ ပါးပါး fancy ကားလေးတွေ ကြည့်ရတာ နှစ်သက်ကြ ပါတယ်။ ဒီရုပ်ရှင်လေးတွေ ကြည့်နေတဲ့ အချိန်မှာလည်း ကြည်နှုးတဲ့ စိတ် ရှိတတ်ပြီး ဒီကြည်နူးတဲ့စိတ်ကို သူတို့ သဘောကျ ပါတယ် ။ တကယ်တော့ ဒါဟာ မသိစိတ်က စိတ်ကူးယဉ်နေတာမျိုး ဖြစ်ပါတယ် ။ မိန်းခလေးတွေဟာ သိစိတ်ကရော၊ မသိစိတ် ကပါ စိတ်ကူးယဉ် ရတာကို သဘောကျ ပါတယ်။
8) စမ်းသပ်တတ်ကြတယ်
မိန်းခလေးတွေဟာ သူတို့ရဲ့ ချစ်သူတွေနဲ့ ပတ်သက်ပြီး တခုမဟုတ်၊ တခုကို စမ်းသပ်လို ကြပါတယ်။ သူတို့ကို တကယ်ရော ချစ်ရဲ့လား၊ စိတ်ရှည်ရဲ့လား၊ သည်းခံနိုင်ရဲ့လား၊ တခြားကို စိတ်တွေ လွင့်နေလား၊ စသဖြင့် တနည်းနည်းနဲ့ စမ်းသပ်တတ်ကြ ပါတယ် ။ ကောင်လေး ဘက်က ဟုတ်သော် ရှိ၊ မဟုတ်သော်ရှိ ကြိုးစားပြလိုက် လို့ စမ်းသပ်မှု အောင်မြင် ခဲ့ရင်လည်း မိန်းခလေးတွေမှာ အကျေနပ်ကြီး ကျေနပ်တတ် ပါတယ်။ ဒါပေမယ့် ကောင်လေး တော်တော် များများကတော့ ဖွင့်မပြောရင်သာ ရှိမယ် ။ အဲ့လို စမ်းသပ်တာတွေကို မနှစ်သက် ကြပါဘူး။
9) ရပါတယ် လို့ ဘယ်လို အချိန်တွေမှာ ပြောတတ်ကြသလဲ
မိန်းခလေးတွေရဲ့ သူတို့ရဲ့ စိတ်က " ရပါတယ် " လို့ ပြောချင်ရင် အမူအယာလေးနဲ့ ပြောပါတယ်။ သူတို့ အမူအယာက တကယ် ကို အဆင်ပြေ နေမှန်း သိသာ ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ မျက်နှာသေလေးကို နှုတ်ခမ်းလေး ကွေးရုံလောက်လေး ပြုံးပြီး " ရပါတယ် " လို့ ပြောရင် ကောင်လေးတွေ အတွက်တော့ ကံဆိုးပါပြီ ။
10) စားသောက်ရတာကို ဘာလို့ ကြိုက်ကြတာလဲ
မိန်းခလေး အများစုက စားရတာကို နှစ်သက် ပါတယ်။ စားတဲ့ နေရာမှာလည်း တခုတည်းကို အများကြီးစားရတာထက် စာရင် အမျိုးအစား အများကြီးနဲ့ ဟိုစပ်စပ် ဒီစပ်စပ် စားချင်တာပါ။ မိန်းခလေးတွေ အလိုလိုက်တာ အစာအိမ် မဟုတ်ပါဘူး ။ လျှာကို အလို လိုက်တာပါ ။
11) ရန်ဖြစ်ရင် ဘယ်လိုဖြစ်သလဲ
ကောင်လေးတွေ ရန်ဖြစ်ရင် လက်သီးနဲ့ ထိုးတတ် ကြပါတယ် ။ ဒါပေမယ့် မိန်းခလေးတွေ ရန်ဖြစ်ရင် လက်သီး မသုံးပါဘူး။ မျက်နှာ ကို ကုတ်တတ် ဖဲ့တတ် ပါတယ်၊ ဆံပင်တွေ ဆွဲတတ် ပါတယ် ။ ဆောင့် တွန်းတတ် ပါတယ်။ ဘာလို့လဲ ဆိုတော့ မိန်းခလေး တော်တော် များများဟာ နာမှာ ကြောက်ကြပါတယ်။ ဒါ့ကြောင့် သူ့ကို လက်သီးနဲ့ ထိုးရင် ကိုယ့်ကို ပြန်ထိုး ခံရမှာကို မသိစိတ်ကိုက စိုးရိမ်နေတတ်ကြ တာပါ။
12) ပွေ့ဖက်ထား ရတာကို ကြိုက်ကြတယ်
မိန်းခလေးတွေဟာ ယောက်ျားလေးတွေကို ဖက်ထားတဲ့ အခါမှာ နွေးထွေး သွားလေ့ ရှိပါတယ်။ တစုံတခုက အကာအကွယ် ရှိနေသလိုမျိုး လုံခြုံမှု စေတဲ့ ခံစားမှုတွေ ကိုလည်း ရတတ် ပါတယ် ။
Shwe Nyar Mg
Post a Comment