သူဌေးကြီးကို ဆုံးမလိုက်တဲ့ တံငါသည်
တခါတုန်းကပေါ့ ။
တံငါရွာလေး တရွာရဲ့ သဲသောင်ပြင် မှာ တံငါသည် တယောက်ဟာ သောင်ပြင်ပေါ်မှာ ခြေပစ် လက်ပစ် နဲ့ ဇိမ်ကျကျလေး အနားယူ နေတယ် ။ ဆေးလိပ်လေး ဖွာလိုက် ကောင်းကင်ကြီးကို မော့ကြည့်ရင်း သီချင်းလေး ဆိုလိုက် နဲ့ပေါ့ ။
အဲ့ဒီ အချိန်မှာ အပန်းဖြေ ခရီး ထွက်လာတဲ့ သူဋ္ဌေးကြီး တယောက် ဟာ သောင်ပြင် တလျှောက် လျှောက်လာနေတယ် ။ သူဋ္ဌေးကြီးက လျှောက်လာနေရင်း တံငါသည်ကို တွေ့တဲ့ အခါ အနားကို လျှောက်လာပြီး စကား စ လိုက်တယ် ။
" aမာင်ရင် ဒီမှာ ဘာလုပ် နေတာတုန်းကွ "
ထိုအခါ တံငါသည်က သူ ဇိမ်ကျနေတာကို နှောက်ယှက်ရန်ကော ဆိုတဲ့ မျက်နှာပေး မျိုးနဲ့ သူဋ္ဌေးကြီးကို ကြည့်ရင်း ဖြေတယ် ။
" ခင်များ မြင်တဲ့ အတိုင်းပဲလေ သူဋ္ဌေးမင်းရယ် သောင်ပြင်မှာ ဇိမ်ကျနေတာလေ "
" ဟ မောင်ရင်က ဒီအချိန်ကြီး အနားယူနေပြီလားကွ ... အလုပ် ဆက်မလုပ်တော့ ဘူးလားဟ "
" ဟောဗျာ ကျူပ် မနက်က လုပ်ပြီးပြီလေဗျာ ... နေ့ဖို့ ညစာ ရပြီးပြီ လေ တော်ပြီပေါ့
" မဟုတ်သေးဘူးလေ မောင်ရင်ရ ... ဒီ အချိန်မှာ နားမနေဘဲ အလုပ် ဆက်လုပ်နေမယ် ဆိုရင် မောင်ရင် ငါးတွေ အများကြီး ရမှာပေါ့ကွယ် "
" ဟောဗျာ ငါးတွေ အများကြီး ရတော့ ဘာလုပ်ရမှာလဲ ... အခုလဲ စားလောက် နေတာပဲ "
" ဟ .... ငါးတွေ အများကြီး ရတော့ ဈေးမှာ သွားရောင်းပီး ပိုက်ဆံတွေ အများကြီး ရတာပေါ့ကွ "
" ကဲ ဗျာ ခင်များပြောတဲ့ ပိုက်ဆံတွေ အများကြီး ရလာတော့ ဘာလုပ်ရမှာလဲ "
" ဟ ပိုက်ဆံတွေ အများကြီး ရလာတော့ ငါ့လို စက်လှေဝယ်ပြီး လူငှားနဲ့ ဖမ်းခိုင်းပေါ့ကွ
ပြီးရင် ရတဲ့ ပိုက်ဆံနဲ့ စက်လှေတွေ ထပ် ထပ် ပီး ဝယ်
လူတွေ ထပ်ထပ် ငှား ပိုက်ဆံတွေ ရပြီးရင်း ရ ပိုက်ဆံတွေ ဝင်လာ မစဲ တ သဲသဲ ပေါ့ကွာ "
" ဟုတ်ပါပြီဗျာ ပိုက်ဆံတွေ အဲလို ဝင်လာမစဲ တ သဲသဲ တော့ ဘာဖြစ်တုန်း "
ဒီ တခါတော့ သူဋ္ဌေးကြီးက စိတ်မရှည်တော့တဲ့ လေသံနဲ့
" ဟ ကိုယ် ကိုယ်တိုင် အလုပ် မလုပ်တော့ဘဲ ပိုက်ဆံကို ပြန် အလုပ် လုပ်ခိုင်းနိုင် မှတော့
မင်း ငါ့လို ဇိမ် နဲ့ နေနိုင်ပြီ
အလုပ် မလုပ်ပဲ နေနိုင်ပြီပေါ့ကွ ငတုံး ရ
မင်းကလည်းကွာ ဝေး ပ "
တံငါသည်က သူဋ္ဌေးကြီးကို " ခင်များ အ ရန် ကော " ဆိုတဲ့ မျက်နှာပေးမျိုး နဲ့ စောင်း ငဲ့ ကြည့်တယ်
ပြီး တော့ ဒီလို ပြောပါလေရော
" ဟ ကျုပ်က မဝေးဘူးဗျ .... ခင်ဗျားကြီးကမှ ဝေး တာ
အခုရော ကျုပ်က ဘာလုပ်နေတယ် ထင်တုန်း
သောင်ပြင်မှာ အလုပ် မလုပ်ဘဲ ဇိမ်ကျကျနဲ့ နှပ်နေတာလေ
ခင်ဗျားကမှ ခင်ဗျားရဲ့ စက်လှေတွေ ရန်သူမျိုး ငါးပါး ဖျက်ဆီးမလား
အလုပ်သမားတွေများ မဟုတ်တာ လုပ်မလား ဆိုတာတွေကို စိတ်ပူရင် ပူရမယ်
ကျုပ်က အေးဆေးပဲဗျ ဘာ အပူ အပင်တွေမှ မရှိဘူး
အခု ခင်ဗျား နားနေနိုင်တာ ထက်တောင် ကျုပ်က နားနေနိုင်သေးတယ်
ခင်ဗျား မြင်တဲ့ အတိုင်းပဲ မဟုတ်လား "
တံငါသည်ရဲ့ စကား အဆုံး မှာတော့
သူဋ္ဌေးကြီး တယောက် တံငါသည် ကို ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အ သွားလေရဲ့
လောကနီတိသုတစာပေ
Post a Comment