Header Ads

မိန်းခလေးတွေ ပြောနေကြတဲ့ ယောက်ျား မပီသမှုများ


1) ကိုယ့်ချစ်သူကို လေးစားမှု မရှိတဲ့ ယောက်ျားတယောက်ဟာ ယောက်ျား မပီသ ပါဘူး ။ ယောက်ျား ပီသတဲ့သူဟာ သူ့ရဲ့ ချစ်သူကို အလေးထား ဆက်ဆံ ပါတယ် ။ ဘယ်တော့မှ အနိုင်မကျင့်ဘူး ။ မထိန်းချုပ် ပါဘူး ။

2) ယောက်ျား တယောက်က မျက်နှာပြောင်ရင် ယောက်ျား မပီသတော့ပါဘူး ။ 

3) တခြားသူ တယောက်ကို ဆုံးဖြတ်ချက် ချခိုင်းတတ်တဲ့ သူ ၊ ပါတ်ဝန်းကျင်က လူတွေရဲ့ လွှမ်းမိုးမှု ခံရတဲ့ ယောက်ျားတွေဟာ ဆွဲဆောင်မှု မရှိပါဘူး။

4) လိင်ခွဲခြား ဆက်ဆံတဲ့ သူ ၊ ထစ်ခနဲ ရှိ သူရဲဘောကြောင် သူ ၊ နေရာတကာ ဖင်ပိတ် ငြင်းသူတွေဟာ ယောက်ျား မပီသ ပါဘူး ။

5) အပျင်းကျော ထူသူ၊ ဖြတ်လတ် တက်ကြွမှု မရှိသူ ၊ ရည်မှန်းချက် ဦးတည်ချက် မရှိသူ ယောက်ျားတွေဟာ ယောက်ျား မပီသ ပါဘူး ။

6) ကိုယ့်ကိုယ်တိုင်က ဘာကို လိုချင်မှန်း မသိတဲ့ ယောက်ျားတွေဟာ ဆွဲဆောင်မှု မရှိပါဘူး ။ သူငယ်ချင်းနဲ့ မိသားစု အပေါ် ရိုင်းစိုင်း တဲ့ ယောက်ျားတွေ ၊ ချစ်ခင် လေးစားမှု မရှိတဲ့ ယောက်ျားတွေဟာ ယောက်ျား မပီသပါဘူး။

7) ကိုယ့် သူငယ်ချင်းတွေ ၊ ကိုယ် ချစ်တဲ့ သူတွေ အတွက် ရှေ့ကနေ ရပ်မပေးနိုင်သူတွေဟာ ယောက်ျား မပီသပါဘူး ။ 

8) ကိုယ့်ကိုယ်ကို ပိုက်ဆံ ရှိချင်ယောင်ဆောင် ၊ ဂုဏ်ရှိချင်ယောင်ဆောင် ပီး ကြွားဝါတတ်သူတွေဟာ ယောက်ျား မပီသပါဘူး ။

9) ရှေးထုံး တမ်း အစဉ်အ လာကို ဖောက်ဖျက်ရမှာ ကြောက်သူတွေ၊ ဖောက်ဖျက်သူတွေ ကိုလည်း အပြစ်ပြောသူတွေဟာ ယောက်ျား မပီသ ပါဘူး ။

(10) ထစ်ခနဲရှိ ညည်းညူ သူတွေဟာ ယောက်ျား မပီသပါဘူး ။

11) ကိုယ်အမူအရာ က ကြမ်းတမ်းရင် ၊ နှုတ်ကလည်း ကြမ်းရင် ၊ မိန်းမချော ချောလွန်းရင် ယောက်ျား မပီသပါဘူး ။

12) အပြစ် တခုလုပ်ပီးရင် ဖုံးကွယ် လိမ်ညာ တတ်သူတွေဟာ ယောက်ျား မပီသ ပါဘူး ။

(13) လေးစားမှု၊ ယဉ်ကျေးမှု ၊ တာဝန်ခံမှု၊ ကိုယ့်ဘာသာ ယုံကြည်မှု မရှိသူတွေ ၊ အလှအပကို ဂရုစိုက်လွန်းသူတွေဟာ ယောက်ျား မပီသ ပါဘူး ။

14) ရုပ်ရည်ကို အလေးထား လွန်းတာ ၊ ပျင်းတာ၊ ဆုံးဖြတ်ချက် မချနိုင်တာတွေဟာ ယောက်ျား မပီသပါဘူး ။

15) သစ္စာ မရှိတဲ့ သူတွေ၊ လိမ်ညာ တတ်သူ တွေဟာ ယောက်ျား မပီသပါဘူး ။ 

16) ပိန်းသူ ၊ ဖျင်းသူ ၊ ပျင်းသူတွေဟာ ယောက်ျား မပီသပါဘူး ။ 

17) ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသူ၊ တိုးတက်အောင် မလုပ်ချင်သူတွေဟာ ယောက်ျား မပီသပါဘူး ။

18) လုံခြုံမှု မရှိသူ၊ ပျင်းရိသူ၊ နှုတ်ကြမ်းသူတွေဟာ ယောက်ျား မပီသပါဘူး ။

19) တခြားသူတွေမှာ ၊ မိန်းမတွေ အပေါ်မှာ ခိုစား တတ်သူ ၊ ပိုးကောင်တွေ ကြောက်တတ်သူတွေဟာ ယောက်ျား မပီသပါဘူး ။

20) ကိုယ့် မိသားစုကို မလုံခြုံစေသူ ၊ ကိုယ့် ပါတ်ဝန်းကျင်က လူတွေကို ထိခိုက်စေသူ aတွဟာ ယောက်ျား မပီသပါဘူး ။

Gentleman Mz

No comments

Powered by Blogger.