ရည်းစားကို အပြိုင်မထားပါနဲ့..
ရည်းစားများများ ထားတာကို လုံးဝ အားမပေးပါဘူး... ဒါပေမယ့် အပျော် ထားချင်တယ်. ထားမှာပဲကွာ ဆိုရင်လည်း တစ်ခုတော့ ပြောပါရစေ..
အပြိုင် လုံးဝ မထားပါနဲ့.. အပြိုင် လုံးဝ မလိုက်ပါနဲ့.. တစ်ယောက်နဲ့ လုံးဝပြတ်ပြီ ဆိုမှ နောက်လူကို တွဲပါ.. အားပေးနေတာ မဟုတ်ပါဘူး..
အပြိုင်ထားမှန်း အပြိုင် ချစ်ရေးဆို ခံရမှန်းကို သိသွားတဲ့အခါ တကယ် ချစ်မိသွားတဲ့ တစ်ဖက်လူက အရမ်းကို နာကျင်ခံစားရပါတယ်.. သစ္စာဖောက်သလို ခံစားရတာက ပိုဆိုးပါတယ်..
ကိုယ် ချစ်နေတဲ့လူကို အပြစ်မမြင်ပဲ အကောင်းတွေပဲ မြင်တတ် ဖြစ်စေချင်တတ်ကြတာ ထုံးစံပါ.. ဒါ့ကြောင့် ကိုယ်ထင်ထားတဲ့ အရာတွေ ပျက်သွားတဲ့နေ့က အရာရာ ပြိုပျက် နာကျင်သွားရတဲ့ နေ့ပါပဲ..
မချစ်တဲ့လူ အလေးနက် မထားတဲ့ လူကတော့ နားလည်ချင်မှ နားလည်နိုင်လိမ့်မယ်... ကိုယ့်ကြောင့် သူဘယ်လောက်ထိ ခံစားသွားရမလဲ ဆိုတာကို..
လူတစ်ယောက်ကို ကိုယ်မချစ်နိုင်ဘူး လို့ ထင်ရင် အစထဲက ဇာတ်လမ်း မစခဲ့ပါနဲ့ .. မသေချာခြင်းတွေနဲ့ ကိုယ့်အနားကို သူ့ကို ခေါ်ထားပြီးကာမှကိုယ်သူ့ကို ဘယ်လိုမှ မချစ်နိုင်တာ သေချာပြီ ဆိုရင်လည်း သူ့အတွက် အကောင်းဆုံး စဉ်းစားပြီး ဖြစ်သင့်တဲ့ လမ်းကိုသာ ရွေးပါ..
တစ်ခု ထပ်သတိပေးပါရစေ ... သူ ကိုယ့်ကို ချစ်လို့ နားလည် ခွင့်လွှတ်ပေးနေလည်း ... " မမေ့ပါနဲ့ ... ဝဋ်ဆိုတာ တစ်ချိန်တော့ အသေအချာကို ပြန်လည်တတ်ပါတယ်" ။
Ivory_Bunny
Post a Comment