မယား (3) မျိုး
ပွဲတက်မယား
ဟုတ်တယ် ။ လူတွေရဲ့ အရှေ့မှာ တရားဝင် ယူထားတဲ့ မိန်းမတယောက် ဆိုတာ ပွဲတက် မယားလို့ ခေါ်ကြတယ် ။
ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အတိအလင်း ယူထားတဲ့ မိန်းမ တယောက်ရဲ့ တန်ဖိုးဟာ ဘယ်နေရာ ရောက်ရောက် ခေါင်းမော့ ရင်ကော့ နိုင်တယ် ။ ဒါက ငါ့ယောက်ျား ပါလား ဆိုပီး ရဲရဲ ဝံ့ဝံ့ Official မှာ ချပြခွင့် ရှိတယ် ။
အဲဒီ ဘဝကြီးမှာ အချစ် ဆိုတာ လိုအပ်ခြင်း မလိုအပ်ခြင်း ဆိုတာထက် ပွဲတက်မယား ဆိုတဲ့ သူတို့လို မိန်းမ အတွက် မျက်နှာငယ်ခြင်း မရှိတာ သေချာတယ် ။
မယားငယ်
ဒီမိန်းမက ကျတော့ ပတ်ဝန်းကျင်မှာ အတိ အလင်း လက်ထပ် ယူထားတာခြင်း အတူတူ ရလာတဲ့ ဂုဏ်ပုဒ် က မျက်နှာငယ် စရာ အတိပေါ့ ။ Official ချပြခွင့် ရှိလည်း အပစ်တင်မှုတွေ နဲ့သာ စီးကြိုနေ လိမ့်မယ် ။
သူ သွားလေရာ မေးငေါ့ လက်ညိုးထိုး ခံရခြင်း ၊ အဲဒီ ဘဝကြီးမှာ အချစ်ကို လက်တွေ့ မယားငယ် ဘဝကို ခံယူ ရင်ခွင်နန်းတော်ကို တည်ဆောက်ကြပြီး လူတကာကို ခေါင်းငုံနေ ရတဲ့ မိန်းမနေရာ ဆိုတာ သေချာတယ် ။
ပျော်တော်ဆက် ကချေသည်
ဒီတခါ မိန်းမက တရားဝင် မယားကြီးလည်း မဟုတ်ဘူး ။ မယားငယ်လည်း မဟုတ်ဘူး.. ပျော်တော်ဆက် ကချေသည် ။ စကားလုံး လှလှ သုံးပီး ပြောမယ် ဆိုရင် ရှင်ဘုရင်ရဲ့ ကိုယ်လုပ်တော် ။
ဒါကျတော့ မကောင်းတဲ့ မိန်းမလည်း မဟုတ် သလို ကောင်းတဲ့ မိန်းမ အဖြစ်လည်း မရှိနေဘူး ။ လူတကာနဲ့ မနေဘူး ။ ဒီလူ တယောက်အတွက် ကိုပဲ သူဘဝကို နစ်မွှန်း ခံ စတေး ထားတယ် ။ အရှင်းဆုံး ပြောရရင် ဒီလူ တယောက်အတွက် သူ့ကိုယ်သူ ဇရပ်အဖြစ် တည်ဆောက်ထား ၊ ခံယူထား တဲ့ ဘဝပေါ့ ။
ကိုယ့် ပတ်ဝန်းကျင် က လည်း မသိဘူး ။ တရားဝင်လည်း မဟုတ်ဘူး ။ လက်ညိုးထိုး နှိမ့်ချ ခံစရာ မလိုသလို ခေါင်းမော့ ထားစရာ အကြောင်းလည်း မရှိဘူး ။
အဲလို မိန်းမသား တယောက်ရဲ့ အချစ်နဲ့ဘဝ ဟာ မယားကြီး ထက်လည်း မြတ်တယ် ။ မယားငယ် ထက်လည်း တန်ဖိုး ရှိတယ် ။ မယားကြီးထက်လည်း ပိုစိတ်နာစရာ ကောင်းတယ် ။ မယားငယ် ထက်လည်း ပိုသနားစရာ ကောင်းတယ် ။
ဒီလိုမျိုး မိန်းမ တယောက်ရဲ့ နှလုံးသားမှာ ရှိတဲ့ အချစ်က တရားဝင် ချပြလို့ မရတာ တခုထဲရှိတယ် ။ တရားဝင် ချပြလို့ ရတဲ့ မိန်းမတွေထက် ပို စတေး ပေးဆပ်ရဲကြတယ်။
မိန်းမတော့ မိန်းမပဲ ။ ဒါပေမဲ့ မိန်းမခြင်း အတူတူ ဒီယောက်ျား တယောက်ထဲကို ချစ်မိတာခြင်း အတူတူ ဆိုရင် တောင် သူတို့တွေရဲ့ ရလာဒ်က မတူညီကြဘူး။ အပေါ်ယံ အမြင်တွေမှာတော့ ဝေဖန် ပိုင်ခြားခြင်းတွေ ရှိကောင်း ရှိလိမ့်မယ် ။
ပျော်တော်ဆက်ရဲ့ အချစ်က အပေါစား မိန်းမပါလို့ ထင်နေကြ လိမ့်မယ် ။ ဒါပေမဲ့ အဲ့ဒီ အပေါစား မိန်းမရဲ့ အချစ်က တန်ဖိုး အရှိဆုံးပဲ ဆိုတာ တချို့တွေ အတွက် ရှင်းပြလို့ မရဘူး။
ဖြူ
Post a Comment