ရေတွင်းထဲမှ မြည်းလေး
တခါက လယ်သမားကြီး တယောက်ရဲ့ မြည်းဟာ ရေတွင်းပျက်ထဲကို ပြုတ်ကျ ပါရော ။ မြည်းက သနားစဖွယ် ငိုကြွေးနေပြီး၊ လယ်သမားကြီး ကလည်း ဘယ်လို ကယ်ရမလဲ ဆိုတာကို အကြံထုတ် နေပါတယ် ။
လယ်သမားကြီးက တွေးတယ် ။ မြည်းက အိုနေပြီ ။ ရေတွင်းကလည်း ဟောင်းနေလို့ မြေဖို့ ပြစ်ဖို့ လိုနေပြီ ၊ ဒါကြောင့် မြည်းကို ကယ်တင် ဖို့ မထိုက်တန်တော့ဘူး လို့ လယ်သမားကြီးက ဆုံးဖြတ်လိုက် ပါတယ် ။
လယ်သမားကြီးဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပီး အကူအညီ တောင်းခဲ့ပါတယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြား ကိုယ်စီ ကိုင်ပြီး ရောက်လာကြတယ် ။ သူတို့ဟာ ရေတွင်းထဲကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင် ဖို့ ကြတယ် ။
အဲဒီအခါမှာ မြည်းဟာ သူ့ကို ရေတွင်း ထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ် ဆိုတာကို သိတော့ တုန်လှုပ် ငိုကြွေးတော့တယ် ။ နောက်တော့ မြည်းဟာ ငြိမ်သက် သွားတယ် ။ မြေကြီးတွေ အတော် ဖို့ပြီးတော့ လယ်သမားကြီးဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တယ် ။
လယ်သမားကြီးဟာ သူ မြင်လိုက် ရတဲ့ အရာကို အံအားသင့် သွားတယ် ။ မြည်းဟာ သူ့ရဲ့ ကျောပေါ်ကို ကျလာတဲ့ အမှိုက်တွေနဲ့ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားတွေနဲ့ အတူ အပေါ်ကို တဖြည်းဖြည်း ရောက်လာပါတယ် ။
နောက်ဆုံးမှာတော့ မြည်းဟာ သူ့ကို ဖို့တဲ့ မြေကြီးတွေကို အသုံး ချရင်း ရေတွင်းထဲက လွတ်မြောက်လာပါ တော့တယ် ။
လူ့ဘဝကြီးမှာ ဘယ်လို အညစ်အကြေးတွေ ၊ မကောင်းမှုတွေ ၊ အခက်အခဲ တွေ သင့်အပေါ် ကျရောက် ပါစေ ။ အဲဒါတွေကို ခါချပြီး ဘဝ တက်လမ်း အတွက် အသုံးချပြစ် လိုက်ပါ ။
တကယ်တော့ ဒုက္ခ ဆိုတာ ဘဝ အောင်မြင်ဖို့ အတွက် ခုတုံးတွေ လှေခါးထစ်တွေ ပဲ ဖြစ်ပါတယ် ။ ဘယ်လို နက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲ ကျရောက်နေ ပါစေ အရှုံးမပေး ပါနဲ့ ၊ ဒုက္ခတွေကို ခါထုတ် ပြစ်လိုက်ပြီး လှေခါးထစ်တွေလို အသုံးချလိုက်ပါ ။
Credit
Post a Comment