Header Ads

အနာဂတ် သမက်လောင်းသို့ ပေးစာ


မင်္ဂလာဆောင် ပွဲတစ်ခုမှာ သတိုးသမီး ဖခင်က သားမက်ကို ပြောတယ်......

သူမကို ပထမဆုံး ပွေ့ဖက်သူက ငါပါ မင်းမဟုတ်ဘူး.....

သူမကို ပထမဆုံး နမ်းရှုံ့ခဲ့သူကလဲ ငါပါ မင်းမဟုတ်ဘူး.....

သူမကို ပထမဆုံး ချစ်ခင်ခဲ့တာလဲ ငါပါ မင်းမဟုတ်ဘူး.....

ဒါပေမဲ့ သူမကို တစ်ဘဝလုံး လက်တွဲပေးရမယ့် သူကတော့ ငါမဟုတ်ဘူးကွာ.....

အကယ်၍ တနေ့မှာ မင်းသာ သူမကို မချစ်တော့ခဲ့ရင် သူမကို အပြစ်မဆိုပါနဲ့.....

မရိုက်နှက် မဆူဆဲပါနဲ့..... မချစ်နိုင်တော့ကြောင်း သူမကိုလည်း မပြောပါနဲ့.....

ငါ့ကိုပဲ လာပြောပါကွာ..... ငါသူမကို အိမ်ပြန်ခေါ်သွား ပေးပါမယ်.....

အကယ်၍သာ သင်ဟာ ယောက်ျား တယောက် ဆိုရင် မိမိရဲ့ ဇနီးမယားကို ကောင်းမွန်စွာ ဆက်ဆံပါ..... တန်ဖိုးထားပါ.....

ဘာလို့လဲ ဆိုတော့ သင်ယူထားတဲ့ မိန်းကလေးဟာ တခြား မိဘတွေရဲ့ တန်ဖိုးထားရတဲ့ သမီးလေးတွေမို့ပါ.....

သမီး မိန်းကလေးဆိုတာ ဖခင်တိုင်းရဲ့ အသဲနှလုံးလေးတွေပါ 😞😔😢😊❤

မီးလေး

No comments

Powered by Blogger.